Showing posts with label ဘင်္ဂလားဒေစ်. Show all posts
Showing posts with label ဘင်္ဂလားဒေစ်. Show all posts
6/4/09
ဓမ္မပါလ နှင့် သီရိ အနိရုဒ္ဓ ဒေဝ
ဆွန်မပူရ မဟာဝိဟာရ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးကို ၁၉၈၅ ခုနှစ်မှာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေနှစ် အဖြစ် ယူနစ်စကို အဖွဲ့စည်းက စာရင်းသွင်း
အသိမှတ်ပြုခဲ့ပါတယ်။
ဘင်္ဂလားဒေစ် နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေနှစ် ၂ ထဲက ၁ ခုဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာရော ၊ မူလ ဘင်္ဂလားဒေစ် နိုင်ငံအတွက်ပါ အရေးပါ အရာရောက်ဆုံး သာသနိက အဆောက်ဦးလို့ ပညာရှင်အများစုက သတ်မှတ်ထားပါတယ်။
အိန္ဒိယ နိုင်ငံ ကမ္ဘာ့ပထမဆုံး ဗုဒ္ဓဘာသာ တက္ကသိုလ် " နာလန္ဒာ" ကမှတ်တမ်းတွေ အရ ဆွန်မပူရ မဟာဝိဟာရ ပုထိုးတော်ကြီး ဟာ အရွယ်အစား၊ ပုံစံ မတူဘဲ ကွဲပြားခြားနား တဲ့ အခန်းငယ်ပေါင်း ၁၇၇ ခန်း ပါတဲ့ ပင်မထုထည်ကို စေတီငယ် ( အရေအတွက်မသေခြာ )တွေနှင့် ရံထားပါတယ်။
ပုထိုးတော်ကြီး တစ်ခုလုံးရဲ့ ပတ်ပတ်လယ် နန်ရံတွေမှာ ဂျိန်း ( ဂျိန )၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဆိုင်ရာ အလှဆင် ရုပ်ကြွတွေနှင့် အလှဆင်ထားပါတယ်။
( အခုတော့ မရှိတော့ပါ၊ ရှိတဲ့ရွှံ့စေး ရုပ်ကြွတွေကလည်း အစားထိုး ထားတဲ့ လက်ရာ ခပ်ညံ့ညံ့အရုပ်တွေပါ )
ပုထိုးတော်ကြီးရဲ့ နန်ရံလေးဘက် လေးတန်ကို တိုင်းတာမယ်ဆိုရင် ၉၂၂ ပေတိတိ ရှိတယ်လို့ဆိုပါတယ်။ ထုထည်ကြီးမားတယ်။ ဟိမဝန်တာ တောင်တန်း မြောက်ပိုင်းတ ဝိုက်မှာ ဒုတိယ အကြီးဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။ အရွယ်စား အားဖြင့် ပတ်လည် "ပေ" အကျယ် ၈၅၀၀၀ ( ၂၀ ဧက ) လောက်ကျယ်တဲ့ ကျောင်းတော်ရာ ဖြစ်တယ်။
ဆွန်မပူရ မဟာဝိဟာရ ကျောင်းတော်ရာတောင်ကုန်းမှာ တူးဖော်တွေ့ရှိထားတဲ့ ကျောက်စာအရ " ဓမ္မပါလ"( ၇၈၁ - ၈၂၁ ) ပြီးနောက် ၂၉ နှစ်အကြာမှာ နန်းတက်တဲ့ " မဟိန္ဒြာ ပါလ" (Mahendrapala)( ၈၅၀-၈၅၄ ) လက်ထက်မှာ ကျောင်းတော်ကြီးကို မွန်းမံပြင်ဆင်ခဲ့တယ်။
တိဘက်ပြီဘုန်းတော်ကြီး " တာရာနသ"(Taranatha) ရဲ့မှတ်တမ်း " ပဂ် စမ် ဂြွန် ဇန်း"( Pag Sam Jon Zang)အရ ၉၉၅ ခုနှစ်မှာ နန်းတက်တဲ့ " မဟိပါလ" (Mahipala)(၉၉၅-၁၀၄၃) မင်းဆက်မှာ နောက်တစ်ကြိမ် ထပ်ပြီးမွန်းမံပြင်ဆင်ပါသေးတယ်။
( ဒီမှတ်တမ်းကို ထောက်ခံဖို့၊ ငြင်းဆန်ဖို့ ခေတ်ပြိုင် အထောက်အထား မရှိသေးပါ)
ဒီလို ကြီးကျယ်လှတဲ့ ဓမ္မပါလမင်း (အေဒီ ၇၈၁-၈၂၁ ) ကောင်းမှူ့ ပုထိုးတော်ကြီးဟာ ပါလမင်းဆက်တွေ ဩဇာဏာ ကျဆင်းလာမှုနှင့်အတူ ၁၁ ရာစုအစောပိုင်းမှာဘဲ အတူ အရှိန်ဝါ မှေးမှိန်လာပါတယ်။
၁၁ ရာစု မှာဘဲ မူစလင် ဘုရင် " ဝင်္ဂလ " နှင့် သူ့ရဲ့စစ်တပ် တွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ပင်မ ပုထိုးတော်ကြီး အပါဝင် ဆွန်မပူရ မဟာဝိဟာရ ဗုဒ္ဓဘာသာ ကျောင်းတော် တဝိုက်မှာ ရှိတဲ့ ဘာသာရေးဆိုင်ရာ နေရာ၊ အဆောက်ဦး တွေအားလုံးကို မြေပေါ် ပြားပြားဝတ် ကျသွားအောင် မီးလောင်တိုက် သွင်းခဲ့ပါတယ်။
မီးမရှို့ခင် ကျောင်းတော်ထဲမှာ ရှိတဲ့ ရဟန်းသံဃာတော်တွေကို မောင်းထုတ်ရာမှာ ကျောင်းအုပ်သံဃာတော်ကြီး " ဂရုဏသီရိမေတ္တ " က ငြင်းဆန်ပြီး မီးလောင်တိုက်ထဲမှာဘဲ အသက်အသေခံသွားတယ်လို့ " နာလန္ဒာ" ကမှတ်တမ်းကဆိုတယ်။
" ဝင်္ဂလ" မင်းဟာ ဗုဒ္ဓဘာသာ ကို အင်မတန် နှိပ်ကွက်ပါတယ်။
နောက်ပိုင်းဆက်ခံတဲ့ မူစလင် မင်းတွေအားလုံး ကလည်း ကျောင်းတော်ကြီးကို မပြုပြင်စေဘဲ တောင်ဘို့ကြီးဖြစ်နေတဲ့အထိ ပစ်ပယ်ထားခဲ့ပါတယ်။
၁၉၂၀ ခုနှစ်မှာ ရှေးဟောင်းသုတေသန ဆိုင်ရာတူးဖော်မှု စတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမြင်နေရတဲ့ ရုပ်လုံးပေါ်အဆင့်ထိ ရောက်လာခဲ့တာက ၁၉၉၀ ခုနှစ်ရောက်မှပါ။
ရှေးဟောင်းသုတေသန ဆိုင်ရာတူးဖော်မှု မှာတွေ့ရှိတဲ့ ပစ္စည်းတွေဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။
===========================================================
ဒေါက်တာ သန်ထွန်းရေး ၁၉၉၇ ဩဂုတ်၊ စစ်တင်ဘာ၊ အောက်တိုဘာ အမှတ် ၁၅၀၊ ၁၅၁၊ ၁၅၂ ကလျာမဂ္ဂဇင်းပါ
ထိလိုင်မင်( ၁၀၈၄-၁၁၁၃ ) စာတမ်းမှာ ပုဂံခေတ်ဦး အဆောက်ဦး ပုံစံတွေဟာ အရှေ့ဘင်္ဂလားပုံစံကိုယူတယ်လို့ဖော်ပြဖူးပါတယ်။ ပုဂံခေတ်ဦး စေတီပုံစံတွေထဲမှာ မြေမှာဝပ်နေတဲ့ တည်ငြိမ်ဟန် ပုထိုးတော်တွေရှိပါတယ်။ ပုထိုးသမျ၊ ဓမ္မရံကြီး ၊ အပယ်ရတနာ ပုံစံတွေဟာ ဆွန်မပူရ မဟာဝိဟာရ နှင့်အတော်လေးဆင်ပါတယ်။ ဘင်္ဂလား နှင့် ဆက်စပ်ပြီး ဒေါက်တာ သန်ထွန်းရေး စာတမ်းတွေ သိပ်မရှိပါ။
ကမ္ဘာ တစ်ဝှမ်း နာမည်ကြီး ပြတိုက်တွေမှာ ပုဂံ ခေတ်လက်ရာ နှင့် ပါလ လက်ရာတွေ ဟာခွဲမရအောင်တူလို့ ( Pagan or Pala ) လို့ရေးလေ့ရှိပါတယ်။
ဓမ္မပါလမင်းကြီးရဲ့ ဘွဲ့အမည် အစ " သီရိ " နှင့် အဆုံး " ဒေဝ" လိုခပ်ဆင်ဆင် " သီရိ အနိရုဒ္ဓ ဒေဝ " လို့ တွေ့ရပါသေးတယ်။
ဘင်္ဂလား နှင့် ဆက်စပ်ပြီး ဒေါက်တာ သန်ထွန်းရေး စာတမ်းတွေ သိပ်မရှိပါ။
ရှေ့ဆက်ပြီး သုတေသနလုပ်ဖို့ သိပ်ကောင်းပါတယ်။
5/30/09
ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊
.jpg)




ဆွန်မပူရ မဟာဝိဟာယ ကျောင်းတော်ကြီးမှာရှိတဲ့ မြေသား ရုပ်ကြွ ပုံတွေပါ။ ပုံတွေအားလုံး ကိုအမှန်တိုင်း တည့်တည့်ပြောရရင် အစစ်မဟုတ်ပါ။
ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ် ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/
UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org
ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊




ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ် ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/
UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org
ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊





ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ်ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/
UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org
Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း

သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me

- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)