ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။
Showing posts with label ရှေးပစ္စည်း ကြည့်မယ်. Show all posts
Showing posts with label ရှေးပစ္စည်း ကြည့်မယ်. Show all posts
5/20/11
အိုးဖုံး ပေါ်ရေးထားတဲ့ တရုတ်စာ
ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။
4/19/11
မန္တလေး နန်းတွင်းကျောက်စာရုံ
မန္တလေးရောက်တဲ့အခါ လူတိုင်းနီးပါးက စာထဲမှာသာဖတ်ဖူးတဲ့ ရှေးက နန်းတော်ကြီးကို တအံ့တဩကြည့်ကြသည်ပေါ့။ မင်းတုန်းမင်းကို သတိရရင်ရမယ်၊ သီပေါမင်းကို သတိရချင်ရမယ်။ ဘာဘဲဖြစ်ဖြစ် တွေးလို့ ငေးလို့ကောင်းတဲ့ အတိတ်ကို အောင့်မေ့ကြသည်ပေါ့။ မန္တလေး နန်းတော်ကြီးနှင့် မန္တလေးအကြောင်းရေးထားတဲ့ စာတွေ၊ကဗျာတွေကလည်း များမှများ။ ရှေးကမြို့တွေမှာ မြို့တည် ၊ နန်းတည် ကဗျာ ၊ ရတုတွေရှိပေမယ့် မန္တလေးဟာ စာအတင်ခံရဆုံး ၊ အရေးအများဆုံးပါ။
ဒေါက်တာသန်းထွန်းက မန္တလေး ရက်စွဲသမိုင်း ကိုပြုစုတဲ့အခါ ' မဟုတ်က ဟုတ်ကတွေရေးရင် သတ်ပစ်မယ် ' ဆိုပြီး ခြိမ်းခြောက်စာပို့သတဲ့။ အဲလောက် သဲသဲလှုပ်မန္တလေးကိုချစ်ကြတာ။ မန်းလေးကိုဒီလောက်အသားပေးလွန်းတော့ ကပ်ရက် မင်းနေပြည်တော်တွေဖြစ်တဲ့ အမရပူရ ၊ အင်းဝ ၊ စစ်ကိုင်း စတဲ့နေရာတွေက သမိုင်းဝင်အဆောက်ဦးတွေ တဖြည်းဖြည်းမှေးမှိန်လာတယ်လို့ဆိုချင်ပါတယ်။
မန္တလေးရောက်တဲ့အခါ နန်းတော်ထဲသွားလည်ပြီး တောင်ကြည့် မြောက်ကြည့်လုပ်လေ့ရှိပေမယ့် ၊ နန်းတော်ရှေ့ လမ်းမကြီးဘေးတင်ကပ်ရက်မှာရှိတဲ့ ကျောက်စာရုံထဲကိုတော့ စိတ်ဝင်တစားသွားကြည့်တဲ့လူ ရှိချင်မှရှိမယ်။ မရှိဘူးလို့ပြောတာမဟုတ်ပါ။ ဘိုးတော်ဗဒုံမင်း လက်ထက် အနယ်နယ်အရပ်ရပ်က ယူလာတဲ့ မူရင်းကျောက်စာတွေရယ်၊ ဆင့်ထိုးကျောက်စာတွေရယ်၊ စပ်ထိုးကျောက်စာတွေရယ် စုစည်းထားတဲ့ နေရာလေးပါ။ ကျောက်စာရုံနှစ်ရုံရှိတယ်။ ကျောက်စာရုံထဲအမြဲလာတာ ဘယ်သူကမွေးထားမှန်းမသိဘဲ လွှတ်ကြောင်းထားတဲ့ နွားရယ် ၊ အဲနားက ကလေးတချို့ရယ်။ နွားကတော့ ကျောက်စာရုံဝင်းထဲ မြက်ပင်တွေဝင်စားတယ် ၊ စာလို့ဝရင် လျှောက်လမ်းပေါ် အစာစွန့်တယ်။ ကလေးတွေကတော့ အပျင်းပြေဝင်ဆော့ကြတယ်။
3/14/11
သုတေသန စပ်စောင်တစ်ထည်

မြန်မာ မင်းခန်းတော်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ပညာရှင်အများစုက ဝိုင်းဝန်းပြုစုကြလို့ သိပ်ကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှိနေပြီးဖြစ်တယ်။ မြန်မာထီးဆောင်းမင်းတွေရဲ့ အဆောင်ယောင်ဖြစ်တယ်ဆိုပေမယ့် မင်းခန်းတော်ပစ္စည်းတချို့ဟာ နိုင်ငံခြားဖြစ်၊ သို့မဟုတ် နိုင်ငံရပ်ခြားက ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေပါနေတာကိုပါသတိထားမိပါတယ်။ မူရင်းပုရပိုဒ်ပါ ပုံတွေကြောင့်လည်း ပစ္စည်းအမျိုးမည်နှင့်တကွ ပုံကိုပါ နှောင်းလူတို့ မှတ်သားရတယ်။
မင်းတွေရဲ့ အဆောင်ယောင်နဲ့ပတ်သက်ပြီး မဟာ မင်္ဂလာမင်းခန်းတော် ဆိုပြီး ပုရပိုဒ်တွေရှိခဲ့တဲ့အတွက် အဲဒီမင်းတွေ ဆုံးပါးတဲ့အခါ ပြင်ဆင်ရတဲ့ အမင်္ဂလာ အသုဘ အခန်းနားတော် ဆိုပြီး ပုရပိုဒ်တွေရှိမှာဘဲဆိုပြီး မှတ်ချက်ချမိတယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် အမတ်၊ စော်ဘွား ၊ မင်းသားတွေ ကိုအသုဘချတဲ့အခါ ဘယ်လိုပြင်ဆင်ပါဆိုပြီး ဘုရင်ကအမိန့်တော်ထုတ်တဲ့အတွက် သူတို့တွေရဲ့ အသုဘအပြင်ဆင်ကိုသိရလို့ပါ။ ဘုရင်တွေ မိဘုရားတွေအတွက် အသုဘအပြင်ဆင်ရာမှာ လက်စွဲအဖြစ် မသာတော်အခန်းနား ပုရပိုဒ်ဆိုပြီး မတွေ့ဖူး သေးပါ။
ခုလိုမင်းတွေရဲ့ အဆောင်ယောင် မင်းခန်းနားတွေကို ဂရုတစိုက်ပြုစုကြသလို မှူးကြီး မတ်ရာ သေနာပတိ၊ အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီးရွာစားတွေရဲ့ အဆောင်ယောင်တွေကိုပါ မှတ်တမ်းပြုစုဖို့လိုအပ်ပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်း ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ကိုဖော်ထုတ်ရာမှာ ထီးဆောင်းမင်းတစ်ဦးတည်းရဲ့ အကြောင်းရာကိုဖော်ပြရုံနဲ့မလုံလောက်ပါ။ ပြည်တွင်း ပညာရှင်တွေအနေနှင့် အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီး ၊ ရွာစားတွေရဲ့ အဆောင်ယောင် တွေကိုပါစနစ်တကျဖော်ထုတ်ပြီး စာတမ်းပြုစုတာ မရှိသလောက် ရှားပါတယ်။ တိုင်းရင်းသားဆိုင်ရာ ယဉ်ကျေးမှုအချက်လက်တွေ ရှာတဲ့အခါ တဆင့်စကား၊ ပါးစပ်ရာဇဝင်တွေကသာ များနေတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီအကြောင်းရာနဲ့ပတ်သက်ပြီး စာတမ်းပြုစုဖို့ရာ အချက်လက်တွေစုနေပါတယ်။
၁၇ ရာစုအစောပိုင်း ဘုရင့်အမိန့်တော်တွေ နှင့် ကုန်းဘောင်ခေတ်စစ်တမ်းတွေကို အခြေခံပြီး ဝန်းသို (ဝန်သို) စော်ဘွားနဲ့သတ်ဆိုင်တဲ့အချက်လက်တွေ ဖော်ပြလိုက်ပါတယ်။ စော်ဘွားအရာဆက်ခံတဲ့ခါ မျိုးရိုးစဉ်ဆက် ဆက်ခံတာတွေရှိသလို မျိုးရိုးပြတ်တဲ့အခါ သင့်တော်ရာကို စော်ဘွားအရာဆက်ခံစေတာမျိုးလည်းတွေ့ရပါတယ်။ စော်ဘွားအပြောင်းလဲဖြစ်စေတဲ့ နောက်ထပ်အကြောင်းရာရှိပါသေးတယ်။ မင်းပြောင်းမင်းလွဲဖြစ်တဲ့ခါ နှင့် ဒေသခံမျိုးကြီးရိုးကြီးအချင်းချင်း စော်ဘွားအရာလုတဲ့အခါဖြစ်ပါတယ်။ဒီဘုရင်လက်ထက်မှာ ဒီလူကို ဒီစော်ဘွားအရာမြှောက်ပေမယ့် နောက်တစ်မင်းတက်တဲ့အခါ အခြားလူကို စော်ဘွားအရာပေးတဲ့အလေ့လည်းရှိပါတယ်။ ဒီတော့ တစ်နေရာတည်းမှာ စော်ဘွားလုပ်ဖူးတဲ့ မျိုးရိုးဟာ ၂ ခုထက်မနည်းဘဲရှိနေတတ်တယ်။ တစ်ခါတစ်ရံ စော်ဘွားမလုပ်လိုတဲ့အတွက် စော်ဘွားအရာပြန်အပ်တဲ့အတွက် အသစ်ခန့်ထားရတာမျိုးလည်းရှိပါသေးတယ်။
ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။
ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ
၁။ ဘုရင်ကို ငွေ ၅၀၀ိ၊
၂။ ဝန်ကြီးကို ၂၅၀ိ၊
၃။ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊
၎။ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊
၅။ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊
၆။ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊
၇။ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊
၈။ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊
၉။ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)
ဒီလိုတွေ့ရတဲ့အတွက် စော်ဘွားဖြစ်ဖို့ရာ ငွေကုန်ကြေးကျများမယ်ဆိုတာသိသာစေပါတယ်။ ဒီလို ကုန်ကြမယ့် ငွေ ၁၃၃၈ ကျပ်မတတ်နိုင်လို့ စော်ဘွားမလုပ်လိုက်ရတဲ့သူတွေလည်း ရှိနိုင်ကောင်းတယ်လို့ ထည့်တွက်ရပါမယ်။ စော်ဘွားဖြစ်ဖို့ရာ ဒီမှာတင်ပြီးသလားဆိုတော့ မပြီးသေးပါ။ နှစ်စဉ်ကန်တော့ရတဲ့ ပစ္စည်းတွေရှိပါသေးတယ်။ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။ ဘုရင်မင်းမြတ် နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ
ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
၁။ ရွှေဖလား ၅ိ ခုတ်
၂။ ဖျင် ၂
၃။ ခါသာ ၂
အိမ်ရှေ့မင်း ကို
၁။ ငွေဖလား ၂ိ ၂ံ
၂။ ဖျင် ၁
စော်ဘွားဆိုတာ ဘုရင်ငယ်တစ်ပါးလို တန်ခိုးကြီးတာမို့ အဆောင်ယောင်နဲ့နေရပါတယ်။ အကြောင်းရာပေါ်လို့ ဘုရင်ရှိရာ နန်းတော်ကိုသွားရတဲ့အခါ အဆောင်ယောင်အပြည့်ဝ ဝတ်ဆင်ပြီးမှ အခစားဝင်ရပါတယ်။ အဆောင်ယောင်ပျောက်ဆုံးလို့ မဝတ်ဆင်နိုင်တဲ့အခါဖြစ်စေ၊ ပေါ့ပေါ့လျော့လျော့ဝတ်စားဆင်ယင်မိတဲ့အခါဖြစ်စေ မင်းပြစ်မင်းဒါဏ်ခံရလေ့ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် ဝန်သိုစစ်တမ်းပါ ဝန်သိုမြို့ သူကြီးအဆောင်ယောင် နှင့် မြန်မာသက္ကရာဇ် ၁၁၂၅ ခုစစ်တမ်းပါ ဝန်သိုစော်ဘွားတို့ ရဲ့အဆောင်ယောင်တွေကို ဖော်ပြလိုက်ပါတယ်။
၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
၁။ မြင်းကတိုင် ၇ ပွင့်
၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
၃။ နှင်း နှင်းသိပ်
၎။ အိမြောင်ရင်ပတ်ကွင်း
၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
၇။ လက်ဖက်အိုး
၈။ တကောင်းပိတ်
၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။
ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
၁။ ဆင်ပေါက် ၊ ဆင်မ
၂။ ရဲကအနီ ၂ စု ရွှေတစု
၃။ အလံကျည်ရွှေရေး
၎။ အလံနီ ၂
၅။ ပေါင်ဝန်းအနီ ၂ စု
၆။ အထွတ်ရွှေ
၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
၈။ ချွန်း ၎
၉။ ထီးဝါ ၂
၁၀။ ကျိုင်း ၂
၁၁။ အထွတ်ရွှေ ၄ံ ခန့်
၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
၁၃။ ကတောင်ရွှေရေး
၁၄။ စာမရီပန်းခက် ကိုက်
၁၅။ အနားသံ ၄ံ ရွှေးပိန်း
၁၆။ နှင်း နှင်းသိပ်
၁၇။ အိမ်မြောင် လကွင်း
၁၈။ ရင်ပတ်ကွင်း
၁၉။ မြီးပျမ်းရင်ပတ်
၂၀။ သက္ကလပ်ကြိုးကြယ်စီ
၂၁။ သက္ကလပ် တင်ရမ်း
၂၂။ မုဒရက်ပေါင်ဆွဲ
၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
၂၄။ ကွမ်းခွက် ၈ မြှောင့်
၂၅။ မိုးကြိုးထွေးအင်
၂၆။ တကောင်းပိတ်
၂၇။ လက်ဖက်အိုး
၂၈။ ကျပ်မြင့်မိုရ်
၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
၃၀။ စည်နီ ၇
၃၁။ ပုံသာ ၁
၃၂။ ခရာ
၃၃။ နှဲကြီး ၁
၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။
ဝန်းသိုစော်ဘွားရဲ့အဆောင်ယောင်ဟာ အရေတွက်အတော်များတာကိုတွေ့ရပါတယ်။ သို့သော်လည်း တချို့ပစ္စည်းအမျိုးအမည်တွေဟာ ဘာကိုဆိုလိုမှန်းမသိပါ။ ဘယ်ပစ္စည်း ဘယ်လိုပုံစံရှိတယ်ဆိုတဲ့ မှတ်တမ်းပုံတွေကို ပုရပိုဒ်ပေါ်မှာသာရေးဆွဲဖော်ပြလေ့ရှိပါတယ်။ စစ်တန်းနှင့် အမိန့်တော်တွေမှာတော့ အမျိုးအမည်နှင့် အရည်အတွက်ကိုသာဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် ခိုင်ခိုင်မာမာပြောဖို့ရာ မှတ်တမ်းမှတ်ရာများလိုအပ်နေသေးတာမို့ ဆက်ပြီး သုတေသနပြုရပါဦးမယ်။
ဝန်သို စော်ဘွားတို့ အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ
အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)
ဝန်သို စော်ဘွား အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ ဘယ်လိုဘယ်ပုံစံအတိုင်းဆောက်ပါ၊ ထိထက်ပိုမလုပ်ပါနဲ့ဆိုပြီး တားမျက်တဲ့သဘောပါတဲ့ စစ်တန်းမျိုးလည်းတွေ့ရပါသေးတယ်။ ရှင်းရှင်းပြောတော့ မင်းတို့စော်ဘွားတွေ ငွေတတ်နိုင်တိုင်း ကြီးကြီးမားမားဆောက်လို့ ရတယ် သို့သော် နန်းတော်တမျှ ခန်းနားအောင် ဆိုပြီးဆောက်တာမျိုးမလုပ်နဲ့လို့ပြောသလိုပါ။

စော်ဘွားအရာဆက်ခံတဲ့အခါ ဘယ်လိုဆက်ခံရတယ်၊ နှစ်စဉ်ဝါကျွတ်တဲ့အခါ ဘာတွေနှင့် ကန်တော့ရတယ်၊ စော်ဘွားတွေရဲ့ အခန်းနားတွေကဘာတွေ ဖြစ်တယ်ဆိုတာကို စုဆောင်းရရှိတဲ့အချက်လက်တွေကို အခြေခံပြီးပြောခဲ့ပြီးပါပြီ။ နောက်ထပ်ပြောစရာကျန်တာက စော်ဘွားတွေဆုံးပါးတဲ့အခါ မသာတော်အခန်းနားအတွက်ဘယ်လိုပြင်ဆင်ရသလဲဆိုတာပါ။
ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။

အဲဒီလို အသုဘချရာမှာ သုံးတဲ့ပစ္စည်းတွေမှာလည်း ဘယ်ပစ္စည်းက ဘယ်လိုပုံစံရှိတယ်ဆိုတာအတိကျပြောဖို့မတတ်နိုင်ေ သးပါ။ အဓိက အားနည်းချက်ကတော့ ဘယ်မှတ်တမ်းကိုအားကိုးပြီးပြောရမှန်းမသိ ဖြစ်နေတာပါ။ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေဟာမှန်သင့်သလောက်မှန်တာတွေလည်းရှိပါတယ်။ သို့သော် ကမ္ဘာအဆင့်မှီ တက္ကသိုလ်တစ်ခုခုမှာ စာတမ်းဖတ်ကြားဖို့ကြုံလာတဲ့အခါ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေက ထင်သလောက်ကိုးကားမရဖြစ်နေပါတယ်။
အခု ရသလောက်မှတ်တမ်းတွေကို အခြေခံပြီး ဝန်သိုစော်ဘွား အရာဆက်ခံရာကနေ သေဆုံးတဲ့အချိန်အထိ သုံးဆောင်ရတဲ့အဆောင်ယောင်တွေကို ကြိုးစားပြီးဖော်ပြကြည့်ပါတယ်။ ဒီစာထဲက အချက်လက်ကိုအခြေခံပြီး အခြားစော်ဘွားတွေရဲ့ အဆောင်ယောင်ကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒီစာရဲ့ အားနည်းချက်က ဘယ်ပစ္စည်းက ဘယ်ပုံဖြစ်တယ်ဆိုတာမဖော်ပြနိုင်တာပါဘဲ။ ရှေ့က ပညာရှင်တွေရေးထား ပြုစုထားတဲ့အထဲက ဟိုတစ်စ ဒီတစ်စဆွဲနှုတ်ကာ လူတွင်ကျယ်လုပ်ပြီး ရေးထားတဲ့စာကို ဒေါက်တာသန်းထွန်းက " စပ်ထမီ " လို့နာမည်ပေးပါတယ်။ အခြေနေပေးရင် ကျနော်က " စပ်စောင် " တစ်ထည်လောက်လုပ်ချင်ပါတယ်။
3/10/11
မန္တလေး ကုသိုလ်တော် ဘုရားဝင်းထဲက ကျောက်စာချပ်တွေ

ပြီးခဲ့တဲ့နှစ် ခရီးထွက်တုန်းက ရတဲ့အချိန်ကလေးမှာ မန္တလေး ကုသိုလ်တော် ဘုရားဝင်းထဲရောက်ဖြစ်တယ်။ ခုမြင်နေရတဲ့အတိုင်းပါဘဲ။ ကျောက်စာချပ်တွေ မြေပြင်ပေါ်မှာ ဘာလုပ်ထားမှန်းမသိပါ။ မူလ အမိုးအကာအောက်ကနေ နှုတ်ယူလာခဲ့ပုံပေါ်တယ်။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ ကျောက်စာရုံလို့ ယူဆတဲ့ အုတ်တိုက်ဆောင်လေးတွေကို အနီးနားတင်တွေ့ရတယ်။ အရင်က ကျောက်စာစိုက်ထားခဲ့ဟန်တူတဲ့ အုတ်တိုက်ဆောင်အောက်မှာတော့ " ကြာ ပလ္လင်ခံထားတဲ့အပေါ်မှာ လက်နှစ်ဖက်ယှက်ထားတဲ့ ရဟန်းတပါးရဲ့ ရုပ်ပွါးတော်တွေ့ပါတယ်။ အသစ်ဖြစ်ဟန်တူပါတယ်။ ကျောက်စာနေရာမှာ ဒီရဟန်းရုပ်ပွါးတော်တွေနှင့် အစားထိုးခဲ့တယ်လို့ထင်ပါတယ်။ အသေချာတော့မပြောရဲပါ။ ခုမြင်နေရတဲ့ တုံးလုံးပက်လက် ကျောက်စာတွေဟာ တခြားနေရာကသယ်လာပြီး ပစ်ထားတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပါဘဲ။
ကျောက်စာ ချပ်တွေကို ဘာလုပ်ပစ်မယ်ဆိုတာမသိပါ။ သက်ဆိုင်ရာက နေရာပြောင်းပစ်မယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က သတင်းသဲ့သဲ့ကြားမိပါတယ်။ ခုတော့ မြေပြင်ပေါ်တုံးလုံးပက်လက်ရယ်။ ကလေးတွေက ကျောက်စာတွေပေါ်တက်ဆော့၊ တက်ထိုင်နေကြတာလည်းတွေ့ရတယ်။ မကြာကင် ပျောက်ပျက်သွားတော့မယ့် အရာတွေပါလားလို့တွေးမိတယ်။ ဒါတွေဟာ သင်္ခါရ တရားပါဘဲလေဆိုပြီးဖြေလို့မရပါ။ ကျောက်စာချပ်တွေက အရေးကြီးတာလား ရဟန်းရုပ်ပွါးတော်တွေက အရေးကြီးတာလားဆိုတာ မပြောလိုတော့ပါ။

2/3/11
ပျက်စီးနေပြီဖြစ်တဲ့ ပဲခူး ပါဠိဘာသာ ကလျာဏီကျောက်စာ
ကလျာဏီကျောက်စာ ပါဠိဘာသာကို မြန်မာဘာသာ ပြန်ဆိုကြရာမှာ လက်လှမ်းမှီသလောက်ပြောရရင်
၁။ တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်
၂။ တန့်ကြည်တောင် အနောက်တောင်မြင့်ရွာ သုံးထပ်ကျောင်း ဆရာတော် အသျှင်ဓမ္မစာရီ မထေရ်
၃။ ရန်ကုန်မြို့ ဘုရားဖြူတိုက် ဆရာတော် အသျှင်ရာဇိန္ဒသည် သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် မြန်မာဘာသာနိသျှ ပြန်ဆို
၎။။ ပဲခူး ဘုရားဖြူ ဆရာတော် ( စာအုပ်အမည်- ဘုရားဖြူ ဆရာတော် ပြင်သော သာသနာပြု ပဲခူး ကလျာဏီသိမ်ကျောက်စာ ပါဠိ-နိဿယ ၊ ၁၉၃၈ ခုနှစ်၊ သုဓမ္မဝတီစာပုံနှိပ်တိုက်၊ တိုက်နံပါတ် ၅၅-၅၆ခ စစ်ကဲမောင်ခိုင်လမ်း၊ ရန်ကုန်မြို့။ )
၅။ ဆရာကြီး ပါရဂူ ကလည်း အတွေးမြင်စာဆောင် မှာ အခန်းဆက်အဖြစ် မြန်မာဘာသာပြန်ရေးဖူးပါတယ်။
( ခုနှစ်အတိအကျနဲ့ ကျမ်းပြု ဆရာတော်၊ လူပညာရှိတို့ကို အပြည့်စုံမဖော်ပြနိုင်သေးလို့တောင်းပန်ပါတယ်။ ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့ရာ ဆက်ပြီးလေ့လာရပါဦးမယ်။ )
၆။ ၁၈ ဖေဖော်ဝါရီ ၁၈၉၂ ရက်စွဲပါ ကျောက်စာဝန် တော်စိန်ခို ( Taw Sein Ko ) က Kalyarni Sima Inscription ဆိုပြီး ကလျာဏီကျောက်စာ ပါဠိဘာသာကို အင်္ဂလိပ်လိုပြန်ဆိုရေးသားခဲ့တယ်။ အဲဒိစာအုပ် Cornell University Library မှာရှိတယ်။ ဒေါင်းယူချင်ရင်တော့ http://www.archive.org/details/cu31924011724808
ကလျာဏီ ကျောက်စာပေါင်းချုပ်ပါ အရေးပါသော ရက်စွဲတွေကတော့
၁၄၅၈။ ရာဇာဓိပတိသည် ရာမညဒေသတွင် သာသနာသန့်စင်ရေးဆောင်ရွက်ရန် ကြံရွယ် ( ကလျာ ၅၉ )
၁၄၇၅။ ရာဇာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင်ဆောင်ရွက်ရမည်ဟုသဘောပေါက်လျက် မောဂ္ဂလန်မဟာထေရ်အမှူးရှိသော သံဃာနှစ်ဆယ့်နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆၊၆၉)
၂၁ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် မောဂ္ဂလန်မဟာထေရ် နှင့် ရဟန်းဆယ်ပါးသည် ရာမဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂ )
၂၂ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် သီဝလိနှင့် ရဟန်းဆယ်ငါးပါးသည် စီတြဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂)
၁၆ ဖေဖော်ဝါရီ ၁၄၇၆။ သီဝလိမဟာထေရ်တို့ ကလမ္ဗုဆိပ်ရောက်၊ ဘုဝနေကဗာဟုမင်းကို အကြောင်းကြား ( ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။ သီလဝိမထေရ်တို့ကို ဘုဝနေကဗာဟုမင်းကကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွါ ( ကလျာ ၇၂)
၃ မတ် ၁၄၇၆ ။ မောဂ္ဂလန် မထေရ်နှင့် ရဟန်းဆယ်ပါးတို့စီးသော သင်္ဘောသည်လေလှိုင်းမိ၍ ဆင်းရဲငြိုငြင်စွာဖြင့် သလ္လိရာဆိပ်တွင်ဆိုက်၊ ဂေါရုစီခေါင်းဆောင်သည့် သူပုန်တို့သောင်းကျန်းသောဒေသဖြစ်ခြင်းကြောင့် ခရီးမဆက်ဝံ့သဖြင့် ခေတ္တဆိုင်းငံ့နေရ ( ကလျာ ၇၃)
၇ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ခရီးဆက် ( ကလျာ ၇၃)
၁၃ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့သို့ရောက်။ ဘုဝနေကဗာဟုက ကြိုယူ ( ကလျာ ၇၃)
၆ ဇူလိုင် ၁၄၇၆။ သီဝလိအဖွဲ့နှင့် မောဂ္ဂလန်အဖွဲ့ ပူးပေါင်းမိပြီဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန်တိုက်ဖွင့်ပေး ( ကလျာ ၇၃)
၁၆ ဇူလိုင် ၁၄၇၆။ ရာမညလာရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာရဟန်းခံ၍ပေး ( ကလျာ ၇၄)
၁၇ ဇူလိုင် ၁၄၇၆။ နောက်ထပ်ဆယ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၈ ဇူလိုင် ၁၄၇၆။ နောက်ထပ် ခုနှစ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၉ ဇူလိုင် ၁၄၇၆။ မူလဆရာတော်နှစ်ဆယ့်နှစ်ပါးတို့၏ တပည့်နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ ( ကလျာ ၇၅ )
၃ စက်တင်ဘာ ၁၄၇၆။ သီဟိုဠ်မှပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာဇာဓိပတိကစီမံ ( ကလျာ ၇၇)
၂၅ စက်တင်ဘာ ၁၄၇၆။ ရွှေတိဂုံမှာ ခေါင်းလောင်းကြီးလှူရန် ရာဇာဓိပတိ ပဲခူးကထွက် ( ကလျာ ၈၀)
၃၀ စက်တင်ဘာ ၁၄၇၆။ တဂုံသို့ရောက်နှင့်ပြီးသော သီဟိုဠ်ပြန်မောဂ္ဂလန်အဖွဲ့ကို ရာဇာဓိပတိက ရွှေတိဂုံကုန်းသို့ပင့် ၍ဆွမ်းကပ် (ကလျာ ၈၀)
၂အောက်တိုဘာ ၁၄၇၆။ အချိန်သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာဇာဓိပတိကဆွဲလှူ ( ကလျာ ၇၇၊၈၀)
၃ အောက်တိုဘာ ၁၄၇၆။ တဂုံရှိ သံဃာကုန်ကို ရာဇာဓိပတိက ဆွမ်းကပ် ( ကလျာ ၈၀)
၆ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ပြန် ( ကလျာ ၈၀)
၁၀ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ရောက် ( ကလျာ ၈၀)
၁၂ အောက်တိုဘာ ၁၄၇၆။ သီဟိုဠ်ပြန်မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ်သမုတ်ရမည့်နေရာကို ရွေးချယ်ရာ နရသူရအမတ်၏ ကကွမ်းသီးခြံ၏အနီးရှိ မြေကွက်ကိုတွေ့ရှိ၍ အကြိုက်ညီသဖြင့် ထိုနေရာ၌ သိမ်သမုတ်ရန် ပြင်ဆင် ( ကလျာ ၈၄)
၂၃ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး ( ကလျာ ၈၄၊၉၄၊ ၉၈ )
၂၄ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်မှာ ရဟန်းခံမည့်သူများကို သုဝဏ္ဏသောဘဏမထေရ်က ဥပဇ္ဇျာယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများစလုပ် ၊ ရဟန်းခံပွဲများမှာ အစုစုသုံးနှစ်ကြာ၊ ရဟန်းကြီးအပါ ၈၀၀၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး ( ကလျာ ၈၈၊၉၂)
၂၇ နိုဝင်ဘာ ၁၄၇၆။ ရာမညဒေသ တစ်ဝန်းနေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃၀ နိုဝင်ဘာ ၁၄၇၆။ ရဟန်းသစ် ၂၄၅ ပါးကို ရာဇာဓိပတိက ဆွမ်းကျွေး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသောအခါ မည်သို့သောသဘောများ ပြည့်စုံပါစေဟု မင်းက သံဃာအပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇ ။ သီဟိုဠ်မင်းဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြိုယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိမထေရ်ခေါင်းဆောင်သောအဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိ၍ သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋဆိပ်သို့ရောက်။ ထိုဆိပ်မှ ပြန်လည်ထွက်ခွါလာသော အခါ တစ်ပေါင်းတည်းသင်္ဘောနေရာမရသဖြင့် အကွဲကွဲစီးရ ( ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။ တစ်ပါးတည်းထွက်လာသော စူဋ္ဌဘယတိဿမထေရ် နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။ သီဟိုဠ်ပြန်မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇ ။ အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။ စူဋ္ဌဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။ မထေရ်လေးပါးပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ ဩဂုတ် ၁၄၇၇။ ကလျာဏီစေတီဌာပနာ၍ ကလျာဏီဗောဓိပင်စိုက် (ကလျာ ၉၉)
၁၅ စက်တင်ဘာ ၁၄၇၉။ သီဟိုဠ်မှပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ရောက်ရှိနေကြပြီးမှ မင်္ဂလမထေရ်နှင့် ရဟန်းငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် ( ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တို့စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တစ်ပါးသာ ကုသိမ်ရောက်၊ ကျန်ငါးပါး လမ်းမှာလွန် (ကလျာ ၈၀)
၂၈ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ် ပဲခူးရောက် (ကလျာ ၈၀)
၂၄ ဖေဖော်ဝါရီ ၁၄၈၀။ ရာဇာဓိပတိ ရဟန်းတကာခံသည့် ကလျာဏီသိမ်၌ ရဟန်း၆၀၀ ရဟန်းခံပွဲစ ( ကလျာ ၁၀၂၊ ၁၀၄)
၂၈ ဖေဖော်ဝါရီ ၁၄၈၀။ ရဟန်း ၆၀၀ ရဟန်းခံပွဲစ (ကလျာ ၁၀၄)
၂၉ ဖေဖော်ဝါရီ ၁၄၈၀ ။ ရဟန်းသစ်တို့ကို ဆွမ်းကျွေး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁၀၄)
ဒီနေရာမှာအဓိကပြောချင်တာက လက်ရှိကလျာဏီကျောက်စာရဲ့လက်ရှိအခြေနေဖြစ်ပြီး ကျောက်စာပါအကြောင်းရာနဲ့ သမိုင်းကြောင်းကိုတော့ နောက်မှသီးသန့်ပြောတာကောင်းပါမယ်။
မြန်မာ့စွယ်စုံကျမ်းမှာတော့
===================
ဒီနှစ်ထဲ နောက်တစ်ခေါက် ပဲခူး ပြန်ဖြစ်မယ်ထင်ပါတယ်။ သထုံမြို့ ရွှေစာရံစေတီတော်ကြီး အရှေ့တောင်ဘက် ကလျာဏီသိမ်စနေထောင့် မှာ သထုံကလျာဏီကျောက်စာ မွန်ဘာသာ ရှိတယ်လို့သိရပါတယ်။ မရောက်ဖူး မမြင်ဖူးသေးလို့အခြေနေမသိရသေးပါ။ လမ်းကြုံရင် ဓာတ်ပုံရိုက်ပြီးတင်ပေးကြပါလားခင်ဗျာ။

ကလျာဏီသိမ်၊ ကလျာဏီသိမ်ကျောက်စာ အကြောင်း ရဟန်းရှင်လူ ပညာရှိ၊ သမိုင်းပညာရှင် ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေအတော်များများကရေးပြီးပြီမို့ လူတိုင်းနားယဉ်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ပြည်တွင်း ပြည်ပ ပါဠိဘာသာသင်ကြားရေးဆိုင်ရာကျောင်းတွေမှာ ကလျာဏီကျောက်စာ ပါဠိဘာသာဟာ လက်စွဲကျမ်းတွေထဲကတစ်ခုအပါဝင်ဖြစ်ပါတယ်။ ကလျာဏီ ကျောက်စာ အင်္ဂလိပ်ဘာသာပြန်ဟာ မြန်မာမှုရေးရာ၊မြန်မာ့သမိုင်းအထူးပြုသင်ကြားပြသတဲ့ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေမှာမဖြစ်မနေကိုးကားကြတဲ့ အထောက်ထားတစ်ခုဖြစ်နေပါပြီ။
ကလျာဏီကျောက်စာ ပါဠိဘာသာကို မြန်မာဘာသာ ပြန်ဆိုကြရာမှာ လက်လှမ်းမှီသလောက်ပြောရရင်
၁။ တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်
၂။ တန့်ကြည်တောင် အနောက်တောင်မြင့်ရွာ သုံးထပ်ကျောင်း ဆရာတော် အသျှင်ဓမ္မစာရီ မထေရ်
၃။ ရန်ကုန်မြို့ ဘုရားဖြူတိုက် ဆရာတော် အသျှင်ရာဇိန္ဒသည် သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် မြန်မာဘာသာနိသျှ ပြန်ဆို
၎။။ ပဲခူး ဘုရားဖြူ ဆရာတော် ( စာအုပ်အမည်- ဘုရားဖြူ ဆရာတော် ပြင်သော သာသနာပြု ပဲခူး ကလျာဏီသိမ်ကျောက်စာ ပါဠိ-နိဿယ ၊ ၁၉၃၈ ခုနှစ်၊ သုဓမ္မဝတီစာပုံနှိပ်တိုက်၊ တိုက်နံပါတ် ၅၅-၅၆ခ စစ်ကဲမောင်ခိုင်လမ်း၊ ရန်ကုန်မြို့။ )
၅။ ဆရာကြီး ပါရဂူ ကလည်း အတွေးမြင်စာဆောင် မှာ အခန်းဆက်အဖြစ် မြန်မာဘာသာပြန်ရေးဖူးပါတယ်။
( ခုနှစ်အတိအကျနဲ့ ကျမ်းပြု ဆရာတော်၊ လူပညာရှိတို့ကို အပြည့်စုံမဖော်ပြနိုင်သေးလို့တောင်းပန်ပါတယ်။ ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့ရာ ဆက်ပြီးလေ့လာရပါဦးမယ်။ )
၆။ ၁၈ ဖေဖော်ဝါရီ ၁၈၉၂ ရက်စွဲပါ ကျောက်စာဝန် တော်စိန်ခို ( Taw Sein Ko ) က Kalyarni Sima Inscription ဆိုပြီး ကလျာဏီကျောက်စာ ပါဠိဘာသာကို အင်္ဂလိပ်လိုပြန်ဆိုရေးသားခဲ့တယ်။ အဲဒိစာအုပ် Cornell University Library မှာရှိတယ်။ ဒေါင်းယူချင်ရင်တော့ http://www.archive.org/details/cu31924011724808
သမိုင်းဆိုတာသုတေသနနဲ့တွဲမှခိုင်မာ ပါတယ်။ သုတေသနဆိုတာမှာ မြေထဲကတူးဖော်ရရှိတဲ့ရှေးပစ္စည်းအပါဝင် ကျောက်စာ၊မင်စာ၊ ပုရပိုဒ်စာ၊ ပေစာ ၊ ခရီးသွားမှတ်တမ်းစာ ၊ကဗျာ၊လေးချိုး၊ရတု စသဖြင့် ဂီတဆိုင်ရာမှတ်တမ်းများ ပါအချက်လက်တွေကို ပြည်တွင်းပြည်ပ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးကာမှ ကောက်ချက်ချ လေ့လာမှုဖြစ်တယ်။ ခေတ်ပြိုင်မှတ်တမ်းတွေဆိုရာမှာ ကျောက်စာ ဟာခိုင်မာမှုအရှိဆုံးအုပ်စုထဲမှာ ပါပါတယ်။ သို့သော် ကျောက်စာတိုင်းမှန်တယ်ဆိုပြီး အတည်ယူလို့တော့မရပါ။ မူရင်းမဟုတ်တဲ့ ဆင့်ထိုး၊ စပ်ထိုး ဆိုတဲ့ကျောက်စာတွေရှိတတ်တယ်။ မူလထိုးကျောက်စာဖြစ်စေကာမူ ယခင်အနှစ်တစ်ထောင်ကျော်က အဖြစ်ပျက်ကို မှန်းဆရေးသားတာမျိုးဖြစ်နေပါက အတည်ယူရန် ခက်ခဲပါတယ်။ သုရှင်ရာဇာဓိပတိ ခေါ် ဓမ္မစေတီမင်း ( ၁၄၇၂-၉၂) ရေးထိုးခဲ့တဲ့ ကလျာဏီကျောက်စာပါဠိဘာသာဟာ မူလထိုးကျောက်စာဖြစ်စေကာမူ ကျောက်စာပါ အချို့အကြောင်းရာတွေဟာ ကမ္ဘာ့သမိုင်းလာခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ကိုက်ညီမှုမရှိလို့ အတည်ယူလို့မရနိုင်ပါ။
ဆရာကြီးဒေါက်တာသန်းထွန်းကတော့ဖြင့်
" သာသနာပြုပြင်ရေး ဆောင်ရွက်ချက်များကို ၂၉ ဖေဖော်ဝါရီ ၁၄၈၀ ရက်စွဲဖြင့် ပဲခူး ကလျာဏီသိမ် ကျောက်စာကို မွန်ဘာသာဖြင့် ကျောက်စာခုနှစ်တိုင် ( တစ်ဆယ့်လေးမျက်နှာ ) ရေးထိုးခဲ့၏။ ပါဠိဘာသာဖြင့်လည်း အကြောင်းအရာတူကို ကျောက်စာသုံးတိုင် ( ခြောက်မျက်နှာ ) ရေးခဲ့သေးသည်။ အဆိုပါ မှတ်တမ်းတွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်ကို စ၍ရေးပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်သော ရာမညဒေသသို့ အသောကမင်းလက်ထက် သာသနာပြုရောက်ပုံကို ပြောပြသည်။ တစ်ဆယ့်ငါးရာစု ကုန်လောက် ရောက်သည့်အခါမှာ ၃၀၀ ဘီစီဖြစ်သော ယခင်က အနှစ်တစ်ထောင်ရှစ်ရာကကိစ္စကို ပြန်ပြောင်းပြောနေသဖြင့် ခြွင်းချက်မရှိ လက်ခံနိုင်ဖို့ခက်သည်။ ထို့အတူ သထုံမှ သာသနာ သည် အေဒီ ၁၀၅၇ တွင် ပုဂံသို့ရောက်ပုံကိုလည်း အပြည့်အစုံ လက်ခံနိုင်ဖို့ခက်သည်။ " လို့ဆိုတယ်။

သို့သော် အချို့သောအကြောင်းရာ နဲ့ရက်စွဲတွေကဖြင့် သီရီလင်္ကာအပါဝင် နိုင်ငံခြားမှတ်တမ်းများ ပြည်တွင်းခေတ်ပြိုင်မှတမ်းများနှင့် တိုက်ဆိုင်တူညီမှုရှိလို့ သမိုင်းမှတ်တမ်း အဖြစ် သတိကြီးကြီးထားပြီး သုံးကြပါတယ်။
ကလျာဏီ ကျောက်စာပေါင်းချုပ်ပါ အရေးပါသော ရက်စွဲတွေကတော့
၁၄၅၈။ ရာဇာဓိပတိသည် ရာမညဒေသတွင် သာသနာသန့်စင်ရေးဆောင်ရွက်ရန် ကြံရွယ် ( ကလျာ ၅၉ )
၁၄၇၅။ ရာဇာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင်ဆောင်ရွက်ရမည်ဟုသဘောပေါက်လျက် မောဂ္ဂလန်မဟာထေရ်အမှူးရှိသော သံဃာနှစ်ဆယ့်နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆၊၆၉)
၂၁ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် မောဂ္ဂလန်မဟာထေရ် နှင့် ရဟန်းဆယ်ပါးသည် ရာမဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂ )
၂၂ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် သီဝလိနှင့် ရဟန်းဆယ်ငါးပါးသည် စီတြဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂)
၁၆ ဖေဖော်ဝါရီ ၁၄၇၆။ သီဝလိမဟာထေရ်တို့ ကလမ္ဗုဆိပ်ရောက်၊ ဘုဝနေကဗာဟုမင်းကို အကြောင်းကြား ( ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။ သီလဝိမထေရ်တို့ကို ဘုဝနေကဗာဟုမင်းကကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွါ ( ကလျာ ၇၂)
၃ မတ် ၁၄၇၆ ။ မောဂ္ဂလန် မထေရ်နှင့် ရဟန်းဆယ်ပါးတို့စီးသော သင်္ဘောသည်လေလှိုင်းမိ၍ ဆင်းရဲငြိုငြင်စွာဖြင့် သလ္လိရာဆိပ်တွင်ဆိုက်၊ ဂေါရုစီခေါင်းဆောင်သည့် သူပုန်တို့သောင်းကျန်းသောဒေသဖြစ်ခြင်းကြောင့် ခရီးမဆက်ဝံ့သဖြင့် ခေတ္တဆိုင်းငံ့နေရ ( ကလျာ ၇၃)
၇ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ခရီးဆက် ( ကလျာ ၇၃)
၁၃ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့သို့ရောက်။ ဘုဝနေကဗာဟုက ကြိုယူ ( ကလျာ ၇၃)
၆ ဇူလိုင် ၁၄၇၆။ သီဝလိအဖွဲ့နှင့် မောဂ္ဂလန်အဖွဲ့ ပူးပေါင်းမိပြီဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန်တိုက်ဖွင့်ပေး ( ကလျာ ၇၃)
၁၆ ဇူလိုင် ၁၄၇၆။ ရာမညလာရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာရဟန်းခံ၍ပေး ( ကလျာ ၇၄)
၁၇ ဇူလိုင် ၁၄၇၆။ နောက်ထပ်ဆယ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၈ ဇူလိုင် ၁၄၇၆။ နောက်ထပ် ခုနှစ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၉ ဇူလိုင် ၁၄၇၆။ မူလဆရာတော်နှစ်ဆယ့်နှစ်ပါးတို့၏ တပည့်နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ ( ကလျာ ၇၅ )
၃ စက်တင်ဘာ ၁၄၇၆။ သီဟိုဠ်မှပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာဇာဓိပတိကစီမံ ( ကလျာ ၇၇)
၂၅ စက်တင်ဘာ ၁၄၇၆။ ရွှေတိဂုံမှာ ခေါင်းလောင်းကြီးလှူရန် ရာဇာဓိပတိ ပဲခူးကထွက် ( ကလျာ ၈၀)
၃၀ စက်တင်ဘာ ၁၄၇၆။ တဂုံသို့ရောက်နှင့်ပြီးသော သီဟိုဠ်ပြန်မောဂ္ဂလန်အဖွဲ့ကို ရာဇာဓိပတိက ရွှေတိဂုံကုန်းသို့ပင့် ၍ဆွမ်းကပ် (ကလျာ ၈၀)
၂အောက်တိုဘာ ၁၄၇၆။ အချိန်သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာဇာဓိပတိကဆွဲလှူ ( ကလျာ ၇၇၊၈၀)
၃ အောက်တိုဘာ ၁၄၇၆။ တဂုံရှိ သံဃာကုန်ကို ရာဇာဓိပတိက ဆွမ်းကပ် ( ကလျာ ၈၀)
၆ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ပြန် ( ကလျာ ၈၀)
၁၀ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ရောက် ( ကလျာ ၈၀)
၁၂ အောက်တိုဘာ ၁၄၇၆။ သီဟိုဠ်ပြန်မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ်သမုတ်ရမည့်နေရာကို ရွေးချယ်ရာ နရသူရအမတ်၏ ကကွမ်းသီးခြံ၏အနီးရှိ မြေကွက်ကိုတွေ့ရှိ၍ အကြိုက်ညီသဖြင့် ထိုနေရာ၌ သိမ်သမုတ်ရန် ပြင်ဆင် ( ကလျာ ၈၄)
၂၃ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး ( ကလျာ ၈၄၊၉၄၊ ၉၈ )
၂၄ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်မှာ ရဟန်းခံမည့်သူများကို သုဝဏ္ဏသောဘဏမထေရ်က ဥပဇ္ဇျာယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများစလုပ် ၊ ရဟန်းခံပွဲများမှာ အစုစုသုံးနှစ်ကြာ၊ ရဟန်းကြီးအပါ ၈၀၀၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး ( ကလျာ ၈၈၊၉၂)
၂၇ နိုဝင်ဘာ ၁၄၇၆။ ရာမညဒေသ တစ်ဝန်းနေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃၀ နိုဝင်ဘာ ၁၄၇၆။ ရဟန်းသစ် ၂၄၅ ပါးကို ရာဇာဓိပတိက ဆွမ်းကျွေး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသောအခါ မည်သို့သောသဘောများ ပြည့်စုံပါစေဟု မင်းက သံဃာအပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇ ။ သီဟိုဠ်မင်းဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြိုယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိမထေရ်ခေါင်းဆောင်သောအဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိ၍ သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋဆိပ်သို့ရောက်။ ထိုဆိပ်မှ ပြန်လည်ထွက်ခွါလာသော အခါ တစ်ပေါင်းတည်းသင်္ဘောနေရာမရသဖြင့် အကွဲကွဲစီးရ ( ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။ တစ်ပါးတည်းထွက်လာသော စူဋ္ဌဘယတိဿမထေရ် နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။ သီဟိုဠ်ပြန်မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇ ။ အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။ စူဋ္ဌဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။ မထေရ်လေးပါးပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ ဩဂုတ် ၁၄၇၇။ ကလျာဏီစေတီဌာပနာ၍ ကလျာဏီဗောဓိပင်စိုက် (ကလျာ ၉၉)
၁၅ စက်တင်ဘာ ၁၄၇၉။ သီဟိုဠ်မှပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ရောက်ရှိနေကြပြီးမှ မင်္ဂလမထေရ်နှင့် ရဟန်းငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် ( ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တို့စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တစ်ပါးသာ ကုသိမ်ရောက်၊ ကျန်ငါးပါး လမ်းမှာလွန် (ကလျာ ၈၀)
၂၈ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ် ပဲခူးရောက် (ကလျာ ၈၀)
၂၄ ဖေဖော်ဝါရီ ၁၄၈၀။ ရာဇာဓိပတိ ရဟန်းတကာခံသည့် ကလျာဏီသိမ်၌ ရဟန်း၆၀၀ ရဟန်းခံပွဲစ ( ကလျာ ၁၀၂၊ ၁၀၄)
၂၈ ဖေဖော်ဝါရီ ၁၄၈၀။ ရဟန်း ၆၀၀ ရဟန်းခံပွဲစ (ကလျာ ၁၀၄)
၂၉ ဖေဖော်ဝါရီ ၁၄၈၀ ။ ရဟန်းသစ်တို့ကို ဆွမ်းကျွေး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁၀၄)
ဒီနေရာမှာအဓိကပြောချင်တာက လက်ရှိကလျာဏီကျောက်စာရဲ့လက်ရှိအခြေနေဖြစ်ပြီး ကျောက်စာပါအကြောင်းရာနဲ့ သမိုင်းကြောင်းကိုတော့ နောက်မှသီးသန့်ပြောတာကောင်းပါမယ်။
ကလျာဏီသိမ် ပါဠိကျောက်စာပါ ရက်စွဲများသည် စီအို ဗလက်ဒန် ဖတ်သော မွန်ကျောက်စာပါ ရက်စွဲများနှင့် မတိုက်ဆိုင်ပါ။ သို့ပါ၍ ဆက်လက်သုတေသနပြုဖို့လိုပါသေးသည်။ သုတေသနပြုရာမှာ အဓိကအရေးအပါဆုံးမှာ မူရင်းဇစ်မြစ် အထောက်ထား ( Primary Source )ဖြစ်ပါတယ်။ ပေထက်အက္ခရာ ၊ ပုံနှိပ်စာအုပ် စသဖြင့် မှတ်တမ်းတင်ပြီးဖြစ်စေကာမူ အဓိကသမိုင်းဝင် ရှေးကျောက်စာတိုင်မူရင်းကိုတော့ဖြင့် မပစ်ပယ်စကောင်းပါ။ ဒါဟာ ယဉ်ကျေးမှုအမွေ ၊ သမိုင်းဝင် ရှေးပစ္စည်း ၊ ရှေးဟောင်းသုတေသနအတွက် အရင်းမူလလေ့လာဖွယ်ရာ အထောက်ထားဖြစ်ပါတယ်။
ကျောက်စာရုံကိုရောက်သွားချိန်မှာတော့ ထုံးစံအတိုင်း သော့ခတ်ထားတာကိုတွေ့ရပါတယ်။ အတွင်းပိုင်းကိုလှမ်းကြည့်တဲ့အခါ အကျိုးပဲ့တွေကိုဆက်ပြီးထောင်ထားတဲ့ အရွယ်စားခပ်ကြီးကြီးကျောက်စာတိုင် တစ်တိုင်ကိုတွေ့ရပါတယ်။ အဲဒိနောက်မှာတော့ အပိုင်းပိုင်းကျိုးပဲ့နေတဲ့ ကျောက်တုံးတွေအဖြစ်တွေ့ရတယ်။ ဘာနဲ့တူသလဲဆိုတော့ လူမြင်ကောင်းအောင် အပေါက်ဝနဲ့နီးတဲ့နေရာက ကျောက်စာတိုင်ထောင်ထားကလွဲပြီး ကျန်တာတွေကအကျိုးအပဲ့တွေဖြစ်နေပါပြီ။ အရွယ်စားကြီးငယ်အလိုက် မြေပြင်ပေါ်ပြန့်ကျဲနေတဲ့ ကျောက်စာအပိုင်းစတွေကိုတွေ့ရတယ်။ နံရံနားကပ်ပြီးပုံထားတဲ့ အကျိုးပဲ့တွေပေါ်မှာတော့ ရှေးလက်ရေးမူနဲ့ ရေးထားတဲ့ ပါဠိစာတွေကိုမြင်ရတယ်။
မြန်မာ့စွယ်စုံကျမ်းမှာတော့
" ထိုကျောက်စာကို ပါဠိဘာသာ၊ မွန်ဘာသာတို့ဖြင့် ရေးထိုးထားသည်။ ကျောက်စာတိုင်အမြင့် ၇ ပေ၊ အကျယ် ၄ ပေ ၂ လက်မ၊ထု ၁ ပေ ၃ လက်မ၊ ၂ မျက်နှာစီရေး။ တစ်မျက်နှာလျှင် စာကြောင်းရေ ၇၀ ရှိ၍ တစ်လက်မအလျားတွင် စာလုံး ၃ လုံးစီဝင်အောင် ရေးထိုးထားသည်။ မြောက်ဘက် ကျောက်စာတိုင် ၃ ချပ်တွင် ပါဠိဘာသာကို မြန်မာအက္ခရာဖြင့် ရေးထိုးသည်။ တောင်ဘက် ကျောက်စာတိုင် ၇ ချပ်တွင် ပါဠိဘာသာ ကျောက်စာ ၃ ချပ်၏ အဓိပ္ပာယ်ကို မွန်ဘာသာဖြင့် ရေးထိုးထားသည်။ ထိုကျောက်စာများကို ကမ္ဗည်းကျောက်စာဌာနမှ ကျောက်စာရုံ ဆောက်လုပ်ကာ စောင့်ရှောက်သိမ်းဆည်းထားသည်။ " လို့ဖတ်ရတယ် ဘယ်တုန်းကအခြေနေကိုပြောလဲဆိုတာ သေချာမသိပါ။ သို့သော် ၂၀၁၀ ကအခြေနေကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်းမြင်ရတယ်။ ခုလို လုံးပါးပါးပြီးပျောက်ပျက်သွားမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဌာနရဲ့ ကြီးမားတဲ့တာဝန်မဲ့မှုတစ်ရပ်သာဖြစ်ပါမယ်လို့ ပြောချင်ပါရဲ့။
===================
ဒီနှစ်ထဲ နောက်တစ်ခေါက် ပဲခူး ပြန်ဖြစ်မယ်ထင်ပါတယ်။ သထုံမြို့ ရွှေစာရံစေတီတော်ကြီး အရှေ့တောင်ဘက် ကလျာဏီသိမ်စနေထောင့် မှာ သထုံကလျာဏီကျောက်စာ မွန်ဘာသာ ရှိတယ်လို့သိရပါတယ်။ မရောက်ဖူး မမြင်ဖူးသေးလို့အခြေနေမသိရသေးပါ။ လမ်းကြုံရင် ဓာတ်ပုံရိုက်ပြီးတင်ပေးကြပါလားခင်ဗျာ။

ပဲခူးကလျာဏီသိမ် နောက်ဘက်ကိုသွားတဲ့အခါလှမ်းမြင်နေရတဲ့ ကျောက်စာရုံ

ကျိုးပဲ့နေတဲ့ ကျောက်စာအပိုင်းစများ
1/6/11
မောင်ကုလားဘုရား

ဖိုးပေါ်ဘုရား အနီးမှာ မောင်ကုလားဘုရားကိုတွေ့ တယ်။ ပန္နပုံ ၊ အင်္ဂတေ ကနုတ်ပန်း ၊ စေတီရံ အားလုံးနီးပါး လက်ရာတူဖြစ်တယ်။ ဂူဘုရားအဓိကဝင်ပေါက် အမိုးခုံး တဘက်မှာမင်စာမှတ်တမ်းရေးထားတာတွေ့ရတယ်။ ဦးမြင့်အောင်၊ ဒေါက်တာသန်းထွန်းတို့ရဲ့စာတမ်းတွေအပါဝင် ပြည်ပစာအုပ်အတော်များများမှာ မောင်ကုလားဘုရားဆေးရေးပန်းချီတွေ အကြောင်း ဖတ်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ဂူဘုရားအတွင်းနံရံပေါ်မှာ ဥရောပတိုက်သားပုံအတော်များများရေးဆွဲထားတာမို့ ပိုပြီးနာမည်ကြီးလူသိများစေတာဖြစ်တယ်။ ၁၈၂၅ ခုနှစ်လောက်ကရေးတဲ့ လက်ရာဖြစ်တယ်လို့ဆိုပါတယ် (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၆၁ )။ ယခုအချိန်အထိ ရှာတွေ့တဲ့ ဂူဘုရားတွေထဲမှာ ဥရောပတိုက်သားပုံ အများဆုံးရေးခဲ့တဲ့ ဂူဘုရားဖြစ်နေတယ်။ အဓိက အဝင်မုဂ်ဦးရဲ့ ဘယ်ဘက် နံရံက ဥရောပတိုက်သားပုံဟာ ဒတ်ခ်ျအမျိုးသားဖြစ်တယ်၊ ပေါ်တူဂီအမျိုးသားဖြစ်တယ်၊ တချို့က ပြင်သစ် ၊ တချို့က အင်္ဂလိပ်ဆိုပြီးအမျိုးမျိုး ပြောနေဆဲဖြစ်တယ်။ ဘယ်ဟာမှအသေချာပြောလို့မရနိုင်လို့ ငြင်းခုန်မှု သက်သက်ဖြစ်နေတယ်။ နံရံဆေးရေးအများစုဟာ ၅၅၀ ဇာတ်နိပါတ်တော်တွေထဲက ကောက်နှုတ်ချက်တွေကို ပုံဖော်ထားတာများတယ်။

ဆေးရေးပန်းချီ ရေးဆွဲတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေက
၁။ ဆေးဒန်း - အဝါရောင်
်၂။ ဟင်္သပဒါး - ချိပ်နု ၊ ချိပ်ရင့်ရောင်
၃။ ဆုန် ( ခဲမပုပ် ) - အနီရင့်
၎။ မြေဖြူ - အဖြူရောင
်၅။ ကွေ့ - ချိပ်နု ၊ ချိပ်ရင့် ( ထုံးကျောက် ၊ မြေစေး ၊ နီဝါ )
၆။ ချိပ် - သစ်စေးနီနီ
၇။ ကံကုတ် - အမည်းရောင် ( နာ ၊ ခဲပုပ်မည်း )
အစိမ်းရောင် ၊ အပြာရောင် ရလောင် လိုသလိုစပ်ပြီးသုံးတယ်။ ဆေးခြယ်တဲ့ အခါ ၊ နံရံမှာကပ်တဲ့ အင်္ဂတေ ခိုင်မာတဲ့အထိ ၊ ခြောက်သွေ့တဲ့အထိ စောင့်ဆိုင်းရပါတယ်။ရေးဆွဲတဲ့အခါ
၁။ တစ်ကြောင်းဆွဲ - မျက်နှာထားမြင်ရင် စိတ်ထားကိုမြင်အောင် ဆွဲကြပါတယ်။
၂။ ဟန်ပြ - လူကို ရှေ့မှာထားပြီး တူအောင်ရေးဆွဲပါတယ်။ (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၁၉၆ )

ခုလို ရှေးလက်ရာတွေပျက်စီးရတဲ့အဓိကအကျောင်းရင်းကတော့ ဂူဘူရားကိုယ်ထည်အတွင်းပိုင်းကို ရေစိမ့်ဝင်ပြီး ဆေးရေးတွေရှိတဲ့ အင်္ဂတေနံရံတွေကွာကျပျက်စီးတာမျိုးအတွေ့ရများတယ်။ စတင်တည်ဆောက်စဉ် ပုံစံထုတ်သူ ဗိသုကာပညာရှင်တွေရဲ့ နည်းစနစ် နှင့် နည်းပညာကွာခြားမှု၊ ဘုရားတည်ဆောက်သူ ပန်းရန်ဆရာနှင့်လုပ်သားတွေရဲ့ လက်ရာ (Workmanship) ၊တည်ဆောက်ရာမှာအသုံးပြုတဲ့ပစ္စည်း စတာတွေဟာ အဆောက်ဦးရဲ့ ရေရည်တည်တံ့မှုပေါ်အကျိုးသက်ရောက်မှုရှိတယ်။ စတင်တည်ဆောက်စဉ်အချိန်က နိုင်ငံရေး နှင့် စီးပွါးရေး အခြေနေဟာလည်းဘဲ အကျိုးသက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်ပြီး အကျိုးစီးပွါးဖြစ်ထွန်းတဲ့အချိန်မှာ လှူတန်းလေ့ရှိပေမယ့် တည်ဆောက်မှုမပြီးမှီ နိုင်ငံရေး(ဒေသတွင်း လုံခြုံရေး) ၊ စီးပွါးရေး မတည်မငြိမ်ဖြစ်လာတဲ့အခါ အဆောက်ဦးတည်ဆောက်မှုအပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။ လက်ရာညံ့သွားတတ်တယ်။ အထူးသဖြင့် ၁၃-၁၄ ရာစုလက်ရာ ၊ ၁၈ ရာစု လက်ရာ နှင့် ၁၉ ရာစုအစောပိုင်းလက်ရာ အဆောက်ဦးတွေမှာ တွေ့ရလေ့ရှိတယ်။ ပထဝီဝင်အနေထားနှင့် ရာသီဥတု ၊ သဘာဝဘေးအန္တရာယ်ငလျှင်နှင့် မြေသားရွေ့လျားမှု စတာတွေဟာလည်းဘဲ အဆောက်ဦးရေရှည်တည်တန့်မှုကို အကျိုးသက်ရောက်မှုရှိတဲ့အတွက် ချန်ထားလို့မရပါ။ ခုပြောခဲ့တာတွေအားလုံးဟာ ဟိုတစ်ချိန်ကဖြစ်ခဲ့တဲ့အခြေနေ နှင့် သဘာဝတရားပေါ်မှာသာမူတည်ပြီး ထိန်းချုပ်ဖို့ လက်လှမ်းမှီမယ်မဟုတ်ပါ။
ရှေးလက်ရာတွေ ပျက်စီးရတဲ့အခြားအကြောင်းရာတွေရှိပါသေးတယ်။ ပါဝင်တဲ့လူတွေက ရှေးဟောင်းသုတေသနပညာရှင် ၊ ဝါသနာရှင် ၊ ဘုရားခိုး သိုက်သမား၊ ဘုရားဂေါပက၊ စေတနာရှင် ရဟန်းရှင်လူ ၊ ခရီးသွားဘုရားဖူး၊ ဘုရားအနီးနားမှာနေပြီး အသက်မွေးဝမ်းပြုသူ စသဖြင့် လူတွေရဲ့အပြူမူကြောင့်ပျက်စီးရတာမျိုးလည်းရှိတယ်။ ယခု မောင်ကုလားဘုရားမှာတော့ အထက်ပါအကြောင်းကြောင်းကြောင့်ပျက်စီးယိုယွင်းလာတဲ့ အဆောက်ဦးကို ရှေးဟောင်းသုတေသနကဖြစ်စေ စေတရာရှင် ရဟန်းရှင်လူကဖြစ်စေ ရံဖန်ရံခါပြုပြင်တာမျိုးလုပ်ရင်း ဖျက်ဆီးမိရက်သားဖြစ်တာ များမယ်ထင်ပါတယ်။ ကျိုးပျက်သွားတဲ့ နေရာတွေမှာ ပြုပြင်မှုလုပ်တဲ့အခါ သာမန်အစားထိုးပြုပြင်လုပ်သော်လည်း မူလရှေးလက်ရာအတိုင်း ပြန်လည်ဖော်ထုတ်ပြုပြင်တာမျိုးမဟုတ်ပါ။ ဥပမာပြောရရင် ကွာကျသွားတဲ့ အင်္ဂတေနံရံနေရာကို သာမန်အင်္ဂတေပြန်ကိုင်တာမျိုးသာလုပ်ထားတယ်။ နံရံတွေဆက်ပြီးပြိုမကျအောင် ထိမ်းထားနိုင်လို့ အဲလိုလုပ်တာမကောင်းဘူးလို့တော့ပြောမရပါ။ သို့သော် အသေးစိတ် ဂရုတစိုက်မလုပ်တဲ့အခါ ဘေးကအကောင်းတိုင်းကျန်နေသေးတဲ့ လက်ရာတွေကို ဖျက်ဆီးမိရက်သားဖြစ်တတ်နေတတ်တယ်။
' ရှေးဟောင်းအမွေအနှစ်ပန်းချီကာများ မဖျက်ဆီးရ ' ဆိုတဲ့စာတမ်းကို အဝင်ဝမှာတင်တွေ့တယ်။ ဟိုအရင်က အဲဒိစာတမ်းရေးထားတဲ့နံရံမှာကို ဟိုတချိန်က ဆေးရေးတွေရှိခဲ့မှာအမှန်ဘဲ။ ရှေးဟောင်းသုတေသနဌာနက မောင်ကုလားဘုရားဝင်ပေါက်ကို သံတံခါးတပ်ပြီး သော့ပိတ်ထားတယ်။ အလကားနေရင်း လက်ဆော့တတ်တဲ့ တို့မြန်မာတွေအတွက် ဒီလိုသော့ပိတ်ထားတာဘဲကောင်းပါလိမ့်မယ်။ နို့မို့ဆို ရေးထားတဲ့ ရှေးလက်ရာ နံရံဆေးရေးတွေကို ထုံးသုတ်မယ်၊ နံရံပေါ် မြေဖြူ မီးသွေးခဲ စတာတွေနဲ့ ပေါက်ကရလေးဆယ် စာတွေလျှောက်ရေးမယ်၊ ကွမ်းတံတွေးထွေးမယ် ၊ နှပ်ညှစ်မယ် ၊ အရုပ်ရေးမယ် ၊ ကျောမှီမယ် ၊ ချွေးအပါဝင် ပေရေနေတဲ့လက်နဲ့ ထိမယ်၊ကိုင်မယ်၊ ပွတ်မယ်၊ အလကားနေရင်း လက်သဲနဲ့ခြစ်ပြီးခွါမယ်၊ တုတ်ချောင်းနဲ့ ခြစ်မယ်၊ ဒါ့အပြင်နည်းမျိုးစုံ ရှိသေးတယ်။ မပြောလိုတော့ပါ။ နိုင်ငံခြားသားတစ်ယောက်ကဖြင့် ဒီလိုမှတ်ချက်ပေးဖူးတယ်။
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...
12/24/10
၁၉ရာစုလက်ရာ ဖိုးပေါ်ဘုရား
ရွှေဘိုကနေ မန်းလေးရောက်တဲ့ နေ့မှာဘဲ ရွှေစာရံဘုရားဘက် ခရီးဆက်တယ်။ တကယ်သွားတော့ မန်းလေးနဲ့အတော်လှမ်းသဗျ။ မေမြို့ မရောက်ခင် အကျဉ်းဦးစီးဌာန ( အကျဉ်းစခန်းဖြစ်မယ်ထင်တယ် ) မျက်နှာချင်းဆိုင်လမ်းကဝင်ရတယ်။ ဘုရားရောက်တော့ ပန္နနက်ပုံကိုလေ့လာရင်း မှန်စီလက်ရာတွေကိုသာ စိတ်ဝင်စားနေမိတယ်။ နောက်တော့ ရွှေစာရံ ဘုရားနောက်ဘက်မှာ ရှေးဟောင်းဂူဘုရားနှစ်ဆူ ကပ်လျှက်တွေ့တယ်။ ဖိုးပေါ်ဘုရား နှင့် မောင်ကုလားဘုရား။
ထုံးစံအတိုင်း ပန္နနက်ပုံကိုလေ့လာရင်း ဓာတ်ပုံရိုက်တယ်။ အပြင်ပတ်ပတ်လယ်ကို လိုက်ကြည့်တော့ ဂူဘုရားဟာ ရာခိုင်နှုန်းအတော်များများပြင်ပြီးသားဖြစ်နေတယ်။ ရှင်းရှင်းပြောတော့ ဒါဟာ ရှေးလက်ရာမပျက်ပြင်ထားတာမျိုးမဟုတ်ပါ။ ရှိပါစေတော့ ။ အတွင်းပိုင်းမှာတော့ မူလလက်ရာတွေ ကျန်ကောင်းပါရဲ့ဆိုပြီး ဂူထဲဝင်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် မှန်းထားသမျှအရာမထင်။

ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ်။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။

အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။
ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။

အကြောင်းကြောင်းကြောင့် အရင်ကရှိခဲ့တဲ့ ရှေးလက်ရာဆေးရေးတွေ ပျက်စီးခဲ့ပြီးပါပြီ။ သို့သော် ကျန်နေသေးတဲ့ မူလအဆောက်ဦးကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဓာတ်ပုံဟောင်း ၊ ပေစာ ၊ ပုရပိုဒ်စာဟောင်း စတဲ့မှတ်တမ်းဟောင်းတွေကိုလေ့လာပြီး ပြန်လည်ဖော်ထုတ်လို့ရနိုင်ပါသေးတယ်။ သို့သော် မူလအဆောက်ဦး မြေခပြီး အုတ်ပုံကြီးဖြစ်သွားပြီဆိုရင်ဖြင့် သက်ဆိုင်ရာကရော ၊ အနီးပါးက ရဟန်းရှင်လူတွေကပါ ပြန်လည်ဖော်ထုတ်ဖို့ စဉ်းပင်စဉ်းစားတော့မည်မဟုတ်ပါ။ ယဉ်ကျေးမှုအမြင် သမိုင်းအမြင်နှင့်ကြည့်မိတဲ့အခါ သခါင်္ရ တရားပါဘဲလေဆိုပြီး ဖြေဖို့မလွယ်တာအမှန်ဘဲ။
မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။
ဖိုးပေါ်ဘုရား အခြေနေ
ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ်။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။
အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။
ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။
မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။
12/20/10
ပုဂံ ဆေးရေးမင်စာ ရှိသော ဂူ၊ကျောင်း၊ဘုရား များ
၁။ ကုန်းတော်ကြီး ( မှတ်တမ်းစာ)
၂။ ကျဆင်းဘုရား ( ရှေးမွန်စာ )
၃။ ခေမာဝရ ဂူဘုရား ( မှတ်တမ်းစာ)
၎။ ချောက်ဘုရားလှ ( မှတ်တမ်းစာ)
၅။ ဂူအမှတ် ၂၀၄ ( မှတ်တမ်းစာ)
၆။ ဂူအမှတ် ၄၁၈ ( ရှေးမွန်စာ )
၇။ ဂူအမှတ် ၈၁၄ (မှတ်တမ်းစာ)
၈။ ဂူအမှတ် ၈၁၅ ( မှတ်တမ်းစာ)
၉။ ဂူအမှတ် ၈၄၀ ( မှတ်တမ်းစာ)
၁၀။ ဂူအမှတ် ၁၁၂၄ ( မှတ်တမ်းစာ)
၁၁။ ဂူအမှတ် ၁၁၂၇ ( မှတ်တမ်းစာ)
၁၂။ ဂူအမှတ် ၁၁၄၀( မှတ်တမ်းစာ)
၁၃။ ဂူအမှတ် ၁၁၄၁ ( မှတ်တမ်းစာ)
၁၄။ ဂူအမှတ် ၁၁၄၂ ( မှတ်တမ်းစာ)
၁၅။ ဂူအမှတ် ၁၁၄၃ ( မှတ်တမ်းစာ)
၁၆။ ဂူအမှတ် ၁၁၄၄ ( မှတ်တမ်းစာ)
၁၇။ ဂူအမှတ် ၁၁၉၂ ( မှတ်တမ်းစာ)
၁၈။ ဂူအမှတ် ၁၂၁၄ ( မှတ်တမ်းစာ)
၁၉။ ဂူအမှတ် ၁၃၀၇ ( မှတ်တမ်းစာ)
၂၀။ ဂရို့ဘုရား ( အုတ်တချပ်ဘုရား ) ( မှတ်တမ်းစာ)
၂၁။ စိမ်းညက် ညီအမ ( မှတ်တမ်းစာ)
၂၂။ ငါးမျက်နှာ ဘုရား( မှတ်တမ်းစာ)
၂၃။ စာသင်ဂူ ( မှတ်တမ်းစာ)
၂၄။ စာသင်ဂူမြောက်ဘက် ၄ ဖာလုံအကွာရှိ တိုက်ခံဘုရား( မှတ်တမ်းစာ)
၂၅။ စောလှဝိုင်းဘုရား အရှေ့မြောက်ဘက်ရှိ အရှေ့လှည့်ဂူ ( မှတ်တမ်းစာ)
၂၆။ စောလှဝိုင်းဘုရား အနောက်မြောက်ဘက်အနီး ဂူအမှတ် ၉၈၂ ( မှတ်တမ်းစာ)
၂၇။ ဆုတောင်းပြည့် ( မှတ်တမ်းစာ )
၂၈။ ထီးလိုမင်းလို ( မှတ်တမ်းစာ)
၂၉။ တောင်ဘီရွာ အနောက် မွန်ဂူ၏ ဗဟိုတိုင်၊ မြောက်ဘက်လိုဏ်ဂူ အရှေ့နံရံ ( ဇာတာ ၃ ခု ၊ မှတ်တမ်းစာ )
၃၀။ တောင်ဘီရွာ အနောက် မွန်ဂူမြောက်ဖက် ကပ်လျက်ရှိသော ဂူအမှတ် ၁၃၀၇ ဂန္ဓကုဍိတိုက်အဝင်ပေါက် တောင်ဘက်နံရံ ( ဇာတာ၊ မှတ်တမ်းစာ )
၃၁။ တောင်ဘီရွာ အနောက် ရှေးမွန်ဘုရား ( ရှေးမွန်စာ )
၃၂။ တိုက်ခံဘုရားမြောက်ဘက်အနီး ပြိုနေသောဘုရား ( မှတ်တမ်းစာ)
၃၃။ ထီးလိုမင်းလိုစေတီအနီးတဝိုက်ရှိ ရွှေလိပ်တူး ၊ ရွှေလိပ်ပြေး ( မှတ်တမ်းစာ)
၃၄။ ထီးလိုမင်းလိုအနောက်ဘက် ဂူအမှတ် ၁၁၂၃ ( မှတ်တမ်းစာ)
၃၅။ ဓမ္မရာဇိကဘုရား အရှေ့ ဂန္ဓကုဋိ မြောက်နံရံ ( တောင်ငူခေတ် ကဗျာ )
၃၆။ နွားများဂူ ( နွားပြဂူ ခေါ် နွားမျာ့သင်္ခရာ နှစ်ထပ်ဂူဘုရား ) ( မှတ်တမ်းစာ)
၃၇။ နွားပြဂူ အရှေ့ဘက် တဝဂူ ( မှတ်တမ်းစာ)
၃၈။ ပုထိုးသများ ဘုရား ( ရှေးမွန်စာ )
၃၉။ ပုဂံမြော်ဘုရား ( မှတ်တမ်းစာ)
၄၀။ ပုဂံအနောက် ဖွားစောရွာ သစ္စာဝတီ ၂ထပ်ဂူဘုရား ( မှတ်တမ်းစာ )
၄၁။ ပဲနံသာဂူ ဘုရား ( မှတ်တမ်းစာ)
၄၂။ ပဲနံသာဂူ ဘုရားအနီးရှိ အမည်မရှိဂူဘုရား ၂ဆူ ( မှတ်တမ်းစာ)
၄၃။ ဖြတ်စရွှေဂူ( မှတ်တမ်းစာ)
၄၄။ မင်းနန်သူရွာ ဘုရားသုံးဆူ အတွင်းနံရံ ( မင်းရေးဇာတာ ၃ခု ၊ မှတ်တမ်းစာ )
၄၅။ မြစည်းခုံဘုရားတောင်ဘက် ဥယဉ်ကြီးဘုရား ( ဂူ- ၃၃၉) ၏အာရုံခံအရှေ့နံရံ တောင်ဘက်ပိုင်း ( မှတ်တမ်းစာ )
၄၆။ မင်္ဂလာစေတီအနီး သဲဘုရား ( မှတ်တမ်းစာ)
၄၇။ မင်္ဂလာစေတီအနီး ငါးမျက်နှာဘုရား ( မှတ်တမ်းစာ)
၄၈။ မင်္ဂလာစေတီအနီး ဘွဲ့မရှိ ဘုရားကလေး ( မှတ်တမ်းစာ)
၄၉။ မင်္ဂလာစေတီအနီး မြောက်လှည့်ဂူ ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၅၀။ မင်္ဂလာစေတီအနီး အဂ္ဂတေ့ဘုရား ( မှတ်တမ်းစာ )
၅၁။ မင်္ဂလာစေတီအနီး အရှေ့လှည့်ဂူ ၆၆၀ ၊ ( မှတ်တမ်းစာ )
၅၂။ မင်္ဂလာစေတီအနီး မြောက်လှည့်ဂူ (မှတ်တမ်းစာ)
၅၃။ မီးငြမ်းကုန်း ( မှတ်တမ်းစာ)
၅၄။ မြင်းကပါရွာ မြောက်ဘက် ဂူပြောက်ငယ် ( မှတ်တမ်းစာ၊ တောင်ငူခေတ် ကဗျာ ၊ ဇာတာ )
၅၅။ မြင်းကပါဂူပြောက်ငယ် အရှေ့အာရုံခံ တောင်နံရံ ( ရတု ပိုဒ်စုံ ၂ ပုဒ် )
၅၆။ မြင်းကပါ ဂူပြောက်ကြီး ( ရှေးမွန်စာ)
၅၇။ မြင်းပြဂူ ( ရှေးမွန်စာ ၊ ၅၅၀ ဇာတ်နိပါတ်တော်စာ)
၅၈။ မိုးကြိုးပစ်ဘုရား ( မှတ်တမ်းစာ)
၅၉။ မိုးမှဲမှောင် ( မှတ်တမ်းစာ)
၆၀။ မြသိန်းတန် ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၆၁။ မာရ်အောင်ဘုရား ( မှတ်တမ်းစာ)
၆၂။ ရွာဟောင်းကြီးခေါ် လောကမှန်ကင်းနှစ်ထပ်ဂူ ၈၁၁ ( မှတ်တမ်အစာ)
၆၃။ ရှင်မယ်ဇူ (သဖြူလေး) ဘုရား ( မှတ်တမ်းစာ)
၆၄။ ရွှေကြံဖပ်( မှတ်တမ်းစာ)
၆၅။ ရွှေဆံတော်ဘုရား အနောက်ဖက် ၊ လောကဦးသျှောင် နှစ်ထပ်ဂူဘုရား (ဂူ- ၇၈၀) အရှေ့ဖက် အာရုံခံ မြောက်နံရံ ( ကဗျာ )
၆၆။ ရွှေလက်လှ ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၆၆။ ရွှေဆံတော်ဘုရားအနီး မဟာဂူကြီး ( မှတ်တမ်းစာ)
၆၇။ ရွှေဆံတော်ဘုရားအနီး ဂူကြီးဘုရား ( မှတ်တမ်းစာ)
၆၈။ ရွှေဆံတော်ဘုရားအနီး ဂူအမှတ် ၇၇၃( မှတ်တမ်းစာ)
၆၉။ ရွှေဆံတော်ဘုရားတောင်းဖက်ရှိ ဂူငယ် ( အလှူရှင်အမည် နှင့် မှတ်တမ်းစာ )
၇၀။ ရွှေဆံတော်မြောက်ဘက်ရှိ ဂူကလေးဘုရား( မှတ်တမ်းစာ)
၇၁။ ရွှေဘုံသာဘုရား ဂူအမှတ် ၂၀၂ ( မှတ်တမ်းစာ)
၇၂။ ရွှေလက်လှ ဂူအမှတ် ၁၂၆၈ (မှတ်တမ်းစာ )
၇၃။ လောကထိပ်ပန် ( မှတ်တမ်းစာ)
၇၄။ ဝက်ကြီးအင်း တန်ဆောင်း မိဘုရားကျောင်း ( မှတ်တမ်းစာ)
၇၅။ ဝက်ကြီးအင်း လေးမျက်နှာဂူ ( မှတ်တမ်းစာ)
၇၆။ ဝက်ကြီးအင်း ဂူပြောက်ငယ် ( မှတ်တမ်းစာ)
၇၇။ သကျမုနိ ( မှတ်တမ်းစာ)
၇၈။ သဗ္ဗညုဘုရား ( မှတ်တမ်းစာ)
၇၉။ သမ္ဘူလ ( သုံးလူလှ ) (ဗုဒ္ဓဝင် ပါဠိဂါထာ )
၈၀။ သိမ္မစည်း ဘုရား ( မှတ်တမ်းစာ)
၈၁။ သျှင်ပင်သက်တော်ရှည် ( မှတ်တမ်းစာ)
၈၂။ အနောက်ဖွားစောရွာ သစ္စာဝတီ ဂူဘုရားအရှေ့တောင် မင်းမရဲဂူငယ် ( မှတ်တမ်းစာ )
၈၃။ အလိုပြည့်ဘုရာ ( မွန် မှတ်တမ်းစာ )
၈၄။ အလိုပြည့်ဂူ အနောက်ဘက်ရှိ ဂူအမှတ် ၂၃၅ ( မှတ်တမ်းစာ)
၈၅။ အလိုပြည့်ဂူ အရှေ့မြောက် ကိုက် ၅၀ ခန့်အကွာရှိ ဂူအမှတ် ၁၃၀ ( မှတ်တမ်းစာ)
၈၆။ အာနန္ဒာ အုတ်ကျောင်း ( မှတ်တမ်းစာ )
မင်စာအမျိုးအစား ၂ မျိုးရှိပါတယ်။
၁။ မူလရေး မင်စာ
၂။ နောက်ရေးမင်စာ
၁။ မူလရေးမင်စာ
မူလရေးမင်စာတို့တွင် ဗုဒ္ဓဝံသဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ ၊ ငါးရာငါးဆယ် ဇာတ်တော်များ ၊ နိပါတ်တော်များနှင့် တခါတရံမြတ်စွာဘုရား၏ ဖြစ်တော်စဉ်များ၊ ဟောကြားခဲ့သော သုတ်တော်များ၊ ဝိနည်းများ ၊ အိန္ဒိယပြည်တွင် ဗုဒ္ဓအယူဝါဒနှင့် ဆက်စပ်နေသော ရာဇဝင်ကြောင်းများ ၊ မဟာဝင် စသည်တို့ပါဝင်သည်။ ယင်းမူလထိုး မင်စာများကို မွန်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း အဆောက်ဦးတည်စကပင် ရေးထားခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
၂။ နောက်ရေးမင်စာ
နောက်ရေးမင်စာများတွင် ၊ ထပ်မံ ပြုပြင်မွမ်းမံသော အကြောင်းအရာများ ၊ ဆေးမီးတိုများ ၊ ဂါထာများနှင့် ဇာတာများ ပါဝင်ပါသည်။ မြန်မာဘာသာတို့ဖြင့် ရေးထား၍ ၊ စကားပြေနှင့်လည်းတွေ့ရ၏။ လင်္ကာနှင့်လည်းတွေ့ရ၏။ ယင်းမင်စာများ အဆောက်ဦးများ တည်ထားပြီးသည့်နောက် ကာလများအတွင်းက ရေးထားခဲ့သည့် နောက်ရေးမင်စာဖြစ်ကြောင်း ခွဲခြားဖော်ပြအပ်ပါသည်။
ဒီစာရင်းဟာ လုစ် (G.H Luce )၊ ဗိုလ်မှူးဘရှင် ၊ ဦးဖေမောင်တင် တို့ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ၁၉၆၄ ခုနှစ်ထုတ် ပုဂံမင်စာစု သုတေသနလုပ်ငန်း မှတ်တမ်းစဉ် (၁)ကို အခြေခံပြီး စာရင်းလုပ်ထားတာပါ။ ဒါကြောင့် ၁၉၆၄ နောက်ပိုင်းကာလ အခြေနေကို မသိရသေးပါ။ ပုဂံဘုရားတွေအများကြီးထဲမှာ မှ အရေတွက် ၉၀ လောက်သာရှိတဲ့ စာရင်းသာရတဲ့အတွက် စုံလင်လှပြီလို့ မဆိုနိုင်ပါ။ တချို့ ဂူ ၊ကျောင်း ၊ဘုရား ၊ အဆောက်ဦးသော်လည်းကောင်း ၊ ရေးထားတဲ့ မှင်စာသော်လည်းကောင်း ပျက်စီးပြီးဖြစ်နေလောက်ပါပြီ။ အခုလက်ရှိအချိန်မှာ ဘယ်လောက်ကျန်သေးလဲဆိုတာတော့ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဌာန ကဆက်ပြီးလုပ်သင့်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီစာရင်းဟာ ပုဂံသွားပြီး မှင်စာလေ့လာလိုသူတွေအတွက်အသုံးဝင်နိုင်ကောင်းပါရဲ့။
11/22/10
မန္တလေး မဟာမြတ်မုနိဘုရားကြီးက နံရံဆေးရေးပန်းချီ

ရန်ကုန်ရောက်တဲ့ ညနေဘက်မှာဘဲ မန္တလေးကိုဆက်တက်ပါတယ်။ နောက်တစ်နေ့ နံနက် ၇ ရာရီလောက် မန္တလေး ရောက်တယ်။ ၄ နာရီလောက်အချိန်ယူပြီး လျှောက်ပတ်ကြည့်တယ်။ ရှော့ပင်းမောတွေ တိုးလာတယ်၊ ဆိုင်ကယ်တွေတိုးလာတယ် ၊ ဟန်းဖုန်း တွေတိုးလာတယ် ၊ အဝတ်စားဝတ်ဆင်မှု ပုံစံနည်းနည်းပြောင်းလာတယ်။ ကျွဲဆည်ကန်ကစပြီး ရောက်တဲ့ နေရာတိုင်းမှာ ယဉ်စည်းကမ်း လမ်းစည်းကမ်း ထုံးစံအတိုင်းဖြစ်နေတာ မြင်ရတယ်။
ကားမောင်းသူချပေးတဲ့ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုတ်က ဝင်ဝင်ချင်းမှာဘဲ ဒီနံရံ ဆေးရေးပန်းချီကိုတွေ့ တယ်။ အမှန်တိုင်းဝန်ခံရရင် ဒီနေရာမှာ နံရံဆေးရေးပန်းချီတွေရှိမှန်း အရင်က မသိခဲ့ပါ။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။
ဝမ်းနည်းစရာကောင်းတာက ဆေးရေးပန်းချီတွေကို ဘယ်သူမှ အလေးမထားတာပါဘဲ။ အင်္ဂတေ ပေါ်မှာရေးထားတာဖြစ်တဲ့အတွက် အင်္ဂတေသားတွေ ကွာကျသွားတာနဲ့ ပန်းချီတွေပါ ပျက်စီးသွားပါတော့တယ်။ အဲဒိလို ပျက်သွားတဲ့ နံရံကို ထုံး ၊ ဒါမှမဟုတ် ဆေးဖြူ သုတ်ထားတာမြင်ရတယ်။ လူ့အညစ်ကျေး ၊ ကွမ်းတံတွေးကြောင့် ညစ်ပတ်နေပါတယ်။ ဘုရားဆောင်းတန်းမှာ ပန်းပုထုပြီး အသက်မွေးဝမ်းကြောင်းတဲ့ လူတွေရဲ့ သစ်တို သစ်စ ၊ ပျဉ်တို ပျဉ်စ တွေကို ဆေးရေးပန်းချီတွေရှိတဲ့ နံရံတွေပေါ် ထောင်ထားတာလည်းတွေ့ခဲ့ရတယ်။
ရှေ့မှာ ပြောခဲ့တဲ့အတိုင်း သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။ မန္တလေး ဆရာချုံ ရဲ့လက်ရာတွေကို အမှတ်ရစေပါတယ်။ ရေးဆွဲတဲ့ ခုနှစ် ၊ ရေးဆွဲသူ ၊ လှူဒါန်းသူ စတဲ့အချက်လက်တွေကို နောက်မှဘဲ စီစစ်ပြီးရေးပါမယ်။

Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း

သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me

- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)