သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
2/17/09
၁၂ ရာစု ပုဂံ စဥ့်ထည် ကျောတ်ပြား
အမျိုးအစား - စဥ့်ထည် ကျောတ်ပြား
အချိန်ကာလ - ၁၂ ရာစု ( ပုဂံ )
ပြုလုပ်ပုံနည်းပညာ : ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၂၆.၅ စင်တီမီတာ ၊ ထု(အထူ) ၃.၅ စင်တိမီတာ ၊အကျယ် ၂၆.၅ စင်တီမီတာ၊
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS.127-1999
ဒီအစိမ်းရောင် စဥ့်ထည်ကျောတ်ပြား ဟာ ၁၂ ရာစုမှပြစ်ပြီး ယနေ့မြန်မာလို့ခေါ်တဲ့ ဘားမားကပါ။ နံရံ ဒါမှမဟုတ် ကြမ်းခင်းအဖြစ် အသုံးပြုတာမျိုးပါ။ ဖြစ်နိုင်ခြေရှိတာက စေတီ ရဲ့အောက်ခြေရှိ နံရံမှာ အလှဆင်ကျောတ်ပြား အဖြစ်အသုံးပြုတာမျိုးပါ။ ဒီလိုအလှဆင်ကျောတ်ပြားတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝဟောင်းဖြစ်စဉ်တွေဖြစ်တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖော်ပြတာပါ။
Alex Biancardi ကပြတိုက်ကိုလှူဒါန်း ခဲ့တာပါ။
-----------------------------------------------
စဥ့်ရည်သုတ်လိမ်းတဲ့ သဲအုတ်ဇာတ်တော် တွေ့နိုင်တဲ့နေရာတွေကတော့
ရွှေစည်းခုံ- ၁၁ ရာစုနှစ်
အာနန္ဒာ- ၁၁ ရာစုနှစ်
စူဋ္ဌာမုနိ - ၁၂ ရာစုနှစ်
စိုးမင်းကြီးစေတီ - ၁၃ ရာစုနှစ်
ထီးလိုမင်းလို- ၁၃ ရာစုနှစ်
ဓမ္မရာဇက- ၁၃ ရာစုနှစ်
မင်္ဂလာစေတီ - ၁၃ ရာစုနှစ်
မာန်အောင်စေတီ- ၁၃ ရာစုနှစ်
၁၈၉၁ ခုနှစ်လောက်က ဂျာမန်အမျိုးသား ဘူမိဗေဒပညာရှင် Dr. Fritz Von Noetling ခိုးယူစဉ်က စဥ့်ထည် ကျောတ်ပြား ၅၀၀ ခန့်ပါသွားနိုင်ပါတယ်။ အခုမြင်နေရတဲ့ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်က စဥ့်ထည် ကျောတ်ပြားဟာ အဲဒိအခိုးခံရတဲ့ အထဲက တစ်ခုဖြစ်နိုင်ပါတယ်။
ဖတ်သွားပါတယ်.. နည်းနည်းချင်းလာလေ့လာရမယ်။
ReplyDeleteဖတ်ပြီးတဲ့နောက် လေးစားစါတ်ဖြစ်ပေါ်ပါတယ်။တချို့ ကိုကူးယူခွင့်ပြုပါ။
ReplyDeleteလေးစာစွာဖြင့်
ခင်မိုးညို
ပုဂံသည် မြန်မာတို့ရဲ့ ၀ိညဉ်ဖြစ်သလို ကမ္ဘာ့မြေပေါ်မှာ လွမ်းမောဖွယ် ကြည်နူးဖွယ် တမ်းတဖွယ်စတဲ့နူးညံ့
ReplyDeleteတဲ့ရသမှန်သမျှပေါင်းစပ်နေတဲ့နေရာဖြစ်ပါတယ်။
ပုဂံရောက်ရင် မြန်မာ့သတ္တိစိတ်တွေ စီးနင်းဝင်ရောက်ပါတယ်။
မြန်မာကိုချစ်ပြီးပုဂံကိုမြတ်နိုးတဲ့
ခင်မိုးညို