မန်းလေး တက္ကသိုလ် အနုပညာပြတိုက်မှာ စာတမ်းရေးထိုးပြီးထားတဲ့ သံအမြောက်တစ်ခုရှိတယ်တဲ့
သံအမြောက်ပေါ်မှာရေးထားတဲ့ စာက
၁။ သကရာဇ် ၁၁၄၅ခု နယုန်လ ( မေ၊ ၁၇၈၃)
အမရပူရရွှေပြည်ကြီး
၂။ ချောပြီပွတ်တင် သံစင်ချိန်ဝန် ၁၂၈
သပြာကျပ်ပေါင် ၁၂၈၀၀(၀၀)
၃။ ပြကတေ အရည်ကကျို၍ မင်အဆက်ဆက် တရံတစ်ဆစ် မဖြစ်
၎။ ပူမြဲသမ အမြောက်ကြီး သွန်းလုပ်ထားသည်ကား
သကရာဇ် ၁၁၆၃ ခု
၅။ ပြာသိုလရတုပေါ မဆရာစန္ဒရုဟသ
၂၉ အံသာနံနက် ၄ချက်တိ
၆။ ကျော် ၆နာရီ (၁၊၁၊၁၈၀၂) တွင် ၂၀၆ဖို ကျိုချက်စေ၍
တပဟိုကျော် ၃ နာရီ ၃
၇။ ပတ်တွင် ပန်ပဲသမား ၁၆ယောက် သွန်ရစေ၏
တနာရီနှင့် ၂ ပတ်
၈။ သော်ဆင်ဖြူမျာ သိခင်လ္နက်စကြာသိခင် ဘဝရှင်မင်တြာ၏
ရွှေဖုန်
၉။ တော်ကြောင့် နတ်မျာသောင်သာ စောင်မလှာ၍
အနာအဆာအပေါက်
၁၀။ အပြဲမဟိ ရည်တော်မူတိုင်း ဩခြင်သို့ ရောက်စေရသတည်
' ဒေါက်တာသန်းထွန်း ၊နယ်လှည့်ရာဇဝင် ပ-ဒု-တ ပေါင်း၊ စာမျက်နှာ ၇၅-၇၆ ' ပါ မူရင်းစာအတိုင်း ကူးယူဖော်ပြပါတယ်။
အမြောက်ပေါ်က မူရင်းအရေးသား နဲ့ မြန်မာမင်းအဆက်ဆက်မှာ ပထဆုံးအမြောက်လို့ကြွားထားတဲ့အတွက် ပုံနဲ့ စာကိုမြင်ဖူးချင်ပါတယ်။ အဆင်ပြေတဲ့လူများ ဓာတ်ပုံရိုက်ပြီး ဝေမျှပေးကြပါ။ မူရင်းအရေးသားကို တွေ့ပြီးတဲ့အခါမှသာ စာတစ်ပိုဒ်အဖြစ်ရေးလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
Showing posts with label ၁၉ ရာစု အစောပိုင်း. Show all posts
Showing posts with label ၁၉ ရာစု အစောပိုင်း. Show all posts
10/6/09
ကုန်းဘောင်ခေတ်အမျိုးသမီးဝတ်စုံ

၁၈၆၀-၆၅ ဝန်းကျင်နှစ်များဆီက မြန်မာအမျိုးကောင်းသမီး တွေဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံပါ။ ခုမြင်နေရတဲ့ အမျိုးသမီးဝတ်စုံကို ၁၉၆၇ခုနှစ်၊ ပြည်မြို့ ကရခဲ့တယ်လို့ဆိုပါတယ်။ ခုတော့ ဗစ်တိုးရီယားနှင့် အယ်လဘာတ် ပြတိုက်မှာ ပြထားပါတယ်။ ကုန်းဘောင်ခေတ်အမျိုးသမီးဝတ်စားဆင်ယဉ်မှုလို့ ဆိုသော်လည်း ၁၉၅၁ ဝန်းကျင် မန္တလေး အရပ်သူတွေကတော့ အခန်းနားပွဲတွေမှာ ဝတ်ဆင်လေ့ရှိနေပါသေးတယ်။
ဇာတ်ပွဲတွေ ကပြတဲ့အခါမှာ ဘယ်ခေတ်ကဇာတ်တော်ကို ပုံဖော်တာဘဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်အဝတ်စားနှင့်သာ တွေ့နေရပါသေးတယ်။


10/3/09
၁၈၆၀ ခုနှစ်များဆီက အမျိုးသားဝတ်စုံ


၁၈၆၀ ခုနှစ်ဝန်းကျင်လောက်က အမျိုးကောင်းသားတွေဝတ်တဲ့ ဝတ်စုံပါ။ လွန်းတစ်ရာကြိုးကြီးချိတ် တောင်ရှည်ပုဆိုး၊ ချည်ထည်ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ ၁၈၆၀ ခုနှစ်လို အချိန်ခါမျိုးမှာတော့ ခေတ်ရှေ့ပြေးဝတ်စားဆင်ယဉ်မှုပါဘဲ။ အတည်ပြုလို့မရနိုင်တဲ့ ပါးစပ်ရာဇဝင်တွေအရ အပေါ်အောက်တခါတည်းဆက်ထားတဲ့ အဝတ်ပေါ်ခဲ့ဖူးတယ်လို့ဆိုတယ်။ သို့သော်လည်းဘဲ ဘယ်လိုပုံစံရယ်လို့တော့ ပြည်တွင်း၊ ပြည်ပ စာအုပ်တွေမှာ ဖော်ပြတာ မတွေ့ဖူးသေးပါ။
အဆင်သွေး၊ ဒီဇိုင်း ၊ လက်ရာ တွေကို အသေးစိတ်ရေးစရာမလိုတော့ပါ။ ပုံပေါ်မှာ ကလစ်နှိပ်ကြည့်ရင် အသေးစိတ်မြင်ရပါလိမ့်မယ်။
အဆင်သွေး၊ ဒီဇိုင်း ၊ လက်ရာ တွေကို အသေးစိတ်ရေးစရာမလိုတော့ပါ။ ပုံပေါ်မှာ ကလစ်နှိပ်ကြည့်ရင် အသေးစိတ်မြင်ရပါလိမ့်မယ်။
9/13/09
မိဖုရားဝတ်ရုံ


အမျိုးအစား - မိဖုရားဝတ်ရုံ
အချိန်ကာလ - ၁၈၆၀ ဝန်းကျင်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.45 to C, E, F-1912
ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား ၊ ကိုယ်လုပ်တော်ဆိုတာတွေလည်းရှိပါသေးတယ်။
တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။
ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာ တစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ ဝတ်ရုံ၊ ရာထူး နဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်)
ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်းရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။
မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူးထင်ပါတယ်။
ဒါပေသိ ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် "နန်းတွင်းပစ္စည်း" လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။
2/13/09
မာန်စစ်သည် မြွေခေါင်းထွက်

အမျိုးအစား : စဥ့်ထည် ကျောတ်ပြား ( မာန်စစ်သည် မြွေခေါင်းထွက် )
အချိန်ကာလ : ၁၉ ရာစု အစောပိုင်း
ပြုလုပ်ပုံနည်းပညာ : ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
တွေ့ရှိရာနေရာ : အင်းဝမြို့ဟောင်း၊
အရွယ်အစား : အမြင့် ( ပတ်လည် ) ၂၂ ဒသမ ၅ စင်တီမီတာ
လက်ရှိတည်နေရာ : ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် : IM.134-1925
မြတ်စွာဘုရားရှင် တရားအားထုတ်စဉ် သဗ္ဗေညုတညဏ်(အရာအားလုံးကိုထိုးထွင်းသိမြင်တော်မူသောညဏ်) မရအောင် မာန်နတ်မင်းနဲ့သူ့စစ်သည်တော်တွေက ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက် ရာမှာပါတဲ့ မာန်စစ်သည် နှစ်ဦးပုံပါ။ စစ်သည်နှစ်ဦး၏ ဦးခေါင်းထက်တွင် မြွေဆိုးကိုလည်ကောင်း၊ လက်တွင်ဓားကိုင်စွဲထားသည်ကိုလည်ကောင်းတွေ့ရပါမယ်။ အောက်ကစာ " မာန်စစ်သည်မြွေခေါင်းထွတ်" ကိုတော့ရှင်းပြရန်မလိုတော့ပါ။
၁၉ရာစုအစောပိုင်းကာလ ဘိုးတော်ဘုရား လက်ထက် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်စဉ် ဒီအလှဆင်ကျောတ်ပြား(စဥ့်ပြား)တွေကိုအသုံးပြီပြုခဲ့တာပါ။ ၁၈၁၉ မှာ ဘိုးတော်ဘုရားနတ်ရွာလားတော့ ပူထိုးတော်ကြီးလဲ မပြီးဘဲကျန်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောစရာတွေအများကြီးရှိပါတယ်။ ဒီစဥ့်ကိုစပြောမယ် ပြတိုက်က ဘာကြောင့်များ အောက်ခြေက ဂဏန်း၄၄၉ ကို မရှင်းလဲမသိပါ။ ပုံကိုသေချာကြည့်ရင်မြင်နေရပါတယ်။ ပြစ်နိုင်ခြေရှိတာက ဒီစဥ့်ကွင်းရဲ့ အမှတ်စဉ်ဖြစ်မယ်လို့ထင်ပါတယ်။ နောက်ပြီး ဘေးဘောင် အနားသတ်မှာ ပန်းပွင့်လိုလိုထင်ရပေမဲ့ အလှဆင်တဲ့ပန်းပွင်ရိုးရိုးမဟုတ်ပါဘူး။ ဓမ္မလှည်းဘီးလို့လူသိများတဲ့ The Wheel Of Dharma ပါ။ မာန်နတ်မင်းနဲ့အပေါင်းပါတွေကို တရားဓမ္မဖြင့်အောင်မြင်ခြင်းကိုဖော်ဆောင်ပါတယ်။ ဝတ်စားဆင်ယဉ်မှုမှာအောက်ပိုင်း
ကုန်းဘောင်ခေတ်အဝတ်စား နဲ့ အပေါ်ပိုင်းအဝတ်မပါ။ မျက်နှာတွင်အမွှေးရှည်ရှည် မှုတ်ဆိတ်တွေ.ရပါမယ်။
ထူးထူးခြားခြားလို. ထင်မိပါတယ်၊ ၁၉ရာစုဦးလက်ရာတွေမှာ ဒီလိုအမွှေးရှည်ရှည်အတွေ.ရနည်း လွန်းလို.ပါ။
ဒီလိုအလှဆင်စဥ့်ကွင်းတွေကို ၁၁ရာစုခေတ်လယ် ပုဂံ ငကျွဲနတောင်းဘုရားမှာစတွေ.ရ ပါတယ်။
ပုဂံခေတ် စဥ့်ဖိုဟောင်းကိုမြင်းကပါရွာမှာတွေ.ရတယ်။ ရခိုင်ဘက်မှာတော့၁၄၃၀တည်တဲ့ မြောက်ဦးမြို့ မှာတွေ.နေရပါပြီ။ အခုဒီ ၁၉ရာစုဘိုးတော် လက်ထက်စဥ့်ကွင်းကိုတော့ ၁၇ရာစုလယ်ကစပြီးအတွေ.ရများတဲ့ စစ်ကိုင်း ဝင်းကျင်ကစဥ့်ဖိုတွေကဘဲဖြစ်မယ်။ စဥ့်ဖိုဟောင်းတော့ မတူးလို့ မတွေ.ရသေးပါ။
နောက်ဆုံးပြောချင်တာက ပုထိုးတော်ကြီးပါ။ ဘိုးတော်ဘုရားနောက် ဘယ်မြန်မာဘုရင်မှ ပြီးအောင်ဆက်မတည်ပါ။
" ဘုရားလဲပြီးပြည် ကြီးလဲပျက်" ဆိုတဲ့ တဘောင် ကြောက်လို့ဘဲဖြစ်မှာပါ။ ဒါလည်း ကောင်းပါတယ်။ ရှေးလက်ရာမပျက်လေ့လာလို့ရတာပေါ့။
Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း

သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me

- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)