9/24/09

စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။


အမျိုးအစား - စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.256 to B-1960


ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကိုအသေအချာမသိရပါ။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။
သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။

သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ် ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။ ဘယ်သူ့ဝတ်စုံရယ်လို့တော့ အသေအချာမပြောနိုင်သေးပါ။

1 comment:

  1. အခုလို တကူးတက အချိန်ပေးပြီး ပြန်လည် ဝေမျှတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ သိပြီးတဲ့သူတွေလည်း ပြန်ဖတ်ဖြစ်သလို မသိသေးတဲ့သူတွေလည်း အသိတွေ တိုးပြီး အကျိုးရှိစေပါတယ်။ အဲဒီအတွက် ရလဒ်က... အနည်းဆုံးတော့ မ အ ကြတော့ဘူးပေါ့။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။