
ကိုယ်ကြိုက်တဲ့ ထွေရာလေးပါး စာရွက် အပိုင်းစ၊ သတင်းစာ အပိုင်းစတွေကို သိမ်းထားတာကြာပါပြီ။ အိမ်ပြောင်းတိုင်း သယ်သွားရလို့ တချို့ပျောက်ကုန်တယ်။ အဖိုးတန် စာအုပ်တွေ ၊ စာရွက်တွေ ဘယ်ကျန်ခဲ့မှန်း မသိတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ နောက်တော့ စကင် ဖတ်ပြီး ဘလော့မှာ သိမ်းထားရင်ကောင်းမယ်လို့ စိတ်ကူးရလို့ စိတ်ကြိုက် စာအုပ် ခေါင်းစဉ်အောက်မှာ ခဏ သိမ်းထားပါတယ်။
၂၆.၅.၇၆ ခုနှစ်က ကုန်ရောင်းပြေစာ ဆိုပေမယ့် အဲဒိ ၇၆ ခုနစ်ဝန်းကျင်ကလူတွေ ဘယ်လိုစာမျိုးဖတ်လေ့ရှိတယ်၊ စာအုပ်ဈေးနှုန်း နှင့် ရောင်းဝယ်မှုပုံစံ ဆိုတာမျိုးသိခွင့်ရတယ်။
ဝယ်သူ အမည် - ဦးလှကြိုင်လိပ်စာ - ၃ ၊ ကင်းဘဲလမ်းနေ့စွဲ - ၂၆. ၅. ၇၆စာအုပ်တွေက၁။ Life of Buddha ၃၇ ကျပ် ၅၀ ပြား၂။A western approach to Zen ၂၉ ကျပ် ၂၅ ပြား၃။Religion & Society ၂၆ ကျပ် ၂၅ ပြား၎။Vedanta for western world ၁၁ ကျပ် ၂၅ ပြား၅။Buddhist Meditation ၂၂ ကျပ် ၅၀ ပြား ကုန်ရောင်းပြေစာကို ကြည့်ပြီး စာအုပ်ဝယ်သူ ( စာဖတ်သူ )ဝယ်သွားတာ အင်္ဂလိပ် လိုရေးထားတဲ့ စာအုပ်တွေဖြစ်တယ်။ ဘာသာရေးစာအုပ်တွေဖြစ်တယ်။ ကုန်သွယ်ရေး ၊ ပြည်သူ့ဆိုင်ကဖြစ်တယ်။ ပြေစာမှာ မှတ်ချက်တောင်ပါသေးတယ် " ဝယ်ယူပြီးပစ္စည်းကို လဲလှယ်ခွင့်မပြု " တဲ့။