သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
5/17/11
၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ပုရပိုဒ်
အမေရိကန်နိုင်ငံ Northern Illinois University မှာရှိတဲ့ Southeast Asia Digital Library မှာသိမ်းထားတဲ့ အင်းကွက်တွေပါတဲ့ ပုရပိုဒ်စာဖြစ်ပါတယ်။ ခေါက်ချိုးပေါင်း ၁၃ ချိုးရှိပြီး ခုမြင်နေရတာကတော့ ခေါက်ချိုး နှစ်ခုရဲ့ မျက်နှာပြင်သာဖြစ်ပါတယ်။ ဒီပုရပိုဒ်ရဲ့ သက်တမ်းကိုတွက်ချက်ရာမှာ ၁၈၅၀ ဝန်းကျင်ဖြစ်တယ်လို့ အဖြေရတဲ့အတွက် နှစ်ပေါင်း ၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ရှေးပစ္စည်းဖြစ်နေပါတယ်။ ပုရပိုဒ်ပေါ်မှာရေးထားတဲ့ အင်းကွက်တွေနှင့် စမတွေကို လေ့လာဖို့လိုပါသေးတယ်။ ၁၈၅၀ ဝန်းကျင်လို့ပြောထားပေမယ့် ရေးထားတဲ့ စာလုံးအသုံးနှုန်း၊ အရစ်အဆွဲ နှင့် မင်နီရောင်သုံးထားတာက သတိထားချင်စရာဖြစ်နေတယ်။ ကျနော့အထင် ၁၉၅၀ ဆိုရင်တော့ ဖြစ်နိုင်ကောင်းတယ်။ ခုလောလောဆယ်တော့ ဘာမှမပြောလိုသေးပါ။
Subject - Parabaik
Materials - Paper
Place of Origin - Burma
Current Location - Northern Illinois University Libraries, Special Collections
Date - 1850
Measurements - 17 x 46 cm
Technique - Manuscript
အက်ဒမင်းအနေနဲ့ ဟားဗဟ် အင်္ဂလိပ်-ပါဋိ သဒ္ဒါ ၊ပြင်သစ်-ပါဋိသဒ္ဒါစာနှင့် ပြင်သစ်-ပါဋိ အဘိဓာန်ဒေါင့်လုပ်ချတဲ့လင့်တွေပျက်နေပါတယ် ပြန်လည်တင်ပေးစေချင်ပါတယ် အခုလို ဒီမှာရေးလိုက်တာ မှားသွားတယ်ဆိုရင်းတောင်ပန်းပါတယ် ကျွန်တော် ဘယ်မှာတောင်းဆိုရမှန်းမသိလိုပါလိုဗျာ....
ReplyDeleteဟုတ်ကဲ့ခင်ဗျာ
ReplyDeleteပြန်စီစစ်ပြီး ပြန်တင်ပေးပါ့မယ်။ တစ်ရက်စောင့်ပါ။
Blog ရဲ့နောက်ခံအရောင်နဲ့ စာသာအရောင်များရောထွေးနေပါသဖြင် ရှာဖွေးရခက်ပါသည်ပြုပြင်ပေးစေလိုပါတယ်
ReplyDelete