Showing posts with label ပြတိုက် လမ်းညွှန်. Show all posts
Showing posts with label ပြတိုက် လမ်းညွှန်. Show all posts

4/18/11

မြန်မာပြည်ရှိ ပြတိုက်များစာရင်း

အမည်မဖော်လိုသူတစ်ဦးပေးသွားတဲ့ မှတ်ချက်အပေါ်မူတည်ပြီး မြန်မာပြည်မှာရှိတဲ့ ပြတိုက်စာရင်းကို ကြိုးစားလုပ်ကြည့်ပါတယ်။

အက္ခရာစဉ်အလိုက်
၁။ ကျိုင်းတုံ ယဉ်ကျေးမှုပြတိုက
်၂။ ကျောက်တော် မဟာမုနိပြတိုက်
၃။ စလေရုပ်စုံကျောင်း ပြတိုက်
၎။ စစ်တွေ ဗုဒ္ဓပြတိုက
်၅။ စစ်တွေ ယဉ်ကျေးမှုပြတိုက်
၆။ စစ်ကိုင်း ဗုဒ္ဓပြတိုက်
၇။ ညောင်ရွှေ ဗုဒ္ဓပြတိုက်
၈။ တကောင်း ရှေးဟောင်း သုတေသနပြတိုက
်၉။ တောင်ကြီး ယဉ်ကျေးမှု ပြတိုက်
၁၀။ ပခန်း ရှေးဟောင်း သုတေသနပြတိုက်
၁၁။ ပုဂံရှေးဟောင်း သုတေသနပြတိုက်
၁၂။ ပုသိမ် ယဉ်ကျေးမှုပြတိုက်
၁၃။ ပဲခူး ရွှေမော်ဓောဘုရားပြတိုက်
၁၄။ ပဲခူး ရှေးဟောင် သုတေသနပြတိုက် ( အမြဲတမ်း တံခါးပိတ်ထားပါသည် )
၁၅။ ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်၁၆။ ဘုတလင် ဗုဒ္ဓပြတိုက်
၁၇။ မန္တလေး ယဉ်ကျေးမှုပြတိုက်
၁၈။ မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်
၁၉။ မြစ်ကြီးနား ယဉ်ကျေးမှုပြတိုက်
၂၀။ မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်
၂၁။ မော်လမြိုင် မွန်ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်
၂၂။ ရွှေဘိုရှေးဟောင်း သုတေသန ပြတိုက်
၂၃။ လွိုင်ကော် ယဉ်ကျေးမှုပြတိုက်
၂၄။ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်
၂၅။ ဟံသာဝတီ ရှေးဟောင်း သုတေသနပြတိုက်
၂၆။ ဟားခါး ယဉ်ကျေးမှုပြတိုက်
၂၇။ အမျိုးသားပြတိုက် (ရန်ကုန်)
၂၈။ အမျိုးသားပြတိုက် (နေပြည်တော်)
၂၉။ အင်းဝရှေးဟောင်း သုတေသနပြတိုက်



အထက်ပါ ပြတိုက်တွေဟာ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနလက်အောက်မှာရှိတယ်လို့သိရပါတယ်။ ၂၀၁၁ ဧပြီ ၁ ရက်မှစ၍ စနေ၊ တနင်္ဂနွေရက်များကို ပြတိုက်ဖွင့်ရက်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ ပြန်တမ်းဝင် ရုံးပိတ်ရက်များကို တနင်္လာနေ့နှင့် အင်္ဂါနေ့ တိုင်းတွင် ပိတ်ရက်အဖြစ် သတ်မှတ်တော့မည်ဖြစ်ကြောင်း သိရပါတယ်ခင်ဗျာ။



ရှေးမြို့တော်ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းမှာ ပြတိုက်ရှိ/မရှိ ကျနော်မသိပါ။ သိတဲ့လူများ ကူညီဖြည့်စွတ် နိုင်ပါတယ်။ တချို့ Private Collector ဟာလည်းဘဲ ပြတိုက်တမျှစုဆောင်းပြသတတ်ပါတယ်။ အချို့ ဘုန်းတော်ကြီးကျောင်းတွေဟာလည်းဘဲ ဗုဒ္ဓဘာသာဆိုင်ရာရှေးပစ္စည်းတွေကို ပြတိုက်တမျှ အရေတွက်များများစုဆောင်းပြသထားတတ်ပါသေးတယ်။