ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။
သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
5/20/11
အိုးဖုံး ပေါ်ရေးထားတဲ့ တရုတ်စာ
ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။
清皇 顯考劉蛋家公府
ReplyDeleteချင်းမင်းဆက် သွားလေသူဖခင်ကြီး 劉蛋 အုတ်ဂူ လို့ အဓိပ္ပါယ်ရပါတယ်။ ချင်းမင်းဆက် Qing Dynasty က (1644–1912) အထိ နှစ်ပေါင်း ၂၇၀ နီးပါး ရှည်ကြာတော့ ဘယ်နှခုနှစ်လောက်က ဆုံးပါးသွားတယ်ဆိုတာ မှန်းရခက်တယ်ဗျ။
မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အဖုံးလုံအောင်ပိတ်ပါတဲ့း-)
ReplyDeleteအဖုံးလုံအောင်ပိတ်ပါ
ReplyDelete