Showing posts with label စိတ်ကြိုက် စာအုပ်. Show all posts
Showing posts with label စိတ်ကြိုက် စာအုပ်. Show all posts

2/16/11

ကျနော်နဲ့ နွား များ

မော်လမြိုင်စာပေဟောပြောပွဲအသံဖိုင်တွေထဲက စာရေးဆရာမခင်ခင်ထူးရဲ့ ဟောပြောချက် နားထောင်ဖြစ်ပါတယ်။ နောက်ဆုံးမှာပြောသွားတဲ့ " နွား ပေစိ " အကြောင်းနားထောင်ရင်း " နွား " နဲ့ပတ်သက်တဲ့ အဖြစ်ပျက်လေးတွေပြန်စဉ်းစားမိတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀နီးပါးကအဖြစ်ဖြစ်ကနေ ဒီနှစ်ပိုင်းအဖြစ်ပျက်တွေအထိဆိုတော့ မှတ်မိတာရှိသလို လုံးဝမေ့နေတာလည်းရှိသပေါ့လေ။

ကျနော်ဇာတိ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ " တမူး " ဆိုတာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတော့ သွားလာရ အင်မတန်ခက်ခဲပြီး မြန်မာပြည်နယ်စပ်မြို့တွေထဲမှာ အစုတ်ဆုံးမြို့လို့ ပြောလို့ရနိုင်တယ်။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းခင်းပြီးနောက် အနီးဆုံးလေဆိပ်ရှိတဲ့ " ကလေး " မြို့ကို ၂ နာရီလောက်သာကြာပေမယ့် ဟိုအရင်ကတော့ ၂ ရက်လောက်မောင်းယူရတဲ့ခရီးပါ။ မိုးတွင်းကာလဆို အခန့် မသင့်ရင် ၂ ကလေး-တမူး နှစ်ပတ်လောက်ကြာပါတယ်။ နယ်မြို့မှာကြီးပြင်းလာရတဲ့ ကျတော်တို့လိုတောသားတွေမှာ " နွား " ဆိုတာငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသားရယ်။ ခွေးပြီးရင်နွားဟာ လူနှင့် အနီးကပ်ဆုံး၊ လက်ပွန်းတတီးအရှိဆုံးလို့ ပြောနိုင်ပါတယ်။ စိုက်ပျိုးရေးမှာ သုံးသလို သယ်ယူပို့ဆောင်ရေးမှာလည်းသုံးတာပါဘဲ။ မြို့တက်ပြီးရောင်းဖို့လာတဲ့ ဆန် ၊ ပဲတွေအပြည့်တင်ထားတဲ့ လှည်းတန်းရှည်ကြီးတွေမမေ့ပါ။ အဲဒိတုန်းကတော့ အဖိုးတန်အဆောင်ယောင်တွေထဲမှာ နွား ဟာတစ်ခုအပါဝင်ပေါ့။

လေးငါးခြောက်နှစ်သားအရွယ်တုန်းကတော့ ကျောင်းသွားရာလမ်းမှာ သူ့ဖာသာသူ အေးအေးလူလူ မျက်စားနေတဲ့နွားတွေမြင်တဲ့အခါ ခဲနဲ့ပေါက်ပြီးပြေးတယ်။ ခဲနဲ့အပေါက်ခံရတဲ့နွားတချို့က ဘယ့်နယ်မှမနေပေမယ့် တချို့နွားတွေကဖြင့် လန့်ဖြတ်ပြီးပြေးတဲ့အခါ သိပ်ကိုသဘောကျခဲ့တယ်။ သူတပါးအသားနာအောင်လုပ်တဲ့အပြင် အစာစားတာကိုနှောင့်ယှက်တာမျိုးကို ကျေနပ်ခဲ့ဖူးတယ်။ သနားရမှန်း မသိတတ်ခဲ့ပါ။ နွားဟာ ကန်တတ်တဲ့သတ္တဝါ။ ရှေ့ခြေနှစ်ချောင်းနဲ့ မဟုတ်ဘဲ နောက်ခြေနှစ်ချောင်းနဲ့ နောက်ပြန်ကန်တာမျိုးပါ။ နွားကန် (နကန်) ခံရရင်မသက်သာပါ။ ညိုသကျီးများ ကန်ခံလို့ကတော့ ဖူးရောင်ပြီး လမ်းတောင်မလျှောက်နိုင်ပါ။ ချည်တိုင် မှာ ချည်ထားတဲ့နွားရဲ့ နောက်ဘက်ကိုသွားပြီး ဒုတ်တံရှည်ရှည်နဲ့ နောက်ခြေတံနှစ်ချောင်းကို လှမ်းတို့တဲ့အခါ နွားက လန့်ပြီးကန်တတ်တယ်။ ဘလာချည်းသက်သက်ဖြစ်နေတဲ့ လေဟာနယ်ထဲကို ခုန်ဆွ ခုန်ဆွနဲ့ နောက်ပြန်ကန်နေတဲ့ နွားကိုကြည့်ပြီး ကျေနပ်စွာဟားတိုက်ရယ်မောခဲ့ဖူးပါတယ်။ ကျနော် အဲလောက်ထိ မိုက်မဲပြီး အကြင်နာတရားမဲ့ခဲ့ဖူးပါတယ်။
၇-၈ နှစ်သားလောက်ရောက်တဲ့အခါမှာတော့ ကျနော့အမေရဲ့ အဖေ၊ ကျနော့အဖိုး နွားတွေနဲ့ ကျနော်ထိပ်တိုက်တိုးပါတော့တယ်။ အဖိုးဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ခေါက်ခူရွာဇာတိဖြစ်တယ်။ ယောနယ် ပုံတောင် ပုံညာကဖြစ်ပြီး ကျနော့မိဘတွေဟာလည်းဘဲ ခေါက်ခူရွာသူရွာသားတွေပါ။ အဖေနဲ့အမေအိမ်ထောင်ပြုပြီးနောက်ပိုင်း အဖေကအလုပ်တာဝန်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကဘော်ချိုင့်ဝှမ်းမြို့တော် တမူး ကိုအပြောင်းကျတဲ့အတွက် အမေက ရောင်နောက်ဆံထုံးပါပါတယ်။ ကျနော့ကို တမူးမှာမွေးတယ်။ တမူးမှာ အမေအခြေကျပြီးနောက် အမေ့ညီမနှစ်ယောက်လည်း အိမ်ရောက်လာခဲ့တယ်။ ကျနော်တို့ ညီကိုတွေကဖြင့် အမေ့ညီမတွေကို လေးလေးလို့ခေါ်ပါတယ်။ လေသံအတိုင်းရေးရရင်တော့ " လလေး "လို့ရေးရမလားမသိ။ နောက်တော့ အမေ့ညီမနှစ်ယောက်ဟာ တမူးမြို့နားက ရွာသားနှစ်ယောက်နဲ့အကြောင်းပါပြီး ရောင်နောက်ဆံထုံးပါရပြန်တယ်။ အကြီးမက " ထင်းဇင် " ရွာ၊ အငယ်မက " မင်းသမီးရွာ " အမေက " တမူးမြို့ပေါ်မှာ။

အဖိုးဟာ နှစ်စဉ်နှစ်တိုင်း လယ်သိမ်းပြီဆိုတာနဲ့ သူပိုင်နွားတစ်ရှဉ်းနဲ့ သူ့သမီးတွေရှိရာ တမူးမြို့ဘက်ခရီးထွက်တော့တာပါဘဲ။ သူ့လှည်းပေါ် ရိက္ခာအပြည့်တင် ၊ ဓားမ နှစ်ချောင်း ချိတ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် ခေါက်ခူရွာကနေ သူ့သမီးတွေရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးအထိခရီးဟာ တစ်လကိုးသီတင်းကြာပါတယ်။ ဘယ်သူ့ဆီအရင်ဝင်မယ်ဆိုတာမျိုးသတ်မှတ်မထားဘဲ သူစိတ်ကူးတည့်ရာ သမီးအိမ်ကိုအရင်ဝင်ပါတယ်။ တစ်ခါတလေ အပျော်လွန်ပြီး မိုးကျပေမယ့် မပြန်ဖြစ်တော့ဘဲ နှစ်ပေါက်တဲ့အထိနေသွားတတ်တယ်။ အနေကြာလာတဲ့အခါမှာတော့ " သူ့အဖွားကြီးကိုတွေ့ချင်တယ် " သားတွေ၊ မြေးတွေ တွေ့ချင်တယ်အကြောင်းပြပြီး ယောနယ်ပြန်ပြေးတော့လည်း ဒီနွားတစ်ရှဉ်းနဲ့ ၊ ဒီလှည်းနဲ့ပါဘဲ။

အဖိုးကသူ့နွားတွေကို အင်မတန်ချစ်ပြီး အင်မတန်လည်းဂရုစိုက်ပါတယ်။ နွားဟာသူ အခင်တွယ်ဆုံးမိတ်ဆွေ ၊အချစ်ဆုံးသူငယ်ချင်းပါ။ အဖိုးလှည်းမောင်းတဲ့အခါ လှည်းသမားတွေရဲ့ ထုံးစံအတိုင်း ကြိမ်လုံးဆောင်ထားပေမယ့် သူ့နွားတွေကို ရိုက်လေ့မရှိ၊ ဟဲ့ ငပြာကြီး ရုန်းပါဟဲ့ ၊ လုပ်ပါဟဲ့ လို့သာဆိုတယ်။ တစ်ခါတစ်ခါ ကြိမ်တို့တာလောက်တော့ရှိသပေါ့လေ။ ဒါကြောင့် သူအချစ်ဆုံးမြေးဖြစ်တဲ့ ကျနော်က သူ့နွားတွေကို အနိုင်ကျင့်လို့မရပါ။ ဒါပေသိ ပိုပြီးပျော်စရာကောင်းတာက သူ့နွားတွေကိုချစ်တတ်လာအောင်သင်ပေးတာပါဘဲ။ လှည်းစီးရုံတင် မကျေနပ်နိုင်တဲ့ကျတော်က လှည်းမပါဘဲ နွားကြီးသက်သက်စီးချင်တဲ့အခါ အဖိုးဟာ ကျနော့ကိုသူ့နွားပေါ်တင်ပြီးဘေးကလိုက်ပေးရှာတယ်။ ဒီလိုနဲ့ ကျနော်လည်း နွားတွေနှင့် ယာဉ်ပါးလာခဲ့တယ်။ နွားတွေအပေါ် ချစ်တတ်လာခဲ့တယ်။

အဖိုးဟာ အားရင်သူ့နွားတွေကို ပွတ်သပ်ပြီး စကားပြောတတ်သေးတယ်။ ဘာတွေပြောမှန်းတော့မသိ။ ပါးစပ်၊ မျက်လုံး ၊ နားရွက် ကစလို့ ခွါ၊ အမြှီးထိအောင် ဂရုတစိုက်သန့်ရှင်ရေးလုပ်ပေးတယ်။ နေ့ခင်းဘက်မှာ " မှက် " တို့ " မွှား " တို့ အကိုက်မခံရအောင် ဂရုစိုက်တတ်သလို ညဘက်ဆိုလည်း ခြင်မကိုက်အောင်ဆိုပြီး သူ့နွားတွေနားမီးဖို ဖိုပေးထားတတ်သေးတယ်။ အစာကိုလည်းဂရုတစိုက်ကြွေးတယ်၊ လွတ်ကျောင်းတဲ့အခါ သူကိုယ်တိုင် သူ့နွားကိုကျောင်းတတ်တယ်။ ဒါကြောင့်သူ့နွားတွေဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲကြော့နေတဲ့ နွားချောတွေပါဘဲ။ "ငါ့နွားတွေက မင်းထက်အလုပ်လုပ်ပြီး မင်းလိုစကားမများဘူး" " ငါ့နွားတွေက မင်းလို ပြောရတာလက်ပေါက်မကပ်ဘူး" လို့အဖိုး နောက်ပြောင်ပြီးပြောခဲ့တဲ့စကားမမေ့ပါ။ အဖိုးနွားတွေက တကယ်လည်းလိမ္မာကြပါတယ်။

နွားတွေရဲ့ သဘာဝ ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ပဲခင်းထဲဖြတ်မောင်းဆိုရင်ဖြင့်မှီရာ လှမ်းစွဲပြီးစားတတ်ကြတယ်။ အထူးသဖြင့် စားတော်ပဲခင်းဆိုပိုဆိုးတတ်တယ်။ အညွန့်လေးတွေတက်နေတဲ့ စားတော်ပဲခင်းဟာ နွား တွေအတွက် သွားရည်ယိုစရာ နတ်သုဒ္ဓါပေါ့။ ဒါကြောင့် ပဲခင်းထဲဖြတ်မောင်းတာဘဲဖြစ်ဖြစ်၊ နွားနဲ့အလုပ် လုပ်တာဘဲဖြစ်ဖြစ် သွားရတဲ့အခါ " ခြင်းတောင်း အငယ်လေးတွေပုံစံ ခပ်ကျဲကျဲ ရက်ထားတဲ့ တောင်းသေးသေးလေးတွေ နွားပါးစပ်ကို စွပ်ပေးထားကြတယ်။ အဖိုးနွားတွေကတော့ အဲလို အုပ်ပေးထားစရာမလိုပါ။ " ဟဲ့ ဟဲ့ ငပြား ၊ ငဝါ မလုပ်နဲ့ " ဆို တခွန်းနဲ့တင်ပြီးပါတယ်။ နောက်တော့လည်း အဖိုးနွားတွေနဲ့ကျနော်လက်ပွမ်းတတီးဖြစ်လာပါတယ်။ ခေါင်းကိုင်လို့ကိုင် ၊ နားရွက်စွဲလို့စွဲ ၊ ဂျိုကိုင်လို့ကိုင် လုပ်ပေမယ့် ပြန်ခွေ့တာမျိုးမရှိဘဲ မျက်လုံးနှစ်လုံးကို မှိတ်ကာ မှိတ်ကာလုပ်တတ်တာကလွဲပြီး သည်းခံရှာကြတယ်။

ကျနော် ၈ -၉ တန်းကျောင်းသားရောက်တော့ သူငယ်ချင်းဖြစ်သူ ရဲ့အိမ်မှာသွားနေပြီး ကျောင်းတက်တယ်။ သူငယ်ချင်းဖြစ်သူရဲ့အဖေဟာ မြို့နယ် တိရိစ္ဆာန် ဆရာဝန်ဆိုတော့ နာမကျန်းဖြစ်နေတဲ့ အကောင်ပေါင်းစုံ တွေ့ရတော့တာပါဘဲ။ တစ်ခါက ချင်းတိုင်းရင်းသားတစ်ယောက် ကြက်မကြီးတစ်ကောင် ကိုင်လာပြီး " ဆာကီး ငါ့ကျေးဇူးရှင် ဒီကြက်မ နေကောင်းအောင် ကုပေးပါ " " ဆေးကုခ ကြက် သုံးကောင်ပေးပါ့မယ် " ဆိုပြီးလာတာလည်းတွေ့ဖူးပါရဲ့။ တကယ်တော့ သူ့ကိုအကောင် ၂၀၀ လောက်မွေးပေးခဲ့တဲ့ ကြက်မကြီး အသက်ရွယ်အရ နာမကျန်းဖြစ်တာကို မကြည့်ရက်လို့ထင်ပါရဲ့။ နွားမကြီးကနေ နွားပေါက်စလေး မွေးတာလည်းထိုင်ကြည့်ခဲ့ဖူးတယ်။ တော်တော် အရွယ်စားကြီးတဲ့အကောင်ကို မြေပေါ်လေးဘက်ထောက်ကြလာအောင်မွေးပေးရတဲ့အတွက် နွားမကြီးတွေအနေနဲ့ အတော်ခက်ခဲ အန္တရာယ်များတဲ့အလုပ်ပါ။ မတော်လို့ ခြေ၊လက်၊ခေါင်း ကန့်လန့်ဖြစ်နေတဲ့အခါ နွားမကြီးက တဘွဲဘွဲ အော်နေတတ်တယ်။ အဲဒိအခါ တိရိစ္ဆာန် ဆရာဝန် ကယ်မှ အဆင်ချောတော့တယ်။ ဝက် ၊ ဆိတ် ၊ ကျွဲ ၊ နွား ပိုက်တာတွေတော့ မပြောတော့ဘူး။ နောက်ကြုံရင်လည်းပြောတာပေါ့။

မြို့နယ် တိရိစ္ဆာန် ဆရာဝန်ဆိုတော့ သူပိုင်မြို့နယ်ထဲမှာရှိတဲ့ ကျွဲ၊ နွား တွေခွါနာလျှာနား ၊ ဒေါင့်သန်းရောဂါ စတာတွေမဖြစ်အောင် ကာကွယ်ဆေးထိုးပေးရတယ်။ လက်ထောက်ဆရာဝန်ရှိပေမယ့် မြို့နယ်ကကျယ်ပြီး ရွာတွေကများတဲ့အတွက် သူ့အပိုင် ၊ကိုယ့်အပိုင်ခွဲပြီး တာဝန်ယူရပါတယ်။ ကျနော့သူငယ်ချင်းဖြစ်သူရဲ့ အဖေဖြစ်တဲ့ တိရိစ္ဆာန် ဆရာဝန်ဟာ အသက်ရွယ်ရလာပြီဆိုတော့ အတော်အတန်ဝေးတဲ့ရွာဆို မသွားနိုင်တော့ပါ။ ကျနော်နဲ့ ကျနော့သူငယ်ချင်း ကို " တိရိစ္ဆာန် ဆေးထိုးနည်း သင်ပေးထားပါတယ် " ။

တိရိစ္ဆာန်က လူလိုအိပ်ယာပေါ်စင်းခံပေးတာမျိုးမဟုတ်တဲ့အတွက် တော်တော်မလွယ်တဲ့ ပညာရပ်ပါဘဲ။ သူတို့ ဆေးထိုးရတာ သိုင်းကစားသလိုပါဘဲ ၊ တိရိစ္ဆာန် အကောင်ပေါ်မူတည်ပြီး လျှင်မြန်ပါးနပ် မှုရှိဖို့ အရေးကြီးပါတယ်။ ခွေး ၊ ကြောင်တွေက အခန့်မသင့်ရင် ပြန်ရန်ပြုတတ်လို့ သူတို့ကို ဆေးထိုးရတာ သိပ်မခက်ပေမယ့် သိပ်မလွယ်ပါ။ " ဝက် " လို အရေထူပြီး ခြံထဲပတ်ပြေးနေတဲ့ အကောင်မျိုးဆို ဆေးတစ်ခါထိုးဖို့ ၂ နာရီ ၃ နာရီလောက်ကြာတတ်တယ်ခင်ဗျ။ ကျွဲ ၊ နွား တွေဆိုလည်းအခန့်မသင့်ရင် ကန်ခံရ ၊ ခွေ့ခံရတတ်တယ်။ အခဲမကျေတတ်တဲ့ အကောင်နဲ့တွေ့လို့ကတော့ လိုက်ခွေ့တော့တာဘဲ။ ကျနော်တို့ဘက်ကရွာတွေက ခြေတံအိမ်ရှည်တွေဆိုတော့ အဲလိုအလိုက်ခံရရင် အိမ်ပေါ်တက်ပြေးရတာပေါ့။ ဒါပေမယ့် အလေ့ကျင့်ရသွားပြီးနောက်မှာတော့ ကျွဲ နှင့် နွား ဟာ အလွယ်ဆုံး ကောင်တွေဖြစ်လာပါတော့တယ်။ သတ်မှတ်ထားတဲ့ ဆေးရေပမာန (ml) နဲ့ တရုတ်သိုင်းကားတွေထဲက လက်နက်ပုန်းပစ်သလို လျှင်မြန်မှုကိုတော့ သေချာဂရုစိုက်ရသပေါ့။

မြို့နယ် စီမံချက်အရ ဝေးလံတဲ့ရွာတွေကို ကျွဲ၊ နွား တွေခွါနာလျှာနား ၊ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးဖို့ အချိန်ကျလာတဲ့အခါ ၈ တန်းကျောင်းသား ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကို လွတ်တော့တာပါဘဲ။ ဒါဟာ တရားဝင်တော့မဟုတ်ပါ။ ဆေးကုတာမျိုးမဟုတ်ပဲ ကာကွယ်ဆေးထိုးတာမျိုးဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီးလွတ်ပုံရတယ်။ စက်ဘီး ၊ ခြေလျှင် သင့်သလိုသွားရတာမျိုးဆိုတော့ အတော်ပင်ပန်းတဲ့ခရီးပါ။ သို့ပေမယ့် ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကလည်း အကြံရှိသဗျ။ ကျွဲ ၊ နွား တွေကို ကာကွယ်ဆေးထိုးတဲ့အခါ ဆေးဖိုး ငွေ ၂၀ ကိုတောင်သူတွေဆီကကောက်ခံပါတယ်။ ဒါလည်း တရားဝင်ကောက်လို့ရဒါမျိုးမဟုတ်ပါ။ ရွာတွေရောက်တဲ့အခါ ကျနော်တို့ နှစ်ယောက်သဘောတူညီမှုလုပ်ပြီး တစ်ကောင် အစိတ်ဆိုပြီးဈေးသတ်မှတ်ပါတယ်။ တစ်ခါ တစ်ခါ ကာကွယ်ဆေးထိုးထွက်ရင် ကျနော်တို့ နှစ်ယောက်အတော်လေး တွက်ခြေကိုက်ပါတယ်။

ရွာတွေရောက်တဲ့အခါ သူကြီးအိမ်ကိုတန်းဝင်ရတယ်။ ကျိုးကြောင်းပြောပြပြီး ကျွဲ နွား စုဖို့ မောင်းထုပြီး အသိပေးဖို့ သူကြီးလက်ထောက် ရွာဆော်ကို ခိုင်းရတယ်။ စုလို့ရသမျှ ကိုရွာထဲမှာတင် ဆေးထိုးပေးလို့ရပေမယ့် အများစုကတော့ လယ်တဲ ၊ ယာထဲ အထိဆင်းပြီး ဆေးလိုက်ထိုးပေးရတဲ့အတွက် အတော်ပင်ပန်းပါတယ်။ ဇီးရှိတဲ့အကောင် ( ကိုယ်ဝန်ဆောင်ထားတဲ့ ကျွဲ ၊ နွား ) ဆိုကာကွယ်ဆေးမထိုးရဆိုပြီး မှာထားလို့ ဆေးမထိုးခင် အထီး၊အမ သေချာအောင်ကြည့်ရသေးသဗျ။ အမဆိုရင် ဇီးရှိ၊မရှိမေးရသေးတယ်။ ကိုယ်နမော်နမဲ့ လုပ်ပြီးထိုးမိလို့ ဆုံးပါးသွားလို့မဖြစ်ပါ။ ဒါသူတို့ ရတနာ။ သူကြီးအိမ်မှာ အစားသောက်ကောင်းပေမယ့် လယ်ထဲ ၊ ယာထဲဆင်းတဲ့အခါ ထမင်းတောင် မစားရတဲ့နေ့တွေလည်းကြုံးခဲ့ဖူးတယ်။ အပြန်ခရီးမှာတော့ ငွေထုတ်ပိုက် ၊ သူတို့ပေးလိုက်တဲ့ လက်ဆောင်တွေတထောကြီးသယ်ပြီး ပြန်ပေါ့။ ရွာတွေရှိရာကို သုံးလေးလတစ်ခါ သွားရတာမို့ နောက်တော့လည်း သူကြီး ၊ ရွာသူ ရွာသား၊ ကျွဲ နွား မကျန် ကိုယ့်တို့နှစ်ယောက်ကိုမှတ်မိနေပါတော့တယ်။ ၈တန်းကျောင်းသား ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လာတဲ့အခါ " ဝေး အကောင်ဆရာဝန်လေးတွေလာတယ် " ဆိုပြီး ကြိုတတ်ကြတယ်။ နောက်ဖေးက ကြက် ၊ ဝက် တွေကဖြင့် မျက်ခုံး ခပ်လှုပ်လှုပ်ပေါ့။ ( ကျနော်တို့ဘက်မှာ ဘယ်တိရိစ္ဆာန် ဖြစ်ဖြစ် အကောင်လို့ခေါ်လေ့ရှိတယ် )

မြို့နယ် တိရိစ္ဆာန် ဆရာဝန်တွေရဲ့ နောက်ထပ်အရေးကြီးတဲ့အလုပ်ရှိပါသေးတယ်။ သားသတ်လိုင်စင် ရထားတဲ့ သားသတ်ရုံက ဝက်၊ ကျွဲ ၊ နွား တွေရဲ့ ကျမ်းမာရေးကိုစစ်ဆေးပေးရတာပါ။ ကူးဆက်ရောဂါရှိတဲ့ ဝက် ၊ ကျွဲ ၊ နွား ဖြစ်နေခဲ့ရင် သတ်ပြီး ရောင်းခွင့်မပေးပါ။ တစ်နေ့ နွားသတ်ရုံ လိုက်သွားမိရာက ကျနော့တစ်သက် မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုမြင်ရပါတယ်။ သားသတ်ရုံထဲမှာ နွားခုနှစ်ကောင်လောက်တွေ့တယ်။ နှစ်ကောင်က သာအမိဖြစ်ဟန်တူတယ်။ နွားမကြီးကိုသာကြိုးးချည်ထားပြီး နွားသားလေးကို ကြိုးချည်မထားပါ။ ထူးထူးခြားခြား မြင်ကွင်းကာတော့ နွား မျက်လုံးနှစ်လုံးအောက်မှာ စိုနေတဲ့မျက်ရည်စီးချောင်းနှစ်ခုတွေ့ရတာပါဘဲ။ တစ်ကောင်တည်းမဟုတ်ဘဲ နွားတွေအားလုံးဖြစ်နေတယ်။ ရောဂါရှိလို့မဟုတ်ပါ။ သူတို့အသတ်ခံရမှာသိလို ငိုနေကြဟန်တူပါတယ်။ ချင်းအမျိုးသားဖြစ်တဲ့ ဘာသာခြား တိရိစ္ဆာန် ဆရာဝန် မေးကြည့်တဲ့အခါ " ရောဂါကြောင့်မဟုတ်ဖူး " " ဝမ်းနည်းလို့နွားတွေငိုတယ် " " ဒီရောက်လာတဲ့နွားတွေ အကုန်ဒီလိုဘဲ " ဆိုတော့ ကျနော်အတော်ဝမ်းနည်းသွားပါတယ်။ အဲဒိဝမ်းနည်းမှု အတိမ်နက်ကို ကျနော်မရှင်းပြတတ်ပါ။ အဲဒိနေ့ကစလို့ ဘာကြောင့် အမဲသားမစားလဲဆိုတာ မေးတိုင်း အဲဒိအဖြစ်ပျက်ကိုပြန်ပြောပြမိတယ်။ ခုချိန်ထိပါ။ ခုတော့ ကျုပစ်ထဲရောက်တဲ့အထိရေးမိတယ်ဆိုပါတော့။

ဒီလိုနဲ့ ၁၀ တန်းကို ရန်ကုန်မှာတက်။ အဝေးသင်ကျောင်းပြီး။ အလုပ်လုပ်။အလုပ်ကိစ္စနဲ့ နယ်စုံရောက်။ ဒါပေမယ့် ရန်ကုန်မှာရှိနေတဲ့အချိန် ကျနော် ချစ်တဲ့ နွားတွေကိုရည်စူးပြီး အထူးမေတ္တာပို့တဲ့လရှိပါတယ်။ အဲဒိအချိန်ရောက်ရင် ရာထောင်ချီပြီး ပျက်စီးလေ့ရှိလို့ပါ။ " သိုးသငယ် " နေရာအစားထိုးခံရတဲ့ နွားတွေအတွက် စိတ်မကောင်းပါ။ ကိုယ်တိုင် တိရိစ္ဆာန် ချစ်တတ်တဲ့လူတစ်ယောက်အနေနဲ့ ဘယ်လို တိရိစ္ဆာန် မျိုးကိုမှ မပျက်စီးစေလိုပါ။ ကျနော်ပိုင်ဦးနှောက်လေးနဲ့ စဉ်းစားထားတဲ့ ကိုယ်ပိုင်အတ္တဖြစ်လို့ သူတပါးကို ထိခိုက်မိတာမျိုးဖြစ်ချင်ဖြစ်နေပါလိမ့်။ အပြစ်တင်လည်း ကျေကျေနပ်နပ်ခံယုံပါ။ ဒါပေမယ့် ဘယ်သူ့ကိုမှရည်ရွယ်ပြစ်တင်လိုစိတ်မရှိခဲ့တာအမှန် ပါ။

ခုလို ကံကောင်းထောက်မလို့ နိုင်ငံရပ်ခြားရောက်တဲ့အခါ ရံဖန်ရံခါ အမေးခံရတတ်တဲ့မေးခွန်းတစ်ခုရှိပါတယ်။ " အော်မင်းတို့က မြန်မာလား၊ ဒါဆို ဗုဒ္ဓဘာသာပေါ့ ၊ အမဲသားမစားဘူးပေါ့ " ဆိုတဲ့မေးခွန်းပါ။ အဲလိုအချိန်မှာ " ငါအမဲသား မစားတာ ဘာသာရေးနဲ့ မသက်ဆိုင်ပါ၊ ငါတို့နိုင်ငံက မင်းတို့ လိုမတိုးတက်တဲ့အတွက် တို့ မိဘ ဘိုးဘွားတွေအပါဝင် ငါတို့ ငယ်ကတည်းက လယ်လုပ်ငန်းမှာ နွား နှင့် လူ အတူတူတွဲပြီးအလုပ်လုပ်ရတယ်၊ သယ်ယူပို့ဆောင်ရေးမှာလည်းသုံးရတယ်၊ တို့လူနေမှုဘဝမှာ နွားဟာ ကျေးဇူးအပြုဆုံး တိရိစ္ဆာန် ဖြစ်တာကြောင့် မိတ်ဆွေအဖြစ်တန်ဖိုးထားလို့ တို့များ နွားသားမစားတာ ဆိုပြီး အလေးနက်ထားပြီးပြန်ဖြေရတယ်။ ပြီးရင် ကျနော် ၈ တန်းကျောင်းသားတုန်းက မြင်ခဲ့ရတဲ့နွားသတ်ရုံအကြောင်း တဆက်တည်းပြောလိုက်တော့တာပါဘဲဗျာ။ ခုတော့ ကျုပစ်ဖိုရမ်ထဲရောက်တဲ့အထိရေးမိတယ်ဆိုပါတော့။
သတ္တဝါ တစ်ခု ကံတစ်ခု
ဟိုတလောကကျုပစ်ဖိုရမ်မှာရေးခဲ့တဲ့စာပါ။ ရေးမိတဲ့စာတွေတစ်စုတစည်းတည်းရှိစေချင်လို့ဒီမှာခဏသိမ်းပါမယ်။ ရှေးမြန်မာ ဘလော့ရဲ့ မူလ Themes နှင့်ဘာမှမသက်ဆိုင်ပါ။

4/3/10

ကုန်ရောင်းပြေစာ (၂၆.၅.၇၆ )

ကိုယ်ကြိုက်တဲ့ ထွေရာလေးပါး စာရွက် အပိုင်းစ၊ သတင်းစာ အပိုင်းစတွေကို သိမ်းထားတာကြာပါပြီ။ အိမ်ပြောင်းတိုင်း သယ်သွားရလို့ တချို့ပျောက်ကုန်တယ်။ အဖိုးတန် စာအုပ်တွေ ၊ စာရွက်တွေ ဘယ်ကျန်ခဲ့မှန်း မသိတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ နောက်တော့ စကင် ဖတ်ပြီး ဘလော့မှာ သိမ်းထားရင်ကောင်းမယ်လို့ စိတ်ကူးရလို့ စိတ်ကြိုက် စာအုပ် ခေါင်းစဉ်အောက်မှာ ခဏ သိမ်းထားပါတယ်။

၂၆.၅.၇၆ ခုနှစ်က ကုန်ရောင်းပြေစာ ဆိုပေမယ့် အဲဒိ ၇၆ ခုနစ်ဝန်းကျင်ကလူတွေ ဘယ်လိုစာမျိုးဖတ်လေ့ရှိတယ်၊ စာအုပ်ဈေးနှုန်း နှင့် ရောင်းဝယ်မှုပုံစံ ဆိုတာမျိုးသိခွင့်ရတယ်။

ဝယ်သူ အမည် - ဦးလှကြိုင်
လိပ်စာ - ၃ ၊ ကင်းဘဲလမ်း
နေ့စွဲ - ၂၆. ၅. ၇၆

စာအုပ်တွေက

၁။ Life of Buddha ၃၇ ကျပ် ၅၀ ပြား
၂။A western approach to Zen ၂၉ ကျပ် ၂၅ ပြား
၃။Religion & Society ၂၆ ကျပ် ၂၅ ပြား
၎။Vedanta for western world ၁၁ ကျပ် ၂၅ ပြား
၅။Buddhist Meditation ၂၂ ကျပ် ၅၀ ပြား

ကုန်ရောင်းပြေစာကို ကြည့်ပြီး စာအုပ်ဝယ်သူ ( စာဖတ်သူ )ဝယ်သွားတာ အင်္ဂလိပ် လိုရေးထားတဲ့ စာအုပ်တွေဖြစ်တယ်။ ဘာသာရေးစာအုပ်တွေဖြစ်တယ်။ ကုန်သွယ်ရေး ၊ ပြည်သူ့ဆိုင်ကဖြစ်တယ်။ ပြေစာမှာ မှတ်ချက်တောင်ပါသေးတယ် " ဝယ်ယူပြီးပစ္စည်းကို လဲလှယ်ခွင့်မပြု " တဲ့။

3/20/10

" ငတပါးမင်း" များ

မင်းမျိုးမဟုတ်သည့် ငတစ်ပါးမင်း များသာဖြစ်သော

(၁) ထိလိုင်မင်း ( အများအခေါ် ကျန်စစ်သား )
(၂) ရာဇာဓိပတိ ( အများအခေါ် ဓမ္မစေတီ )
(၃) ဆင်ဖြူများသျှင် ( အများအခေါ် ဘုရင့်နောင် )
(၄) ဗြဟိုင်းဓိရာဇာ ( အများအခေါ် ဗညားဒလ ) နှင့်
(၅) အလောင်းမင်းတရား

တို့နိုင်ငံနှင့် ပြည်သူ၏အကျိုးကို အနည်းနည်းအဖုံဖုံ ကြိုးစားဆောင်ရွက်ကြောင်းကို တွေ့ရှိကြရပါသည်။ ထိုမင်းအားလုံးပင် " ငတပါးမင်း" များဖြစ်၍ မှတ်တမ်းများကို စုပေါင်းလေ့လာသောအခါ ထိုသူများသာ ထူးခြားစွာ ရှေ့တန်းက ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ပါ။ သူတို့ ကြိုးစားဆောင်ရွက်ခြင်း တကယ်ထင်ရှားရှိသဖြင့် ပေါ်လွင်လာရခြင်းပင် ဖြစ်ပါသည်။ စင်စစ်အားဖြင့် ထိုသူများမှာ တိုင်းပြည်တွင် အခြေနေအရ လိုအပ်သဖြင့် ပြည်သူလူထုထဲမှ ပေါ်ထွက်လာသူများပင် ဖြစ်ပါသည်။ ဤသည်တို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် သမိုင်းကပေးသော သင်ခန်းစာများ ဖြစ်ပါသည်။

ဒေါက်တာသန်းထွန်း ၊ အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ၊ စာမျက်နှာ ၈၀ ။

မူလ
သန်းထွန်း ၊ ရှေးမွန်ကျောက်စာပါ သမိုင်းအထောက်အထားများ ။
အတွဲ ၄၊ အပိုင်း ၄၊ ၁၉၆၉
တက္ကသိုလ်ပညာပဒေသာစာစောင်
စာမျက်နှာ ၃၇-၆၇

2/7/10

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ

ဟိုတလောလေးတုန်းက ဆောင်းပါးကောင်း တစ်ပုဒ်ဖတ်ရတယ်။ လူအများ ဖတ်သင့် ၊ သိထားသင့် တဲ့ ရိုးရာဓလေ့ဖြစ်လို့ ဆောင်းပါးရှင် ရဲ့ မူလအာဘော်အတိုင်း " အစ ၊ အဆုံး " ကူးယူဖော်ပြလိုက်ပါတယ်။ အသိ သစ်တွေပေးလိုရင်ဖြင့် ကွန်မန့်ရေးထားခဲ့စေချင်ပါတယ်။
ဒီဆောင်းပါးကို ဖတ်တဲ့အခါ ဘာသာရေးရှူ့ထောင့်ကနေ မကြည့်စေလိုပါ။ ရိုးရာ ဓလေ့တစ်ခုအဖြစ်ရှိခဲ့ဖူးတယ် ဆိုတဲ့အမြင်နှင့်သာ ကြည့်စေချင်ပါတယ်။ " ထိုင်း နိုင်ငံဖြစ် သမိုင်း နောက်ခံ ( မမှန်တာကများတယ် ) စိတ်ကူးယဉ် ဇာတ်ကား၊ ဇာတ်ဝင်ခန်း တစ်ခန်းမှာ ထိုင်း မင်းသား နှင့် မြန်မာ မင်းသားတို့ ကြက်တိုက်ကြတယ်၊ ထိုင်းမင်းသားလေးရဲ့ တိုက်ကြက်က အနိုင်ရသွားတယ်ဆိုတာမျိုးကို " တခုတ်တရ " ထည့်သွင်း ရိုက်ကူးထား ကြည့်ရဖူးတယ်။
ဒီတော့ တို့လည်း မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အကြောင်း တီးမိ ခေါက်မိ လောက်အဆင့်တော့ သိထားသင့်ပါရဲ့ လို့စိတ်ကူးပေါ်လာတယ်။ အဲဒိအချိန် တိုက်တိုက် ဆိုင်ဆိုင် ဒီဆောင်းပါးကို ဖတ်ရလို့ အများ အတွက်ပြန်ဝေမျှလိုက်ပါတယ်။
မှတ်ချက်။ အရင် တင်ခဲ့တဲ့ ပိုစ် ၃ ခုပေါင်း စ ၊ လယ် ၊ ဆုံး ။
===================

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ
ကိုကိုလတ် ( ဆည်မြောင်း )
သူရဇ္ဇ မဂ္ဂဇင်းအတွဲ(၁၀) အမှတ် (၂)
၂၀၁၀ ပြည့်နှစ်
ဖေဖော်ဝါရီလစာမျက်နှာ ၂၂၀ ။

ပုဂံခေတ်ကပင်ရှိခဲ့သော ကြက်တိုက်ခြင်းဓလေ့သည် ယနေ့မြန်မာနိုင်ငံ ၏ လောင်းကစားဥပဒေနှင့် ငြိစွန်းသဖြင့် နိုင်ငံတော်မှ တားမြစ်ထားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးလက်ဒေသအများစုတွင် နှစ်စဉ် စပါးရိတ်သိမ်းပြီးအချိန်များ၌ မြန်မာ့ရိုးရာ ဓလေ့ စစ်စစ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပသော ကြက်ပွဲများမှာ လောင်းကြေးအရ မများသော်လည်း မြန်မာ့တိုက်ကြက်မျိုးရိုး စစ်စစ်များ မတိမ်ကောစေရေးအတွက် ထိန်းသိမ်းသည့် အနေဖြင့် ဝါသနာရှင်များမှ ပြုလုပ်သည့် ကြက်ပွဲများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။

ကြက်ပွဲလာသူအများစုမှာ တောသူတောင်သားများဖြစ်ကြပါသည်။ မြို့သူမြို့သားများအနေဖြင့် ဝါသနာကြီးသူအနည်းငယ်သာ လာတတ်ပါသည်။ ကြက်ပွဲလာ တောသူတောင်သားအများစုသည် စကားကြွယ်သူများဖြစ်ကြသည်။ သူတို့ကြက်ဝိုင်းတွင် သုံးနှုန်းသည့် စကားအခေါ်အဝေါ်များသည် သူတို့ဝန်းကျင်ရှိ မြင်တွေ့မှုများကို အခြေခံ၍ ခိုင်းနှိုင်းခေါ်ဝေါ်ကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဥပမာ -
နားကပ်ပွင့်
ငရုတ်စေ့ကပ်
တမာ
တံခါးပိတ်
စင်ရော်
ကျီးခြေ
သံပတ်
လေးတိုင်စင်
တပင်တိုင်
သိမ်း
ကြန် စသည့် အခေါ်အဝေါ်များကို ကြည့်ပါ။

သာမန်လူတစ်ယောက်အနေဖြင့် သိရန်မလွယ်ကူသော ဝေါဟာရများဖြစ်ပါသည်။ ကြက်ပွဲများသို့ မကြာခဏရောက်ရှိသူများပင် တချို့အခေါ်အဝေါ်များကို ဂ ဃ န ဏ မသိကြပေ။ ၎င်း မြန်မာ့ရိုးရာ စစ်စစ်ဝေါဟာရ (သို့) အခေါ်အဝေါ်များ မှာ မှတ်တမ်းတင်ထားသင့်ပါသည်။ ထိုသို့ မှတ်တမ်းမတင်ပါက ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

ဥပမာ - ပုဂံခေတ်က စတင်သုံးစွဲခဲ့သော " ပယ် " ဆိုသည် လယ်မြေအကျယ် အဝန်းကို ခေါ်ဆိုသော ဝေါဟာရမှ ယခုအခါ လုံးဝ ပျောက်ကွယ်လုပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးနီးပါးသည် လယ်မြေအကျယ်အဝန်းကို ဧကအဖြင့်သာ ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ဧကသည် မြန်မာဝေါဟာရ မဟုတ်ပါ။ အင်္ဂလိပ်ဝေါဟာရ Acre ကို အသံဖလှယ်၍ သုံးထားခြင်းဖြစ်ပါသည်။

" ပယ် " ဆိုသော စကားဖြင့် လယ်မြေအကျယ်အဝန်းအား ပြောဆိုသည်ကို ၁၉၉၂ ခုနှစ်ခန့်က မန္တလေးမြောက်ဘက် တောင်ပြုံးကျေးရွာတွင် ဦးအောင်လှ ဆိုသူ လယ်သမားအဘိုးကြီးတစ်ဦးက သူ့တွင်လယ် (၂) ပယ် ရှိသည်ဟု ရှားရှားပါးပါး ပြောဆိုသုံးစွဲခဲ့သည်ကို တွေ့ကြုံဖူးပါသည်။ ' ပယ် ' ဝေါဟာရကဲ့သို့ အခြားပျောက်ကွယ်သွား သည့် ဝေါဟာရများ ရှိနိုင်ပါသည်။ ထို့ကြောင့်မိမိတို့ လက်လှမ်းမီသမျှ နယ်ပယ်အသီးသီးမှ ဝေါဟာရအမျိုးမျိုးအား မှတ်တမ်းတင်ထားသင့်ပါသည်။

ယခင်က မဂ္ဂဇင်းများတွင် တိုက်ကြက် နှင့် ပတ်သက်၍ ဖော်ပြခဲ့မှုများမှာ ဇာတ်လမ်းဇာတ်ကွက်များ အသားပေး ဖော်ပြမှုများသာ ဖြစ်ကြပါသည်။ ကြက်ဝိုင်းသုံး အခေါ် အဝေါ်များအား သီးသန့်ရေးသားခဲ့သော ဆောင်းပါးများအလွန်ပင် ရှားပါးပါသည်။ ထို့ပြင် ယခုအခါ တိုက်ကြက် နှင့်ပတ်သက်သည့်အကြောင်းအရာများ ရေးသားလေ့ရှိသော ဆရာကြီး (ဦး) သော်တာဆွေ နှင့် ဆရာကြီး (ဦး) မြတ်လေးတို့ မရှိကြတော့ သဖြင့်တိုက်ကြက်အကြောင်းရေးသူ နည်းပါးလာပါသည်။

နောင်တွင် မြန်မာ့ရိုးရာ တိုက်ကြက် ဆောင်းပါးနှင့် ဇာတ်လမ်းများ မဂ္ဂဇင်းစာမျက်နှာများတွင် ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ တာဝန်အရ သွားလာရင်း ကျွန်တော် လေ့လာလိုက်စား မှတ်သားထားသည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များကို သုတေသီများလေ့လာနိုင်ရန် ဗဟုသုတ အဖြစ် ဖော်ပြအပ်ပါသည်။

တိုက်ကြက် နှင့် လောင်းကစားခြင်းကိစ္စကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည် တစ်ပိုင်းဖြစ်၍ မြန်မာ့ဝေါဟာရ စစ်စစ်များကို လေ့လာနေသည့် သုတေသီများအတွက် ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်အား လေ့လာမှတ်တမ်းတင်ထားခြင်းသည် နောင်တစ်ချိန်တွင် သမိုင်းမှတ်တိုင် ကျန်ရစ်နေမည် ဖြစ်ပါသည်။

တိုက်ကြက်တစ်ကောင်အား ၎င်း၏ အင်္ဂါအစိတ်ပိုင်းများအလိုက်-

၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ
၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
၎။အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
၅။ ခြေဖတ်ဆိုင်ရာ အခေါ်ဝေါ်များ
၆။ ခြေထောက်ဆိုင်ရာ အခေါ်ဝေါ်များ
၇။ အတက်ဆိုင်ရာ အခေါ်ဝေါ်များ
၈။ အမြီးဆိုင်ရာ အခေါ်ဝေါ်များ
၉။ ကိုယ် ခန္ဓာဆိုင်ရာ အခေါ်ဝေါ်များ
၁၀။ ကြက်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်ဝေါ်များ ဟူ၍မှတ်တမ်းတင်အပ်ပါသည်။
=================
၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ

တိုက်ကြက်၏ အမောက်မှာ ပုံသဏ္ဌာန် နှင့် အရွယ်အစားပေါ်မူတည်၍ ခေါ်ဝေါ်သည့် အခေါ်အဝေါ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သုံးမြှောင့် - အမောက်တွင် အမြှောင့် သုံးမြှောင့် ဖြစ်နေသော အမောက်
ခါးပတ် - ရှည်ရှည်၊ လုံးလုံးကြီး နေသောအမောက်
ပဲနပြား - အပြားကြီးဖြစ်နေသော အမောက် (ဘူးကြက်ဖများရှိ အမောက်မျိုး)
တံခွန် - ခါးပတ်မောက်ပုံစံ၏ အဖျားဘက်တွင် အနည်းငယ်ချွန်၍ ကော့နေသော အမောက်။
ကတော့ - မည်သည့် အမောက်ပုံစံ တွင်မဆို အမောက်ထိပ်တွင်ကတော့ခွက်လေးဖြစ်သော အမောက်။
မောက် - တစ်ဖက်ဖက်သို့ စောင်းနေသော အမောက်။
နှင်းဆီ - အချွန်အတက်များဖြင့် နှင်းဆီပွင့် ပုံသဏ္ဌာန် ရှိသော အမောက်။
===========
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ မျက်ခွံထူလျှင် ကောင်းတတ်သည်။

မျက်လုံးတွင် အရောင်အမျိုးမျိုးရှိသည်။ အောက်ခံမျက်လုံးအရောင် အဝါရောင် (ပဲဆီဝါ) တွင် ဝိုင်းစစ်သော မျက်ဆံနက်ကြီးကြီးပါလျှင် ကြက်ကောင်းအင်္ဂါဖြစ်သည်။ ကျန်သော အရောင်များမှာ ချို့ယွင်းချက်များရှိတတ်သည်။ များသောအားဖြင့် ကျန်သောမျက်လုံးအရောင်ရှိသည့် ကြက်များမှာ ဇွဲမကောင်းကြချေ။ ' ကြက်သဲပါး' သည်ဟုခေါ်ပါသည်။

ပုလဲ - ပုလဲရောင် မျက်စိ။
ဖားမျက်လုံး - ဖားမျက်လုံး နှင့်တူသော မျက်စိ။
မျက်ပုတ် - မျက်လုံးတစ်ခုလုံး အနက်ရောင်။
မျက်ဖက် - မျက်လုံးနှစ်လုံး တစ်လုံးနှင့် တစ်လုံး အရောင်မတူ။
မျက်ကြောင် - ပုလဲရောင်တွင် အစက် အပြောက်ပါသည်။
ဇင်ရွေး - ဇင်ရွေးသီးအရောင် ( နီကြင်ကြင် အရောင် ) မျက်စိ။ ( ဇင်ရွေးမျက်စိရှိသောကြက်သည် တစ်ဖက်စွန်း ရောက်တတ်သည်။ ကောင်းလျှင် ပြိုင်ဘက်ကင်းအောင် ကောင်းတတ်သလို ညံ့လျှင် ဝိုင်း၌ ထွက်ပြေးလေ့ရာ မနည်းမိအောင် ပြန်ဖမ်းရသည်။ ထို့ကြောင့် " မျက်စိ ဇင်ရွေး ၊ ကောင်းရင် ဘက်မရှိ ၊ ထွက်ပြေး ဖမ်းမမိ " ဟူ၍ နောက်ပြောင်လေ့ ရှိကြသည်။
မျက်ပြဲ - မွေးရာပါ မျက်ခွံ ပြဲနေသော မျက်စိ။ ( ကြက်တိုက်စဉ် မျက်ခွံ ထိခိုက်မိ၍
မျက်ခွံပြဲသွားသောကြက်ကို မဆိုလိုပါ။ ) ကြက်ညံ့ အင်္ဂါ ဖြစ်သည်။မျက်ခွံပြဲရသည့်အထဲတွင်
ခြေထောက် အဝါရောင် ဖြစ်နေပါက ပိုဆိုးသည်။ ရှုံးလွန်း သဖြင့် ချက်သာစားလိုက်ရန် တိုက်တွန်းသည့် အနေဖြင့် " ခြေဝါ မျက်ပြဲ ဆီမနည်းနဲ့ " ဟူ၍ ပင် စာချိုးရှိပါသည်။

မျောက်မျက်ခုံး - မျက်ခုံးရိုးကြီးသော ကြက်။ကြက်ညံ့ အင်္ဂါ ဖြစ်သည်။
=========
၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
နှုတ်သီးတွင်ထူးခြားမှုရှိခဲပါသည်။ ရိုးရိုး ပုံမှန် နှုတ်သီးများသာ များပါသည်။

နှုတ်ပုတ် - နှုတ်သီးတစ်ခုလုံး အနက်ရောင်။

နှုတ်ရေသွားလျောက် - နှုတ်သီးပေါ်၌ အမြှောင်းသုံးမြှောင်း ဖြစ်နေသော နှုတ်သီး။
စာနှုတ် - စာကလေး၏ နှုတ်သီးကဲ့သို့ တို၍ တုတ်ခိုင်သော နှုတ်သီး။

ငှက် - ခြေနှစ်ဖက် ၊ မျက်စိ နှစ်လုံးနှင့် နှုတ်သီး သုံးမျိုးစလုံး နက်လျက် " ငှက်" ဟုခေါ်ပါသည်။
===========
၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ

တိုက်ကြက်များကို အရောင်သတ်မှတ်ရာတွင် ခန္ဓာကိုယ်အောက်ခံ အမွေး နှင့် လည်ဆံမွေး ၊ ခါးဆံမွေး(ခဆံမွေး) တို့အပေါ်တွင် မူတည်၍ အခေါ်အဝေါ် သတ်မှတ်ကြပါသည်။ ခန္ဓာကိုယ်အောက်ခံမွေးနှင့် အခြေခံအရောင်(၆) ရောင်ရှိသည်။ ၎င်းတို့မှာ

(၁) အောက်ခံ အနက်ရောင်
(၂) အောက်ခံ အပြာရောင်
(၃) အောက်ခံ အဖြူရောင်
(၄) အောက်ခံ အဝါနုရောင်
(၅) အောက်ခံ ဘုတ်ငှက်၏အရောင်
(၆) အောက်ခံ ရစ်ငှက်၏အရောင် တို့ ဖြစ်ပါသည်။
တိုက်ကြက်တို့၏ အမွေးအရောင်နှင့် ပတ်သက်သည့် အခေါ်အဝေါ်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လုံးဖြူ - တစ်ကိုယ်လုံး အမွေးဆွတ်ဆွတ်ဖြူ အရောင်။ အချို့ဒေသများ တွင် " ဖောင်း " ဟုခေါ်သည်။
ဥပန်း - အမွေးဖြူအခံပေါ်တွင် ရင်ဘတ်နှင့် ကိုယ်ပေါ်၌ အနက်ပြောက် အနည်းငယ် ပါရှိသည်။

ဖောင်းဥပန်း - လုံးဖြူကဲ့သို့လည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်မဖြု ၊ ဥပန်းလောက်လည်း အစက်အပြောက်မများ ၊ လုံးဖြူဟုခေါ်၍မရရုံသာ အစက်ပြောက် အနည်းငယ်လေးပါသည်။ " ဥပန်း ယောင်ယောင် ၊ ဖောင်း ယောင်ယောင် အိမ်က မယားပေါင် " ဟုအဆိုရှိသည်။
စင်ရော် - အဖြူခံ အမွေးပေါ်တွင် အနက်စက် ဥပန်းမွေးထက် အနည်းငယ် ပိုများသည်။ (အချို့ ဒေသများတွင် ၎င်းအမွေးကို ဥပန်းကြား (သို့) ဘန်းကြားဟုခေါ်သည်။)
ကြန် - တစ်ကိုယ်လုံး အဖြူခံ အမွေးတွင် တောင်ပံဖုံးမွေး နှင့် ခါးဆံမွေး ၊ ကြံအခွံရောင်ရှိသည်။
ဗဟန်း - အဝါနုရောင် အောက်ခံမွေးပေါ်တွင် အနက်စက်အမွေး အနည်းငယ်ပါသည်။
ကြက်ဝါ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး များအဝါရောင်။
ကြက်ဝါဆီဂျီ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး နှင့် တောင်ပံဖုံးမွေး အဝါရောင်၊ ခါးဆံမွေး ဆီဂျီး(ဆီချေး) အရောင်။
ကြက်နီ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေးများ အနီရောင်။
ကြက်နီချိတ် - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး အနီရင့်ရောင်တွင် ငချိတ်ဆန်အရောင် အနည်းငယ်ဖောက်နေသည်။
မဲချိတ် - တစ်ကိုယ်လုံး အမည်းရောင် အောက်ခံမွေးတွင် လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး တို့၌ ငချိတ်ဆန်အရောင် ရှိသည်။
မဲ - တစ်ကိုယ်လုံး တောက်ပြောင်သည့် အမဲရောင် အမွေးရှိသည်။
သိမ်း - တစ်ကိုယ်လုံး တောက်ပြောင်သည့် အမည်းရောင်ရှိသည်။ တစ်ခါတစ်ရံ တောက်ပြောင်သည့် ရွှေပိုးကောင်ကဲ့သို့ အစိမ်းရောင်တောက်နေသည်။
ဗြာ - အပြာရောင် ( မီးဖိုချောင် မှပြာ၏အရောင် ) အချို့ဒေသများတွင် တိုက်ကြက်ကို ဗြာဟုခေါ်ကြသည်။
ဗြာဥပန်း - အပြာရောင် အောက်ခံအမွေးပေါ် အနက်ပြောက် အနည်းငယ်ပါသည်။
ဗြာဝါ - အပြာရောင် အောက်ခံလည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အဝါရောင်။
ဗြာနီ - အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အနီရောင်။
ဗြာနီဆီဂျီး - အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ ဆီချေး(ဆီဂျီး) ရောင်။
ဖောင်း - အနက်ရောင် အောက်ခံမွေးပေါ်တွင် လည်ဆံမွေး ၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး များအဖြူရောင် ( အချို့သောဒေသများ၌ လုံးဖြူကို " ဖောင်း" ဟုလည်းခေါ်ကြသည်။)
ဖောင်းရင်ကွက် - ဖောင်း၏ အမွေးရှိပြီး ရင်ဘတ်တွင် အဖြူကွက်များရှိသည်။
ဗြာဝရောင်း - အပြာရောင် အောက်ခံအမွေးရှိသည်။ လည်ဆံမွေး ၊ တောင်ပံဖုံးမွေး နှင့် ခါးဆံမွေး တို့၏အရောင်မှာ ဝါးဆစ်ဖတ်အရောင်ရှိသည်။
ဗျောက် - အမွေးတိုင်းတွင် အစက်အပြောက်များပါသည်။
မွေးစုံ - ကြက်၏အရောင်မှာ သတ်သတ်မှတ်မှတ် ခေါ်၍ မရအောင် အမွေးရောင်စုံပါသည်။
ရစ် - ရစ်ငှက်၏ အမွေးအရောင်။
ဘုတ် - ဘုတ် ငှက်၏ အမွေးအရောင်။
ဇိမ်း - အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌ စိမ်းဝါဝါရောင် အမွေးများရှိသည်။
မဲဇိမ်း - အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌ စိမ်းဝါဝါရောင် အမွေးများတွင် အနက်ရောင်အနည်းငယ် ဖောက်သည့်အမွေး ဖြစ်သည်။
ရစ်ဝါ - ရစ်၏ အမွေးပါရှိပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများရှိသည်။
ဗြာဖောင်း - အောက်ခံ အမွေးများမှာ မီးခိုးပြာရောင် အမွေးဖြစ်ပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး များတွင် အဖြူရောင်အမွေးများရှိသည်။
ဘုတ်ဝါ - ဘုတ်မွေးအခံရောင်တွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများ အဝါရောင်ရှိသည်။
=======================
၅ ။ ခြေဖတ်ဆိုင်ရာ အခေါ်အဝေါ်များ

ကြက်တစ်ကောင်၏ ခြေဖတ်ကို ရေတွက်ရာတွင် ခြေခလယ်၏ ခြေသည်းထိပ်မှ အထက်အထိ ရေတွက်ရပါသည်။ ပုံမှန်အားဖြင့် ( ၂၇ ) ဖတ် ၊ ( ၂၈) ဖတ်ခန့်ရှိကြသည်။ အလွန်ထူးခြားသော ကြက်များတွင်သာ ခြေဖတ် ( ၃၀ )ထိရှိတတ်ပါသည်။ ရှားပါသည်။
ခြေဖတ် ( ၃၀ ) ရှိသောကြက်မှာ သူမတူအောင် ကောင်းတတ်သဖြင့် ကြေးကြီးသည့်ဝိုင်းများတွင် ဝိုင်းပယ်လေ့ရှိကြသည်။ ၎င်း ကြက်အားခံ၍ တိုက်သူနည်းပါးသည်။ ထို့ကြောင့် " ခြေဖတ် ( ၃၀ ) ဝိုင်းကြီးပယ် " ဟူ၍ စာဆိုရှိခဲ့ပါသည်။ ခြေထောက်တွင်ရှိသည့် ခြေဖတ်များ၏ အနေအထားပေါ်မူတည်၍ အခေါ်အဝေါ်များ ပြောင်းလဲသွားပါသည်။

တစ်ပင်တိုင် - ခြေဖတ်သုံးဖတ်စီပြိုင်၍ ဆင်းသွားသောခြေထောက်။
သံပတ်(သို့) ကျီးခြေ - ခြေဖတ်များအနက်မှ ခြေဖတ်တစ်ဖတ်သည် ခြေထောက်ကို အပြည့်ပတ်နေသည်။ အလွန်ရှားသည်။ တစ်ဖက်ကြက်ကို သေအောင်ခွပ်တတ်သည်။ ကျွန်တော် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကြက်ပွဲများသို့ ရောက်ရှိဖူးရာ ယခုချိန်အထိ တစ်ကောင်သာ တွေ့ဖူးသေးသည်။ ဗြာဆီဂျီးအရောင်ဖြစ်သည်။ ခြေပြင်းသည်။
အဆို့ - ပုံမှန် ခြေဖတ်နှစ်ခု၏ အကြားတွင် ခြေဖတ်ငယ်တစ်ခု ညှပ်နေပါက ၎င်း ခြေဖတ်ငယ်ကို အဆို့ဟုခေါ်သည်။ ခြေထောက်နှစ်ဖက်စလုံးတွင် အဆို့ပါလျှင် ကောင်းသော်လည်း တစ်ဖက်တည်းသာပါလျှင် ကန်းတတ်သည်။=========================

၆။ ခြေထောက်ဆိုင်ရာ အခေါ်အဝေါ်
ခြေနှူ - ခြေထောက်တစ်ချောင်းလုံး အဖုအထစ်များဖြင့် ကြမ်းတမ်းစွာ ဖြစ်နေသော ခြေထောက်။
ခြေဘက် - ခြေထောက်နှစ်ဖက် အရောင်မတူပါက ( ဥပမာ - တစ်ဖက်က အဝါရောင် ၊ အခြားတစ်ဖက် အစိမ်းရောင် ) ခြေဘက်ဟုခေါ်သည်။
ခြေဝါ - နှစ်ဖက်စလုံး အဝါရောင် ဖြစ်သည်။
ခြေဖြု - နှစ်ဖက်စလုံး အဖြူရောင် ဖြစ်သည်။
ခြေစိမ်း ( ခြေဇိမ်း ) - အစိမ်းပုတ်ရောင် ခြေထောက် ၊ အချို့ဒေသ၌ ဗျိုင်းခြေဟု ခေါ်သည်။======================

၇။ အတက်ဆိုင်ရာ အခေါ်အဝေါ်များ

တိုက်ကြက်ကောင်း တစ်ကောင်၏ အတက်သည် အထက်သို့ မလန်ရ၊ အောက်သို့လည်း မကိုင်ရ။ ထို့အပြင် ခြေထောက်နှစ်ချောင်း အတွင်းသို့မရှိုင်းရ ( မဝင်ရ )။ ခြေထောက်များ၏ အပြင်ဘက်သို့လည်း ကားမသွားရ ၊ ဖြောင့်နေရမည်။ အတက်သည် ကြက်၏ နောက်ခြေသန်းနှင့် အပြိုင် တစ်ဖြောင့်တည်းရှိပါက သေတွင်းကျအောင် ခွပ်တတ်သည်။
အတက်လုံးဝမပါသည့် အတက်အခေါ်အဝေါ် မှစ၍ အတတ် တစ်စ၊ တစ်စ ရှည်လာပုံအပေါ် မူတည်ပြီး အခေါ်အဝေါ်များ ပြောင်းလဲသွားပုံမှာ အလွန် မှတ်သားဖွယ်ဖြစ်ပါသည်။

ဟိုင်း - အတက် လုံးဝ ( လုံးဝ ) မပါ။
ငရုတ်စေ့ ကပ် - အတက်ထွက်မည့် အတက်ရာလေးပေါ်နေသည်။
ကုလားပဲ - ကုလားပဲခြမ်းအရွယ် အတက်ငုတ်လေး။
ပြောင်းဖူးစေ့ - ပြောင်းဖူးစေ့ အရွယ် အတက်ဖုလေး ( ထိပ်လုံးသည် )
နားကပ်ပွင့် - ပြောင်းဖူစေ့ အရွယ်ဖြစ်သော်လည်း ထိပ်ချွန်၏။
ကပ်ချွန် - နားကပ်ပွင့် ထက် အနည်းငယ်ပိုရှည်သည်။
တမာ - တမာသီးအရွယ် ဖြစ်သည်။

လက်ပံချွန် - တမာ ထက် ပိုရှည်သည်။ လက်ပန်ပင် ရှိ ဆူးချွန်အရွယ် ရှိသည်။
တက်ရိုး( သို့မဟုတ် ) ရိုး - လက်ပံချွန်ထက် အနည်းငယ်ပိုရှည်သည်။
တံခါးပိတ် - အတက်ထိပ်နှစ်ခု ထိလုနီးနီးဖြစ်နေသည်။

ပယ် - အရှည်ဆုံး ဖြစ်သည်။ ချွန်မြနေပြီး ဂေါ်ရခါး ဓားကောက်ကြီး များကဲ့သို့ အပေါ်သို့ကော့နေတတ်သည်။
=======================
၈။ အမြီးဆိုင်ရာ အခေါ်အဝေါ်များ

တံစဉ်ကောက် - ခေါင်မြီးသည် တံစဉ်ကဲ့သို့ ကောက်နေသော အမြီး။ ၎င်းအမြီးပုံစံရှိ ကြက်သည် တွန်သံပြတ်သားပါက ကြက်ကောင်းအင်္ဂါ ဖြစ်သည်။ " အမြီးသံစဉ်ကောက် အသံပုဆိတ်ပေါက်" ဟု အဆိုရှိသည်။

မြီးဇောင်း ( မြီးစောင်း ) - အနည်းငယ် စောင်းနေသောအမြီး။
ဗန်ဒို - ငုံးငှက်ပုံစံကဲ့သို့ ဖြစ်နေပြီး မြီး ညှောင့်ရိုး ( ဖင်ဆီဘူး ) နှင့် အမြီး လုံးဝ ( လုံးဝ ) မပါချေ။
'မ'ကိုယ် ( သို့မဟုတ် ) မဂို - ကြက်မ၏ အမြီးသဏ္ဌာန် ရှိသည်။ ( တစ်နည်း) ခေါင်မြီး မပါချေ။ အချို့အရပ်ဒေသများတွင် ဗဂို ဟုလည်းခေါ်သည်။ မဂို အမျိုးမျိုးရှိသည်။ အမွေးအရောင်ပေါ်မူတည်၍ စာမဂို ၊ မဂို ဒီးဒုတ် ၊ ကွမ်းရိုးစင်း ၊ မဂို ၊ ဗြာမဂို ဟူ၍ ခွဲခြားခေါ်ဝေါ်ကြသည်။
'မ'ကဲ ( မဂဲ ) - ကြက်မ၏ ပုံသဏ္ဌာန် နှင့် ကြက်မ၏ အမွေးအရောင် မျိုးရှိသည်။ သို့သော် အမြီးတွင် ခေါင်းမြီးပါသည်။ အချို့ဒေသများတွင် ' ဗဂဲ ' ဟုလည်းခေါ်သည်။ ' မဂို - မဂဲ မယားဆဲ' ဟုအဆိုရှိသည်။ ထွန်းခဲသည်။
========================
၉။ ကိုယ် ခန္ဓာတည်ဆောက်ပုံ ဆိုင်ရာ အခေါ်အဝေါ်များ

ကြက် အုန်းသီး - ကိုယ်လုံး တိုသည်။ ကြက်နှစ်ကောင် တိုက်ဖက် စပ်ရာတွင် ခက်သည်။ ဒေါက်တူးအိုး ( ကိုယ်လုံးပတ် ) တူသော်လည်း ကိုယ်လုံးအရှည်တိုနေသဖြင့် တိုက်လျှင် မိမိက တစ်ပန်းရှုံးနေသည်။

ကြတ်ငှက်ပျောဖူး - ကိုယ်လုံးရှည်သည်။
လင့်စဉ် ( သို့ ) လင့်ပါးစဉ် - ဒေါက်မြင့်ပြီး ဗျိုင်းကဲ့သို့ ခန္ဓာကိုယ် အနေအထားရှိသောကြက်။
ဝဲစဉ် - ဒေါက်နိမ့်ပြီး တောင့်တောင့်တင်းတင်းနှင့် ကိုယ်လုံးတုတ်သော ကြက်။
လေးတိုင်ဝင် - ဒေါက်ကောင်းပြီး ခန္ဓာကိုယ် ဟင့် ပေါင်များတုတ်တုတ် ခိုင်ခိုင် ရှိသောကြက်။
======================
၁၀။ ကြပ်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း ၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်အဝေါ်များ

ဗလာ - ရှေ့သို့ လှမ်းပုတ်၍ ခွပ်သည်။
ကြက်ပစ်ကောင်းသည် - ရှေ့သို့ လှမ်းပုတ်သည့် ခွပ်အားကောင်းသည်။ ပြင်းထန်သည် ။ ဗလာကောင်းသည် ( သို့ ) ကြက်ပစ်၊ ကြက်ပုတ်ကောင်းသည် ဟုခေါ်သည်။
တန်းလျှောက် ဗလာ - ရှေ့တည့်တည့် ရှိကြက်အား မနားတမ်း ( တရစပ် ) လိုက်၍ ခွပ်ခြင်း ၊ တန်းလျှောက် ဗလာ ကောင်းသောကြက်ကို အချို့အရပ်ဒေသများတွင် ' ကြက်ဖိ ကြက်နင်း ' ဟုခေါ်သည်။ ဗိန်းမောင်း ဟုလည်းခေါ်သည်။
ဆင်ပစ် ဗလာ - ၂ ပေ ၊ ၃ ပေ အကွာတွင် ရပ်နေသည့်ကြက်အား လျှပ်တစ်ပြက် ထိအောင် ခွပ်ခြင်း။ ဆင်ပစ် ဗလာ ကောင်းလျှင် အချို့ နောက်သို့ တည့်တည့်ဆုတ်ပြေးသော ' နောက်ပြေး ' ကြက်များပင် လွတ်အောင် မပြေးနိုင်ပေ။
ကြက်ကာ - တစ်ဖက်ကြက်မှ လှမ်းပုတ်သော ခွပ်ချက်အား မျက်နှာချင်းဆိုင်၍ ပြိုင်ကန်ခွပ်ခြင်း။
ကြက်လျှော် - ကြက်နှစ်ကောင် ပြိုင်၍ အခွပ်တွင် နှစ်ကောင် ပူးလျက် အထက်သို့ အနည်းငယ်မြင့်တက်သွားပြီး တစ်ဖက်ကြက် ပြန်အကျတွင် မိမိက ထိအောင် ခွပ်ခြင်း၊ ထိုသို့ ခွပ်တတ်သော ကြက်ကို ကြက်လျှော်ကောင်း သည်ဟုခေါ်သည်။
ခုတ်ခြေ ( သို့ ) ကောင်းကင်ခြေ - အပေါ်သို့ ခပ်မြင့်မြင့် ခုန်တက်လိုက်ပြီး တစ်ဖက်ကြက်၏ လှုပ်ရှားမှုကို ကြည့်ကာ မိမိခြေနှစ်ခြောင်းဖြင့် အပေါ်မှ ခုတ်ချ ပြီး ခွပ်ခြင်း။
ခံပုံကောင်း - တစ်ဖက်ကြတ်က ခွပ်သမျှ သူချည်းခံရသဖြင့် ခေါင်း ၊ ရင်ဘတ် စသည်တို့တွင် ဒဏ်ရာများ ရထားသည်။ သို့သော် ဇွဲကောင်းကောင်းဖြင့် ထွက်မပြေးဘဲ ပေ၍ခွပ်ခြင်း။
ကြက်စောင့် - တစ်ဖက် ကြက်၏ အခွပ်ကို စောင့်၍ ခွပ်သောကြက် ( တစ်ဖက်ကြက်က စ၍ မခွပ်မချင်းစောင့်နေသည်။)
ရဲမျှော် - တစ်ကြိမ် တစ်ကြိမ် ခွပ်မည့်အရေး ဟန်ရေးပြပြီးမှ ခွပ်သဖြင့် ကြက်ပွဲတစ်ပွဲသည် အချိန်များစွာကြာတတ်သည်။ ထို့ကြောင့် ' ရဲ ' လာလျှင် ဖမ်းမိအောင် ရဲကို မျှော်၍ ခွပ်နေသည်ဟု တင်စား၍ ခေါ်ခြင်းဖြစ်သည်။
ကြက်ကွေ့ - တစ်ဖက်မှ တရစပ်လိုက်၍ ဖိခွပ်နေသည်ကို ဘေးသို့ ရုတ်တရက် ကွေ့၍ ရှောင်ကာ ခွပ်တတ်သော ကြက်။
ကြက်ရှူပ် - ကြက်ခွပ်စဉ် အမျိုးမျိုးဖြင့် ပျာယာခတ်ပြီး ခွပ်တတ်သော ကြက်။

အထက်ပါ မြန်မာ့ ရိုးရာ တိုက်ကြက်အခေါ်အဝေါ်များ မကြာမီပျောက်ကွယ်သွားတော့မည်ဖြစ်၍ သုတေသီ ရှူ့ထောင့်အနေဖြင့် မှတ်တမ်းတစ်ခုဖြစ်စေရန် ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။

၅ ။ ခြေဖတ်ဆိုင်ရာ အခေါ်အဝေါ်များ

၅ ။ ခြေဖတ်ဆိုင်ရာ အခေါ်အဝေါ်များ

ကြက်တစ်ကောင်၏ ခြေဖတ်ကို ရေတွက်ရာတွင် ခြေခလယ်၏ ခြေသည်းထိပ်မှ အထက်အထိ ရေတွက်ရပါသည်။ ပုံမှန်အားဖြင့် ( ၂၇ ) ဖတ် ၊ ( ၂၈) ဖတ်ခန့်ရှိကြသည်။ အလွန်ထူးခြားသော ကြက်များတွင်သာ ခြေဖတ် ( ၃၀ )ထိရှိတတ်ပါသည်။ ရှားပါသည်။ ခြေဖတ် ( ၃၀ ) ရှိသောကြက်မှာ သူမတူအောင် ကောင်းတတ်သဖြင့် ကြေးကြီးသည့်ဝိုင်းများတွင် ဝိုင်းပယ်လေ့ရှိကြသည်။ ၎င်း ကြက်အားခံ၍ တိုက်သူနည်းပါးသည်။ ထို့ကြောင့် " ခြေဖတ် ( ၃၀ ) ဝိုင်းကြီးပယ် " ဟူ၍ စာဆိုရှိခဲ့ပါသည်။
ခြေထောက်တွင်ရှိသည့် ခြေဖတ်များ၏ အနေအထားပေါ်မူတည်၍ အခေါ်အဝေါ်များ ပြောင်းလဲသွားပါသည်။

တစ်ပင်တိုင် - ခြေဖတ်သုံးဖတ်စီပြိုင်၍ ဆင်းသွားသောခြေထောက်။
သံပတ်(သို့) ကျီးခြေ - ခြေဖတ်များအနက်မှ ခြေဖတ်တစ်ဖတ်သည် ခြေထောက်ကို အပြည့်ပတ်နေသည်။ အလွန်ရှားသည်။ တစ်ဖက်ကြက်ကို သေအောင်ခွပ်တတ်သည်။ ကျွန်တော် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကြက်ပွဲများသို့ ရောက်ရှိဖူးရာ ယခုချိန်အထိ တစ်ကောင်သာ တွေ့ဖူးသေးသည်။ ဗြာဆီဂျီးအရောင်ဖြစ်သည်။ ခြေပြင်းသည်။
အဆို့ - ပုံမှန် ခြေဖတ်နှစ်ခု၏ အကြားတွင် ခြေဖတ်ငယ်တစ်ခု ညှပ်နေပါက ၎င်း ခြေဖတ်ငယ်ကို အဆို့ဟုခေါ်သည်။ ခြေထောက်နှစ်ဖက်စလုံးတွင် အဆို့ပါလျှင် ကောင်းသော်လည်း တစ်ဖက်တည်းသာပါလျှင် ကန်းတတ်သည်။
၆။ ခြေထောက်ဆိုင်ရာ အခေါ်အဝေါ်
ခြေနှူ - ခြေထောက်တစ်ချောင်းလုံး အဖုအထစ်များဖြင့် ကြမ်းတမ်းစွာ ဖြစ်နေသော ခြေထောက်။
ခြေဘက် - ခြေထောက်နှစ်ဖက် အရောင်မတူပါက ( ဥပမာ - တစ်ဖက်က အဝါရောင် ၊ အခြားတစ်ဖက် အစိမ်းရောင် ) ခြေဘက်ဟုခေါ်သည်။
ခြေဝါ - နှစ်ဖက်စလုံး အဝါရောင် ဖြစ်သည်။
ခြေဖြု - နှစ်ဖက်စလုံး အဖြူရောင် ဖြစ်သည်။
ခြေစိမ်း ( ခြေဇိမ်း ) - အစိမ်းပုတ်ရောင် ခြေထောက် ၊ အချို့ဒေသ၌ ဗျိုင်းခြေဟု ခေါ်သည်။
၇။ အတက်ဆိုင်ရာ အခေါ်အဝေါ်များ
တိုက်ကြက်ကောင်း တစ်ကောင်၏ အတက်သည် အထက်သို့ မလန်ရ၊ အောက်သို့လည်း မကိုင်ရ။ ထို့အပြင် ခြေထောက်နှစ်ချောင်း အတွင်းသို့မရှိုင်းရ ( မဝင်ရ )။ ခြေထောက်များ၏ အပြင်ဘက်သို့လည်း ကားမသွားရ ၊ ဖြောင့်နေရမည်။ အတက်သည် ကြက်၏ နောက်ခြေသန်းနှင့် အပြိုင် တစ်ဖြောင့်တည်းရှိပါက သေတွင်းကျအောင် ခွပ်တတ်သည်။ အတက်လုံးဝမပါသည့် အတက်အခေါ်အဝေါ် မှစ၍ အတတ် တစ်စ၊ တစ်စ ရှည်လာပုံအပေါ် မူတည်ပြီး အခေါ်အဝေါ်များ ပြောင်းလဲသွားပုံမှာ အလွန် မှတ်သားဖွယ်ဖြစ်ပါသည်။
ဟိုင်း - အတက် လုံးဝ ( လုံးဝ ) မပါ။
ငရုတ်စေ့ ကပ် - အတက်ထွက်မည့် အတက်ရာလေးပေါ်နေသည်။
ကုလားပဲ - ကုလားပဲခြမ်းအရွယ် အတက်ငုတ်လေး။
ပြောင်းဖူးစေ့ - ပြောင်းဖူးစေ့ အရွယ် အတက်ဖုလေး ( ထိပ်လုံးသည် )
နားကပ်ပွင့် - ပြောင်းဖူစေ့ အရွယ်ဖြစ်သော်လည်း ထိပ်ချွန်၏။
ကပ်ချွန် - နားကပ်ပွင့် ထက် အနည်းငယ်ပိုရှည်သည်။
တမာ - တမာသီးအရွယ် ဖြစ်သည်။
လက်ပံချွန် - တမာ ထက် ပိုရှည်သည်။ လက်ပန်ပင် ရှိ ဆူးချွန်အရွယ် ရှိသည်။
တက်ရိုး( သို့မဟုတ် ) ရိုး - လက်ပံချွန်ထက် အနည်းငယ်ပိုရှည်သည်။
တံခါးပိတ် - အတက်ထိပ်နှစ်ခု ထိလုနီးနီးဖြစ်နေသည်။
ပယ် - အရှည်ဆုံး ဖြစ်သည်။ ချွန်မြနေပြီး ဂေါ်ရခါး ဓားကောက်ကြီး များကဲ့သို့ အပေါ်သို့ကော့နေတတ်သည်။
၈။ အမြီးဆိုင်ရာ အခေါ်အဝေါ်များ
တံစဉ်ကောက် - ခေါင်မြီးသည် တံစဉ်ကဲ့သို့ ကောက်နေသော အမြီး။ ၎င်းအမြီးပုံစံရှိ ကြက်သည် တွန်သံပြတ်သားပါက ကြက်ကောင်းအင်္ဂါ ဖြစ်သည်။ " အမြီးသံစဉ်ကောက် အသံပုဆိတ်ပေါက်" ဟု အဆိုရှိသည်။
မြီးဇောင်း ( မြီးစောင်း ) - အနည်းငယ် စောင်းနေသောအမြီး။
ဗန်ဒို - ငုံးငှက်ပုံစံကဲ့သို့ ဖြစ်နေပြီး မြီး ညှောင့်ရိုး ( ဖင်ဆီဘူး ) နှင့် အမြီး လုံးဝ ( လုံးဝ ) မပါချေ။
'မ'ကိုယ် ( သို့မဟုတ် ) မဂို - ကြက်မ၏ အမြီးသဏ္ဌာန် ရှိသည်။ ( တစ်နည်း) ခေါင်မြီး မပါချေ။ အချို့အရပ်ဒေသများတွင် ဗဂို ဟုလည်းခေါ်သည်။ မဂို အမျိုးမျိုးရှိသည်။ အမွေးအရောင်ပေါ်မူတည်၍ စာမဂို ၊ မဂို ဒီးဒုတ် ၊ ကွမ်းရိုးစင်း ၊ မဂို ၊ ဗြာမဂို ဟူ၍ ခွဲခြားခေါ်ဝေါ်ကြသည်။
'မ'ကဲ ( မဂဲ ) - ကြက်မ၏ ပုံသဏ္ဌာန် နှင့် ကြက်မ၏ အမွေးအရောင် မျိုးရှိသည်။ သို့သော် အမြီးတွင် ခေါင်းမြီးပါသည်။ အချို့ဒေသများတွင် ' ဗဂဲ ' ဟုလည်းခေါ်သည်။ ' မဂို - မဂဲ မယားဆဲ' ဟုအဆိုရှိသည်။ ထွန်းခဲသည်။
၉။ ကိုယ် ခန္ဓာတည်ဆောက်ပုံ ဆိုင်ရာ အခေါ်အဝေါ်များ
ကြက် အုန်းသီး - ကိုယ်လုံး တိုသည်။ ကြက်နှစ်ကောင် တိုက်ဖက် စပ်ရာတွင် ခက်သည်။ ဒေါက်တူးအိုး ( ကိုယ်လုံးပတ် ) တူသော်လည်း ကိုယ်လုံးအရှည်တိုနေသဖြင့် တိုက်လျှင် မိမိက တစ်ပန်းရှုံးနေသည်။
ကြတ်ငှက်ပျောဖူး - ကိုယ်လုံးရှည်သည်။
လင့်စဉ် ( သို့ ) လင့်ပါးစဉ် - ဒေါက်မြင့်ပြီး ဗျိုင်းကဲ့သို့ ခန္ဓာကိုယ် အနေအထားရှိသောကြက်။
ဝဲစဉ် - ဒေါက်နိမ့်ပြီး တောင့်တောင့်တင်းတင်းနှင့် ကိုယ်လုံးတုတ်သော ကြက်။
လေးတိုင်ဝင် - ဒေါက်ကောင်းပြီး ခန္ဓာကိုယ် ဟင့် ပေါင်များတုတ်တုတ် ခိုင်ခိုင် ရှိသောကြက်။
၁၀။ ကြပ်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း ၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်အဝေါ်များ
ဗလာ - ရှေ့သို့ လှမ်းပုတ်၍ ခွပ်သည်။
ကြက်ပစ်ကောင်းသည် - ရှေ့သို့ လှမ်းပုတ်သည့် ခွပ်အားကောင်းသည်။ ပြင်းထန်သည် ။ ဗလာကောင်းသည် ( သို့ ) ကြက်ပစ်၊ ကြက်ပုတ်ကောင်းသည် ဟုခေါ်သည်။
တန်းလျှောက် ဗလာ - ရှေ့တည့်တည့် ရှိကြက်အား မနားတမ်း ( တရစပ် ) လိုက်၍ ခွပ်ခြင်း ၊ တန်းလျှောက် ဗလာ ကောင်းသောကြက်ကို အချို့အရပ်ဒေသများတွင် ' ကြက်ဖိ ကြက်နင်း ' ဟုခေါ်သည်။ ဗိန်းမောင်း ဟုလည်းခေါ်သည်။
ဆင်ပစ် ဗလာ - ၂ ပေ ၊ ၃ ပေ အကွာတွင် ရပ်နေသည့်ကြက်အား လျှပ်တစ်ပြက် ထိအောင် ခွပ်ခြင်း။ ဆင်ပစ် ဗလာ ကောင်းလျှင် အချို့ နောက်သို့ တည့်တည့်ဆုတ်ပြေးသော ' နောက်ပြေး ' ကြက်များပင် လွတ်အောင် မပြေးနိုင်ပေ။
ကြက်ကာ - တစ်ဖက်ကြက်မှ လှမ်းပုတ်သော ခွပ်ချက်အား မျက်နှာချင်းဆိုင်၍ ပြိုင်ကန်ခွပ်ခြင်း။
ကြက်လျှော် - ကြက်နှစ်ကောင် ပြိုင်၍ အခွပ်တွင် နှစ်ကောင် ပူးလျက် အထက်သို့ အနည်းငယ်မြင့်တက်သွားပြီး တစ်ဖက်ကြက် ပြန်အကျတွင် မိမိက ထိအောင် ခွပ်ခြင်း၊ ထိုသို့ ခွပ်တတ်သော ကြက်ကို ကြက်လျှော်ကောင်း သည်ဟုခေါ်သည်။
ခုတ်ခြေ ( သို့ ) ကောင်းကင်ခြေ - အပေါ်သို့ ခပ်မြင့်မြင့် ခုန်တက်လိုက်ပြီး တစ်ဖက်ကြက်၏ လှုပ်ရှားမှုကို ကြည့်ကာ မိမိခြေနှစ်ခြောင်းဖြင့် အပေါ်မှ ခုတ်ချ ပြီး ခွပ်ခြင်း။
ခံပုံကောင်း - တစ်ဖက်ကြတ်က ခွပ်သမျှ သူချည်းခံရသဖြင့် ခေါင်း ၊ ရင်ဘတ် စသည်တို့တွင် ဒဏ်ရာများ ရထားသည်။ သို့သော် ဇွဲကောင်းကောင်းဖြင့် ထွက်မပြေးဘဲ ပေ၍ခွပ်ခြင်း။
ကြက်စောင့် - တစ်ဖက် ကြက်၏ အခွပ်ကို စောင့်၍ ခွပ်သောကြက် ( တစ်ဖက်ကြက်က စ၍ မခွပ်မချင်းစောင့်နေသည်။)
ရဲမျှော် - တစ်ကြိမ် တစ်ကြိမ် ခွပ်မည့်အရေး ဟန်ရေးပြပြီးမှ ခွပ်သဖြင့် ကြက်ပွဲတစ်ပွဲသည် အချိန်များစွာကြာတတ်သည်။ ထို့ကြောင့် ' ရဲ ' လာလျှင် ဖမ်းမိအောင် ရဲကို မျှော်၍ ခွပ်နေသည်ဟု တင်စား၍ ခေါ်ခြင်းဖြစ်သည်။
ကြက်ကွေ့ - တစ်ဖက်မှ တရစပ်လိုက်၍ ဖိခွပ်နေသည်ကို ဘေးသို့ ရုတ်တရက် ကွေ့၍ ရှောင်ကာ ခွပ်တတ်သော ကြက်။
ကြက်ရှူပ် - ကြက်ခွပ်စဉ် အမျိုးမျိုးဖြင့် ပျာယာခတ်ပြီး ခွပ်တတ်သော ကြက်။
အထက်ပါ မြန်မာ့ ရိုးရာ တိုက်ကြက်အခေါ်အဝေါ်များ မကြာမီပျောက်ကွယ်သွားတော့မည်ဖြစ်၍ သုတေသီ ရှူ့ထောင့်အနေဖြင့် မှတ်တမ်းတစ်ခုဖြစ်စေရန် ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။

2/2/10

၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ

ဆောင်းပါးရှင် ရဲ့ မူလအာဘော်အတိုင်း " အစ ၊ အဆုံး " ကူးယူဖော်ပြလိုက်ပါတယ်။ ကိုကိုလတ် ( ဆည်မြောင်း ) ရဲ့ ဆောင်းပါး " ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ " ကို အပိုင်း ၃ ပိုင်းခွဲလိုက်ပါတယ်။ ခုအပိုင်း (၂)ကို ဖတ်ပြီး အသိ သစ်တွေပေးလိုရင်ဖြင့် ကွန်မန့်ရေးထားခဲ့စေချင်ပါတယ်။ ===================================
ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ
ကိုကိုလတ် ( ဆည်မြောင်း )
သူရဇ္ဇ မဂ္ဂဇင်း
အတွဲ(၁၀) အမှတ် (2)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ
စာမျက်နှာ ၂၂၀ ။
တိုက်ကြက် နှင့် လောင်းကစားခြင်းကိစ္စကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည် တစ်ပိုင်းဖြစ်၍ မြန်မာ့ဝေါဟာရ စစ်စစ်များကို လေ့လာနေသည့် သုတေသီများအတွက် ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်အား လေ့လာမှတ်တမ်းတင်ထားခြင်းသည် နောင်တစ်ချိန်တွင် သမိုင်းမှတ်တိုင် ကျန်ရစ်နေမည် ဖြစ်ပါသည်။
တိုက်ကြက်တစ်ကောင်အား ၎င်း၏ အင်္ဂါအစိတ်ပိုင်းများအလိုက်-
၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ
၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
၅။ ခြေဖတ်ဆိုင်ရာ အခေါ်ဝေါ်များ
၆။ ခြေထောက်ဆိုင်ရာ အခေါ်ဝေါ်များ
၇။ အတက်ဆိုင်ရာ အခေါ်ဝေါ်များ
၈။ အမြီးဆိုင်ရာ အခေါ်ဝေါ်များ
၉။ ကိုယ် ခန္ဓာဆိုင်ရာ အခေါ်ဝေါ်များ
၁၀။ ကြက်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်ဝေါ်များ ဟူ၍မှတ်တမ်းတင်အပ်ပါသည်။
===================
၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ

တိုက်ကြက်၏ အမောက်မှာ ပုံသဏ္ဌာန် နှင့် အရွယ်အစားပေါ်မူတည်၍ ခေါ်ဝေါ်သည့် အခေါ်အဝေါ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သုံးမြှောင့် -အမောက်တွင် အမြှောင့် သုံးမြှောင့် ဖြစ်နေသော အမောက်
ခါးပတ် -ရှည်ရှည်၊ လုံးလုံးကြီး နေသောအမောက်
ပဲနပြား - အပြားကြီးဖြစ်နေသော အမောက် (ဘူးကြက်ဖများရှိ အမောက်မျိုး)
တံခွန် - ခါးပတ်မောက်ပုံစံ၏ အဖျားဘက်တွင် အနည်းငယ်ချွန်၍ ကော့နေသော အမောက်။
ကတော့ -မည်သည့် အမောက်ပုံစံ တွင်မဆို အမောက်ထိပ်တွင် ကတော့ခွက်လေးဖြစ်သော အမောက်။
မောက် - တစ်ဖက်ဖက်သို့ စောင်းနေသော အမောက်။
နှင်းဆီ - အချွန်အတက်များဖြင့် နှင်းဆီပွင့် ပုံသဏ္ဌာန် ရှိသော အမောက်။
===========
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ မျက်ခွံထူလျှင် ကောင်းတတ်သည်။
မျက်လုံးတွင် အရောင်အမျိုးမျိုးရှိသည်။ အောက်ခံမျက်လုံးအရောင် အဝါရောင် (ပဲဆီဝါ) တွင် ဝိုင်းစစ်သော မျက်ဆံနက်ကြီးကြီးပါလျှင် ကြက်ကောင်းအင်္ဂါဖြစ်သည်။ ကျန်သော အရောင်များမှာ ချို့ယွင်းချက်များရှိတတ်သည်။
များသောအားဖြင့် ကျန်သောမျက်လုံးအရောင်ရှိသည့် ကြက်များမှာ ဇွဲမကောင်းကြချေ။
' ကြက်သဲပါး' သည်ဟုခေါ်ပါသည်။
ပုလဲ - ပုလဲရောင် မျက်စိ။

ဖားမျက်လုံး - ဖားမျက်လုံး နှင့်တူသော မျက်စိ။
မျက်ပုတ် - မျက်လုံးတစ်ခုလုံး အနက်ရောင်။
မျက်ဖက် - မျက်လုံးနှစ်လုံး တစ်လုံးနှင့် တစ်လုံး အရောင်မတူ။
မျက်ကြောင် - ပုလဲရောင်တွင် အစက် အပြောက်ပါသည်။
ဇင်ရွေး - ဇင်ရွေးသီးအရောင် ( နီကြင်ကြင် အရောင် ) မျက်စိ။ ( ဇင်ရွေးမျက်စိရှိသောကြက်သည် တစ်ဖက်စွန်း ရောက်တတ်သည်။ ကောင်းလျှင် ပြိုင်ဘက်ကင်းအောင် ကောင်းတတ်သလို ညံ့လျှင် ဝိုင်း၌ ထွက်ပြေးလေ့ရာ မနည်းမိအောင် ပြန်ဖမ်းရသည်။ ထို့ကြောင့် " မျက်စိ ဇင်ရွေး ၊ ကောင်းရင် ဘက်မရှိ ၊ ထွက်ပြေး ဖမ်းမမိ " ဟူ၍ နောက်ပြောင်လေ့ ရှိကြသည်။
မျက်ပြဲ - မွေးရာပါ မျက်ခွံ ပြဲနေသော မျက်စိ။ ( ကြက်တိုက်စဉ် မျက်ခွံ ထိခိုက်မိ၍
မျက်ခွံပြဲသွားသောကြက်ကို မဆိုလိုပါ။ ) ကြက်ညံ့ အင်္ဂါ ဖြစ်သည်။
မျက်ခွံပြဲရသည့်အထဲတွင် ခြေထောက် အဝါရောင် ဖြစ်နေပါက ပိုဆိုးသည်။ ရှုံးလွန်း သဖြင့် ချက်သာစားလိုက်ရန် တိုက်တွန်းသည့် အနေဖြင့် " ခြေဝါ မျက်ပြဲ ဆီမနည်းနဲ့ " ဟူ၍ ပင် စာချိုးရှိပါသည်။

မျောက်မျက်ခုံး - မျက်ခုံးရိုးကြီးသော ကြက်။ကြက်ညံ့ အင်္ဂါ ဖြစ်သည်။
=========

၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ နှုတ်သီးတွင်ထူးခြားမှုရှိခဲပါသည်။ ရိုးရိုး ပုံမှန် နှုတ်သီးများသာ များပါသည်။

နှုတ်ပုတ် - နှုတ်သီးတစ်ခုလုံး အနက်ရောင်။

နှုတ်ရေသွားလျောက် - နှုတ်သီးပေါ်၌ အမြှောင်းသုံးမြှောင်း ဖြစ်နေသော နှုတ်သီး။
စာနှုတ် - စာကလေး၏ နှုတ်သီးကဲ့သို့ တို၍ တုတ်ခိုင်သော နှုတ်သီး။
ငှက် - ခြေနှစ်ဖက် ၊ မျက်စိ နှစ်လုံးနှင့် နှုတ်သီး သုံးမျိုးစလုံး နက်လျက် " ငှက်"
ဟုခေါ်ပါသည်။
===========
၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
တိုက်ကြက်များကို အရောင်သတ်မှတ်ရာတွင် ခန္ဓာကိုယ်အောက်ခံ အမွေး နှင့် လည်ဆံမွေး ၊ ခါးဆံမွေး(ခဆံမွေး) တို့အပေါ်တွင် မူတည်၍ အခေါ်အဝေါ် သတ်မှတ်ကြပါသည်။ ခန္ဓာကိုယ်အောက်ခံမွေးနှင့် အခြေခံအရောင်(၆) ရောင်ရှိသည်။ ၎င်းတို့မှာ
(၁) အောက်ခံ အနက်ရောင်
(၂) အောက်ခံ အပြာရောင်
(၃) အောက်ခံ အဖြူရောင်
(၄) အောက်ခံ အဝါနုရောင်
(၅) အောက်ခံ ဘုတ်ငှက်၏အရောင်
(၆) အောက်ခံ ရစ်ငှက်၏အရောင် တို့ ဖြစ်ပါသည်။
တိုက်ကြက်တို့၏ အမွေးအရောင်နှင့် ပတ်သက်သည့် အခေါ်အဝေါ်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
လုံးဖြူ - တစ်ကိုယ်လုံး အမွေးဆွတ်ဆွတ်ဖြူ အရောင်။ အချို့ဒေသများ တွင် " ဖောင်း " ဟုခေါ်သည်။
ဥပန်း - အမွေးဖြူအခံပေါ်တွင် ရင်ဘတ်နှင့် ကိုယ်ပေါ်၌ အနက်ပြောက် အနည်းငယ် ပါရှိသည်။
ဖောင်းဥပန်း - လုံးဖြူကဲ့သို့လည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်မဖြု ၊ ဥပန်းလောက်လည်း အစက်အပြောက်မများ ၊ လုံးဖြူဟုခေါ်၍မရရုံသာ အစက်ပြောက် အနည်းငယ်လေးပါသည်။ " ဥပန်း ယောင်ယောင် ၊ ဖောင်း ယောင်ယောင် အိမ်က မယားပေါင် " ဟုအဆိုရှိသည်။
စင်ရော် - အဖြူခံ အမွေးပေါ်တွင် အနက်စက် ဥပန်းမွေးထက် အနည်းငယ် ပိုများသည်။ (အချို့ ဒေသများတွင် ၎င်းအမွေးကို ဥပန်းကြား (သို့) ဘန်းကြားဟုခေါ်သည်။)
ကြန် - တစ်ကိုယ်လုံး အဖြူခံ အမွေးတွင် တောင်ပံဖုံးမွေး နှင့် ခါးဆံမွေး ၊ ကြံအခွံရောင်ရှိသည်။
ဗဟန်း - အဝါနုရောင် အောက်ခံမွေးပေါ်တွင် အနက်စက်အမွေး အနည်းငယ်ပါသည်။
ကြက်ဝါ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး များအဝါရောင်။
ကြက်ဝါဆီဂျီ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး နှင့် တောင်ပံဖုံးမွေး အဝါရောင်၊ ခါးဆံမွေး ဆီဂျီး(ဆီချေး) အရောင်။
ကြက်နီ - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေးများ အနီရောင်။
ကြက်နီချိတ် - အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး အနီရင့်ရောင်တွင် ငချိတ်ဆန်အရောင် အနည်းငယ်ဖောက်နေသည်။
မဲချိတ် - တစ်ကိုယ်လုံး အမည်းရောင် အောက်ခံမွေးတွင် လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး တို့၌ ငချိတ်ဆန်အရောင် ရှိသည်။
မဲ - တစ်ကိုယ်လုံး တောက်ပြောင်သည့် အမဲရောင် အမွေးရှိသည်။
သိမ်း - တစ်ကိုယ်လုံး တောက်ပြောင်သည့် အမည်းရောင်ရှိသည်။ တစ်ခါတစ်ရံ တောက်ပြောင်သည့် ရွှေပိုးကောင်ကဲ့သို့ အစိမ်းရောင်တောက်နေသည်။
ဗြာ - အပြာရောင် ( မီးဖိုချောင် မှပြာ၏အရောင် ) အချို့ဒေသများတွင် တိုက်ကြက်ကို ဗြာဟုခေါ်ကြသည်။
ဗြာဥပန်း - အပြာရောင် အောက်ခံအမွေးပေါ် အနက်ပြောက် အနည်းငယ်ပါသည်။
ဗြာဝါ - အပြာရောင် အောက်ခံလည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အဝါရောင်။
ဗြာနီ - အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အနီရောင်။
ဗြာနီဆီဂျီး - အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ ဆီချေး(ဆီဂျီး) ရောင်။
ဖောင်း - အနက်ရောင် အောက်ခံမွေးပေါ်တွင် လည်ဆံမွေး ၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး များအဖြူရောင် ( အချို့သောဒေသများ၌ လုံးဖြူကို " ဖောင်း" ဟုလည်းခေါ်ကြသည်။)
ဖောင်းရင်ကွက် - ဖောင်း၏ အမွေးရှိပြီး ရင်ဘတ်တွင် အဖြူကွက်များရှိသည်။
ဗြာဝရောင်း - အပြာရောင် အောက်ခံအမွေးရှိသည်။ လည်ဆံမွေး ၊ တောင်ပံဖုံးမွေး နှင့် ခါးဆံမွေး တို့၏အရောင်မှာ ဝါးဆစ်ဖတ်အရောင်ရှိသည်။
ဗျောက် - အမွေးတိုင်းတွင် အစက်အပြောက်များပါသည်။
မွေးစုံ - ကြက်၏အရောင်မှာ သတ်သတ်မှတ်မှတ် ခေါ်၍ မရအောင် အမွေးရောင်စုံပါသည်။
ရစ် - ရစ်ငှက်၏ အမွေးအရောင်။
ဘုတ် - ဘုတ် ငှက်၏ အမွေးအရောင်။
ဇိမ်း - အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌ စိမ်းဝါဝါရောင် အမွေးများရှိသည်။
မဲဇိမ်း - အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌ စိမ်းဝါဝါရောင် အမွေးများတွင် အနက်ရောင်အနည်းငယ် ဖောက်သည့်အမွေး ဖြစ်သည်။
ရစ်ဝါ - ရစ်၏ အမွေးပါရှိပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများရှိသည်။

ဗြာဖောင်း - အောက်ခံ အမွေးများမှာ မီးခိုးပြာရောင် အမွေးဖြစ်ပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး များတွင် အဖြူရောင်အမွေးများရှိသည်။

ဘုတ်ဝါ - ဘုတ်မွေးအခံရောင်တွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများ အဝါရောင်ရှိသည်။

1/31/10

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ

ဟိုတလောလေးတုန်းက ဆောင်းပါးကောင်း တစ်ပုဒ်ဖတ်ရတယ်။ လူအများ ဖတ်သင့် ၊ သိထားသင့် တဲ့ ရိုးရာဓလေ့ဖြစ်လို့ ဆောင်းပါးရှင် ရဲ့ မူလအာဘော်အတိုင်း " အစ ၊ အဆုံး " ကူးယူဖော်ပြလိုက်ပါတယ်။

ကိုကိုလတ် ( ဆည်မြောင်း ) ရဲ့ ဆောင်းပါး " ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ " ကို အပိုင်း ၃ ပိုင်းခွဲလိုက်ပါတယ်။ ခုအပိုင်း (၁)ကို အရင်ဖတ်ပြီး အသိ သစ်တွေပေးလိုရင်ဖြင့် ကွန်မန့်ရေးထားခဲ့စေချင်ပါတယ်။
===================================

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ
ကိုကိုလတ် ( ဆည်မြောင်း )
သူရဇ္ဇ မဂ္ဂဇင်း
အတွဲ(၁၀) အမှတ် (2)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ
စာမျက်နှာ ၂၂၀ ။

ပုဂံခေတ်ကပင်ရှိခဲ့သော ကြက်တိုက်ခြင်းဓလေ့သည် ယနေ့မြန်မာနိုင်ငံ ၏ လောင်းကစားဥပဒေနှင့် ငြိစွန်းသဖြင့် နိုင်ငံတော်မှ တားမြစ်ထားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးလက်ဒေသအများစုတွင် နှစ်စဉ် စပါးရိတ်သိမ်းပြီးအချိန်များ၌ မြန်မာ့ရိုးရာ ဓလေ့ စစ်စစ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပသော ကြက်ပွဲများမှာ လောင်းကြေးအရ မများသော်လည်း မြန်မာ့တိုက်ကြက်မျိုးရိုး စစ်စစ်များ မတိမ်ကောစေရေးအတွက် ထိန်းသိမ်းသည့် အနေဖြင့် ဝါသနာရှင်များမှ ပြုလုပ်သည့် ကြက်ပွဲများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။

ကြက်ပွဲလာသူအများစုမှာ တောသူတောင်သားများဖြစ်ကြပါသည်။ မြို့သူမြို့သားများအနေဖြင့် ဝါသနာကြီးသူအနည်းငယ်သာ လာတတ်ပါသည်။ ကြက်ပွဲလာ တောသူတောင်သားအများစုသည် စကားကြွယ်သူများဖြစ်ကြသည်။ သူတို့ကြက်ဝိုင်းတွင် သုံးနှုန်းသည့် စကားအခေါ်အဝေါ်များသည် သူတို့ဝန်းကျင်ရှိ မြင်တွေ့မှုများကို အခြေခံ၍ ခိုင်းနှိုင်းခေါ်ဝေါ်ကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဥပမာ -

နားကပ်ပွင့်
ငရုတ်စေ့ကပ်
တမာ
တံခါးပိတ်
စင်ရော်
ကျီးခြေ
သံပတ်
လေးတိုင်စင်
တပင်တိုင်
သိမ်း
ကြန် စသည့် အခေါ်အဝေါ်များကို ကြည့်ပါ။

သာမန်လူတစ်ယောက်အနေဖြင့် သိရန်မလွယ်ကူသော ဝေါဟာရများဖြစ်ပါသည်။ ကြက်ပွဲများသို့ မကြာခဏရောက်ရှိသူများပင် တချို့အခေါ်အဝေါ်များကို ဂ ဃ န ဏ မသိကြပေ။ ၎င်း မြန်မာ့ရိုးရာ စစ်စစ်ဝေါဟာရ (သို့) အခေါ်အဝေါ်များ မှာ မှတ်တမ်းတင်ထားသင့်ပါသည်။ ထိုသို့ မှတ်တမ်းမတင်ပါက ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

ဥပမာ - ပုဂံခေတ်က စတင်သုံးစွဲခဲ့သော " ပယ် " ဆိုသည် လယ်မြေအကျယ် အဝန်းကို ခေါ်ဆိုသော ဝေါဟာရမှ ယခုအခါ လုံးဝ ပျောက်ကွယ်လုပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးနီးပါးသည် လယ်မြေအကျယ်အဝန်းကို ဧကအဖြင့်သာ ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ဧကသည် မြန်မာဝေါဟာရ မဟုတ်ပါ။ အင်္ဂလိပ်ဝေါဟာရ Acre ကို အသံဖလှယ်၍ သုံးထားခြင်းဖြစ်ပါသည်။

" ပယ် " ဆိုသော စကားဖြင့် လယ်မြေအကျယ်အဝန်းအား ပြောဆိုသည်ကို ၁၉၉၂ ခုနှစ်ခန့်က မန္တလေးမြောက်ဘက် တောင်ပြုံးကျေးရွာတွင် ဦးအောင်လှ ဆိုသူ လယ်သမားအဘိုးကြီးတစ်ဦးက သူ့တွင်လယ် (၂) ပယ် ရှိသည်ဟု ရှားရှားပါးပါး ပြောဆိုသုံးစွဲခဲ့သည်ကို တွေ့ကြုံဖူးပါသည်။ ' ပယ် ' ဝေါဟာရကဲ့သို့ အခြားပျောက်ကွယ်သွား သည့် ဝေါဟာရများ ရှိနိုင်ပါသည်။ ထို့ကြောင့်မိမိတို့ လက်လှမ်းမီသမျှ နယ်ပယ်အသီးသီးမှ ဝေါဟာရအမျိုးမျိုးအား မှတ်တမ်းတင်ထားသင့်ပါသည်။

ယခင်က မဂ္ဂဇင်းများတွင် တိုက်ကြက် နှင့် ပတ်သက်၍ ဖော်ပြခဲ့မှုများမှာ ဇာတ်လမ်းဇာတ်ကွက်များ အသားပေး ဖော်ပြမှုများသာ ဖြစ်ကြပါသည်။ ကြက်ဝိုင်းသုံး အခေါ် အဝေါ်များအား သီးသန့်ရေးသားခဲ့သော ဆောင်းပါးများအလွန်ပင် ရှားပါးပါသည်။ ထို့ပြင် ယခုအခါ တိုက်ကြက် နှင့်ပတ်သက်သည့်အကြောင်းအရာများ ရေးသားလေ့ရှိသော ဆရာကြီး ( ဦး ) သော်တာဆွေ နှင့် ဆရာကြီး (ဦး) မြတ်လေးတို့ မရှိကြတော့ သဖြင့်တိုက်ကြက်အကြောင်းရေးသူ နည်းပါးလာပါသည်။

နောင်တွင် မြန်မာ့ရိုးရာ တိုက်ကြက် ဆောင်းပါးနှင့် ဇာတ်လမ်းများ မဂ္ဂဇင်းစာမျက်နှာများတွင် ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ တာဝန်အရ သွားလာရင်း ကျွန်တော် လေ့လာလိုက်စား မှတ်သားထားသည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များကို သုတေသီများလေ့လာနိုင်ရန် ဗဟုသုတ အဖြစ် ဖော်ပြအပ်ပါသည်။

တိုက်ကြက် နှင့် လောင်းကစားခြင်းကိစ္စကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည် တစ်ပိုင်းဖြစ်၍ မြန်မာ့ဝေါဟာရ စစ်စစ်များကို လေ့လာနေသည့် သုတေသီများအတွက် ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်အား လေ့လာမှတ်တမ်းတင်ထားခြင်းသည် နောင်တစ်ချိန်တွင် သမိုင်းမှတ်တိုင် ကျန်ရစ်နေမည် ဖြစ်ပါသည်။

တိုက်ကြက်တစ်ကောင်အား ၎င်း၏ အင်္ဂါအစိတ်ပိုင်းများအလိုက်-

၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ
၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
၅။ ခြေဖတ်ဆိုင်ရာ အခေါ်ဝေါ်များ
၆။ ခြေထောက်ဆိုင်ရာ အခေါ်ဝေါ်များ
၇။ အတက်ဆိုင်ရာ အခေါ်ဝေါ်များ
၈။ အမြီးဆိုင်ရာ အခေါ်ဝေါ်များ
၉။ ကိုယ် ခန္ဓာဆိုင်ရာ အခေါ်ဝေါ်များ
၁၀။ ကြက်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်ဝေါ်များ ဟူ၍မှတ်တမ်းတင်အပ်ပါသည်။

1/9/10

တောအလှူ

လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကပါ။ အကိုလတ် ဖြစ်သူက " တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ " စာတမ်းထဲက စာပိုဒ်တချို့ကို အသံထွက် ဖတ်ပြရာက ဆရာနေဝင်းမြင့်ကို ဒီစာအုပ်နှင့်အတူ သိလာခဲ့တယ်။ ကြိုက်လွန်းလို့ ဒီစာအုပ်ကလေးကို အကိုဆီကတောင်းယူလာခဲ့တယ်။ ဘယ်သွားသွား ဒီစာအုပ်ကို ယူသွားဖြစ်တယ်။ တစ်ကြိမ်မက အခါခါပြန်ဖတ်ပါတယ်။ အခွင့်ကြုံရင် ဆရာ နေဝင်းမြင့် ဆီက တရားဝင် ခွင့်တောင်းပြီး အင်္ဂလိပ်ဘာသာပြန်မယ်လို့ စိတ်ကူးမိဖူးတယ်။ ခုတော့ စိတ်မကူးရဲတော့ပါ။

နေဝင်းမြင့်
တောအလှူ နှင့် လူမှုစီးပွါး ရသအက်ဆေးများ

မာတိကာ
၁။ တာဟန်းဈေး
၂။ ဂင့်ဂဲဈေး
၃။ ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို
၎။ တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ
၅။ တောအလှူ

နေဝင်းမြင့်၏အမှာ
ဤစာအုပ်ပါ ရသဟန် လူမှုစီးပွါးစာတမ်းများသည် ဓနစီးပွါးရေးမဂ္ဂဇင်းတွင်း အခါအားလျှော်စွာ ကျွန်တော်ရေးဖြစ်ခဲ့သည့် စာစုများဖြစ်ပါသည်။ သည်စာအုပ်တွင် ဈေးနှစ်ဈေး ( တာဟန်းဈေးနှင့် ဂင့်ဂဲဈေး )၊ နတ်ပွဲနှစ်ပွဲ( ကူနီထန်းတောရွာ ကိုကြီးကျော်နတ်ပွဲနှင့် ဆမိတ်ခုံနယ် ဦးတင့်တယ်နတ်ပွဲ ) နှင့် တောအလှူ (ကျေးလက်နေတို့၏ သားရှင်ပြု သမီးနားထွင်းလှူပွဲ ) တို့ကို စုစုစည်းစည်း ဖော်ပြထားပါသည်။

တစ်နည်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်နွယ်သောကျေးလက်ရနံ့ပါဝင်သည့် ရသစာတမ်းများဟု ဆိုနိုင်ကောင်းပါသည်။ တောင်းပန်လိုသည့်အချက်မှာ "ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို " စာတမ်းကို ကျွန်တော်၏ မြို့ပြပိုးမွှားများစာအုပ်တွင်ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ၏စာအုပ်ပါ စုစုစည်းစည်းပါစေလိုသည့်ဆန္ဒဖြင့် ကျွန်တော်ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ သည်အတွက် ချမ်းမြေ့ရတနာ စာပေ၏ စုစည်းမှုမဟုတ်ဘဲ ကျွန်တော်၏ စိတ်ကူးဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်တောင်းပန်လိုပါသည်။

ကျွန်တော့်စာတမ်းများကို ဖော်ပြပေးခဲ့သည့် ဓနစီးပွါးရေးမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နှင့် ကျွန်တော်၏ တောအလှူစာတမ်းကို မန္တလေး တက္ကသိုလ် မြန်မာစာဌာန " မြန်မာစာ ပါရဂူအကြိုသင်တန်း" တွင် " နေဝင်းမြင့်၏ တောအလှူစကားပြေရေးဟန်" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းတင်သွင်းကာ ဝေဖန်အကဲဖြတ် ဆွေးနွေးခဲ့ကြသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ အထူးသဖြင့် ဆွေးနွေးခဲ့သည့် ဆရာဦးအောင်နေမျိုးနှင့် မန္တလေး တက္ကသိုလ် မြန်မာစာဌာနက ဆရာ ဆရာမ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

စာအုပ်အဖြစ် ထုတ်ဝေပေးသည့် ဆရာဦးလှပိုင် ( ချမ်းမြေ့ရတနာ စာပေ ) ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

နေဝင်းမြင့်
၂၀၀၃ ခုနှစ်၊ ဇွန်လ
မန္တလေးမြို့။

1/3/10

စိတ်ကြိုက် စာအုပ် အညွန်း

ဘိုးတော် ဗဒုံမင်းလက်ထက် သွင်းလုပ်ခဲ့တဲ့ ဒင်္ဂါးတွေအကြောင်း ရေးပြီးကာမှ ပိုပြီးသေချာတဲ့ အချက်လက်တွေ ရနိုင်ကောင်းပါရဲ့ဆိုပြီး AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာအုပ် ဖတ်ပြီးမှ ပိုစ်အဖြစ်တင်မယ်လို့စိတ်ကူးရတယ်။ စာအုပ်ဖတ်နေတဲ့ အချိန်မှာတော့ Blog ကိုသတိမရတော့ပါ။ ဒီရက်ပိုင်း အားလပ်ရက်တွေပိုများတဲ့အတွက် စာဖတ်ချိန်ပိုရတယ်။

စာရေးသူ ဦးသန်းထွန်း (ဒေးဒရဲ) ဟာ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေအကြောင်း ၂၅ နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ဆိုပါတယ် ။ စာအုပ်ဖြစ်လာဖို့ အချိန်ယူခဲ့တာ ၄ နှစ်ခန့်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က မိတ်ဆွေတချို့ပြောပြချက်အရ စာရေးသူ ဦးသန်းထွန်း(ဒေးဒရဲ) ကို ကွိုင် သန်းထွန်း အဖြစ် လူသိများတယ်လို့ သိရပါတယ်။

သူကိုယ်တိုင် စုဆောင်းထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေဟာ ပြတိုက်တစ်ခု ဖွင့်လို့ရနိုင်တယ်လို့ နိုင်ငံခြားသား တစ်ဦးက ရည်ညွန်းပါတယ်။

အမေရိကန် နိုင်ငံ မီချီကန် ကွိုင်ကလပ် ( Michigan Coin Club ) က ခရစ်ယာန် ဘုန်းတော်ကြီး Neil Sowards, D.D ရဲ့ဆောင်းပါး မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) မှာ အရိပ်မွတ် ဖော်ပြထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးစုဆောင်းသူဟာ ဦးသန်းထွန်းဘဲ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ မြန်မာ ရှေးဟောင်းဒင်္ဂါး သမိုင်းဟာ အခြားနိုင်ငံတွေလို မများ ။ ပျူ ဒင်္ဂါး ၊ မွန် ဒင်္ဂါး၊ ရခိုင် ဒင်္ဂါး တွေရှိမယ်။ ပုဂံခေတ် မှာ ဒင်္ဂါးမသုံး။ ရခိုင် သမိုင်း တလျှောက် မင်းအဆက်ဆက် ဒင်္ဂါးသုံးတာတွေ့ရတယ်။ ဘုရင့်နောင် ခေတ်မှာ ဒင်္ဂါး သုံးသလားဆိုတာ မသေချာ။ ကုန်းဘောင်ခေတ်မှာမှ ဒင်္ဂါးတွေ ပြန်ထုတ်သုံးတယ်။ သို့သော် ဒင်္ဂါး သမိုင်းကို သေချာတပ်အပ်ပြောဖို့ရာ ခိုင်မာတဲ့ သမိုင်း အထောက်ထား လိုနေဆဲပါ။

သန်းထွန်း ( ဒေးဒရဲ ) ရဲ့ AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR သည်
ဒင်္ဂါး သမိုင်း မှာလိုနေတဲ့ အချက်လက် အထောက်ထားတွေ ပေးနိုင်တဲ့ အကောင်းဆုံး သုတေသနပြု စာအုပ်လို့ ပြောချင်ပါတယ်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်တွေမှာ ဒီစာအုပ်ကို PDF ဖိုင်အဖြစ်တင်မယ်။