မန်းလေး တက္ကသိုလ် အနုပညာပြတိုက်မှာ စာတမ်းရေးထိုးပြီးထားတဲ့ သံအမြောက်တစ်ခုရှိတယ်တဲ့
သံအမြောက်ပေါ်မှာရေးထားတဲ့ စာက
၁။      သကရာဇ် ၁၁၄၅ခု နယုန်လ ( မေ၊ ၁၇၈၃)
          အမရပူရရွှေပြည်ကြီး
၂။      ချောပြီပွတ်တင် သံစင်ချိန်ဝန် ၁၂၈
          သပြာကျပ်ပေါင် ၁၂၈၀၀(၀၀)
၃။      ပြကတေ အရည်ကကျို၍ မင်အဆက်ဆက် တရံတစ်ဆစ် မဖြစ် 
၎။      ပူမြဲသမ အမြောက်ကြီး သွန်းလုပ်ထားသည်ကား
         သကရာဇ် ၁၁၆၃ ခု
၅။      ပြာသိုလရတုပေါ မဆရာစန္ဒရုဟသ
          ၂၉ အံသာနံနက် ၄ချက်တိ
၆။      ကျော် ၆နာရီ (၁၊၁၊၁၈၀၂) တွင် ၂၀၆ဖို ကျိုချက်စေ၍ 
          တပဟိုကျော် ၃ နာရီ ၃
၇။     ပတ်တွင် ပန်ပဲသမား ၁၆ယောက် သွန်ရစေ၏
        တနာရီနှင့် ၂ ပတ်
၈။    သော်ဆင်ဖြူမျာ သိခင်လ္နက်စကြာသိခင် ဘဝရှင်မင်တြာ၏
        ရွှေဖုန်
၉။   တော်ကြောင့် နတ်မျာသောင်သာ စောင်မလှာ၍
       အနာအဆာအပေါက်
၁၀။ အပြဲမဟိ ရည်တော်မူတိုင်း ဩခြင်သို့ ရောက်စေရသတည်
 '  ဒေါက်တာသန်းထွန်း ၊နယ်လှည့်ရာဇဝင် ပ-ဒု-တ ပေါင်း၊ စာမျက်နှာ ၇၅-၇၆ '  ပါ မူရင်းစာအတိုင်း ကူးယူဖော်ပြပါတယ်။
အမြောက်ပေါ်က  မူရင်းအရေးသား နဲ့  မြန်မာမင်းအဆက်ဆက်မှာ ပထဆုံးအမြောက်လို့ကြွားထားတဲ့အတွက် ပုံနဲ့ စာကိုမြင်ဖူးချင်ပါတယ်။ အဆင်ပြေတဲ့လူများ ဓာတ်ပုံရိုက်ပြီး ဝေမျှပေးကြပါ။ မူရင်းအရေးသားကို တွေ့ပြီးတဲ့အခါမှသာ စာတစ်ပိုဒ်အဖြစ်ရေးလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
စာအုပ်လေး တစ်အုပ်ပါ။ ဖတ်ပြီးသား ဖြစ်မှာပါ။ မနေနိုင်လို့ ညွှန်းပါရစေ။ ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာစာအုပ်များ၊ မောင်ဇေယျာ။ ပျူ၊ ပါဠိ၊ ရှေးဟောင်းစာပေနှံစပ်သူ မြန်မာပုဂ္ဂိုလ်ကျော်များ အကြောင်းပါ။ ခင်မင်စွာဖြင့်...
ReplyDeleteဟုတ်ကဲ့ ကိုစောသက်လင်း
ReplyDeleteခုလို အသုံးဝင်တဲ့ အချက်လက်တွေပေးခဲ့တာမျိုးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။